ဒီနည်းလမ်းတွေဟာ ငွေကုန်ကြေးကျ တစ်ပြားမျှ ကုန်စရာမလိုဘဲ ရှေးဟောင်းမဆွ ကတည်းက သုံးစွဲလာခဲ့တဲ့ သဘာဝနည်းလမ်းအတိုင်း ပဋိသန္ဓေတားနည်းတွေပဲဖြစ်ပါတယ်။

ပြက္ခဒိန်ရက်ရှောင်နည်း

ပဋိသန္ဓေကိုယ်ဝန်ဆောင်ဖို့ မမျိုးသားဥနှင့် ဖိုသုက်ပိုးတို့ ထိတွေ့ပေါင်းစပ် သန္ဓေအောင်ဖို့ လိုအပ်ရာ၊ အမျိုးသမီးတစ်ဦး၏ မမျိုးသားဥ ေြွကချိန်တစ်ဝိုက်၌ လိင်မှုကိစ္စရှောင်ကြဉ်ခြင်းဖြင့် ကိုယ်ဝန်မရစေတဲ့ အလွန်ရိုးစင်းသောနည်းလမ်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ မမျိုးသားဥဟာ ရာသီစပေါ်တဲ့နေ့မှ (၁၄)ရက်မြောက်နေ့မှာ ေြွကကျတတ်တာဖြစ်တာကြောင့် မိမိရဲ့မမျိုးဥေြွကချိန်ကို ရာသီစက်ဝန်းပြက္ခဒိန်နဲ့ တွက်ချက်နိုင်သလို၊ မမျိုးသားဥေြွကချိန်၌ ခန္ဓာကိုယ်အပူချိန်ဟာ အနည်းငယ်မြင့်တက်နေ တတ်တာမို့ ခန္ဓာကိုယ်အပူချိန်တိုင်းတာပြီးတော့သော်လည်းကောင်း၊ ဒါမှမဟုတ် အခုနောက်ဆုံး ခေတ်မီသားဥေြွကမေြွကကို စမ်းသပ်စေနိုင်တဲ့ (ကိုယ်ဝန်ရှိ မရှိစမ်းသပ်နိုင်သော စက္ကူချပ်ပြားငယ်ကဲ့သို့သော) စက္ကူချပ်ပြားငယ်တွေနဲ့သော်လည်းကောင်း စမ်းသပ်သိရှိနိုင်ပါတယ်။ မမျိုးသားဥေြွကချိန်မှာ လိင်မှုကိစ္စတွေကနေ ဝေးဝေးနေရင်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ သို့သော်လည်း ဒီနည်းလမ်းရဲ့ပြဿနာက မမျိုးသားဥေြွကချိန်ကို တိတိကျကျခန့်မှန်းရခက်တာကြောင့် မအောင်မြင်မှုနှုန်း မြင့်မားပါတယ်။

သုက်ရည်ကို ပြင်ပ၌ ထုတ်ခြင်း

ဒီနည်းဟာ ဟိုးရှေးပဝေသဏီကာလကတည်းက သုံးစွဲလာတဲ့နည်းပဲ ဖြစ်ပါတယ်။ သန္ဓေအောင်ဖို့ လိုအပ်တဲ့ သုက်ပိုးတွေကို အမျိုးသမီး သားအိမ်ထဲ ရောက်မသွားအောင်လို့ လိင်ကိစ္စကို မအင်္ဂါပြင်ပ၌ပြီးမြောက်စေတဲ့နည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း ရက်ရှောင်နည်းလိုပဲ မအောင်မြင်မှုနှုန်း မြင့်မားတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖိုသုက်ပိုးတွေဟာ လိင်ကိစ္စပြီးမြောက်မှ လွှတ်ထုတ်လိုက်တဲ့ သုက်ရည်တွေမှာချည်းပါတာမဟုတ်ဘဲ၊ လိင်ကိစ္စ ဆောင်ရွက်နေစဉ် ထွက်ရှိတဲ့ချောဆီတွေမှာလည်း ပါဝင်နေတတ်တာမို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းဟာ အမျိုးသားတွေအပေါ် အများကြီးမူတည်နေပါတယ်။ လိင်မှုကိစ္စအထွတ်အထိပ်ရောက်တဲ့အခါ လိင်တံကိုအချိန်မီ မ အင်္ဂါထဲမှ ဆွဲထုတ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့်ဒီနည်းလမ်းဟာ ငွေကုန်ကြေးကျတစ်ပြားမှမကုန်ပေမယ့် နံပါတ်(၁) ရွေးချယ်စရာ နည်းလမ်း ကောင်းတစ်ခုတော့ မဟုတ်ပါ။

ယောကျ်ားသုံးကွန်ဒုံး

ရာဘာ (သို့) ပလတ်စတစ်နှင့် ပြုလုပ်ထားသော ကွန်ဒုံးကို လိင်မဆက်ဆံမီ တင်းတောင့်နေသော လိင်တံ၌စွပ်၍ ကာကွယ်သောနည်း ဖြစ်ပါတယ်။ ကွန်ဒုံးအသုံးပြုပြီး လိင် ဆက်ဆံရာတွင် ချောမွေ့စေရန် ချောဆီအဖြစ် ရေအခြေခံ ချောဆီ (Water Base Lubricant) ကိုသာ အသုံးပြုသင့်ပါတယ်။ အဆီ၊ အမဲဆီ စသည်တို့ကို အသုံးမပြုရပါ။ ကွန်ဒုံး အသုံးပြုနည်းစနစ် မှန်ရန်လည်း လိုပါတယ်။ လိင်တံထိပ်၌ လေမခိုစေရန် အထူးဂရုပြုရမှာဖြစ်ပါ တယ်။ ကွန်ဒုံးဟာ လိင်တံထိပ်၌ လေခိုခဲ့ရင် လိင်ဆက်ဆံရာ၌ ပေါက်ပြဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ကွန်ဒုံးဟာ ပဋိသန္ဓေ တားပေးရုံသာမက လိင် ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သော ကြောက်မက်ဖွယ် HIV လိုရောဂါဆိုး အပါအဝင် ကာလသားရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံရေး အကာအကွယ် ကိရိယာ တစ်ခုဖြစ်ပါတယ်။

အမျိုးသမီးသုံးကွန်ဒုံး


အမျိုးသမီးသုံး ကွန်ဒုံးဟာလည်း ယောကျာ်းသုံး ကွန်ဒုံးလိုပင် အလွန်ထိရောက်တဲ့ အကာအကွယ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးသည် အမျိုးသမီး အင်္ဂါဇာတ် အတွင်းနံရံများကို ဖုံး အုပ် ကာကွယ်ပေးထားနိုင်ပါတယ်။ အမျိုးသမီး ကွန်ဒုံး၌ ကွင်း(၂)ကွင်း ပါရှိရာ အတွင်းကွင်းသည် ယောနိလမ်းကြောင်းအတွင်း သားအိမ် ခေါင်းဝ၌ ဖုံးအုပ်ထားပြီး အပြင်ကွင်းသည် မိန်းမကိုယ်အဝ၌ရှိကာ လိင်တံဝင်ရောက်လာနိုင်သည့်ကွင်း ဖြစ်ပါတယ်။
အမျိုးသမီးကွန်ဒုံး အသုံးပြုရာ၌လည်း ယောကျာ်းကွန်ဒုံးလိုပင် နည်းစနစ်မှန်ကန်စွာသုံးစွဲဖို့ လိုပါတယ်။

သားအိမ်ခေါင်းဝအစွပ် (Diaphragm and Cervical Cap)


သားအိမ်ခေါင်းဝ အစွပ်ကို ရာဘာနှင့် ပြုလုပ်ထားပြီး အနား၌ သတ္တုစပရင်ကွင်း တပ် ဆင်ထားခြင်း ဖြစ်ပါတယ်။ အဆို ပါစပရင်ကွင်းဖြင့် သားအိမ်ခေါင်းအဝ၌ ဖုံးစွပ်ကာကွယ်ထားခြင်းဖြစ်ပါတယ်။သားအိမ်ခေါင်းဝအစွပ်အား သုက်ပိုးသေစေသော ဓာတုပစ္စည်း (Spermicidal Agent)နှင့် တွဲဖက် အသုံးပြုရန်ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးနောက် ချက်ချင်းမချွတ်ပစ်ဘဲ အနည်းဆုံး (၆)နာရီကြာသည်အထိ မိန်းမကိုယ်ထဲ၌ ဆက်လက်ထားရှိရ မည် ဖြစ်ပါတယ်။

ဟော်မုန်းများဖြင့် ပဋိသန္ဓေတားခြင်း


မဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းတို့ဟာ အမျိုးသမီးတွေရဲ့ သားဥေြွကမှုကို တားဆီး ပေးနိုင်တဲ့အတွက် လက်တွေ့ကျကျအသုံးဝင်တဲ့ ပဋိသန္ဓေ တားနည်းတစ်ခု ဖြစ်ပါတယ်။ နည်းစနစ်မှန်မှန်၊ အချိန်မှန်မှန်သုံးစွဲပါက ရာနှုန်းပြည့်နီးပါး စိတ်ချရတာ ဖြစ်ပါတယ်။ ဟော်မုန်းတားဆေးတွေဟာ ပဋိသန္ဓေ ကိုယ်ဝန်မရအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်း၊ စွမ်းရည်အနေနဲ့(၃)မျိုးရှိပါတယ်။ အဓိကစွမ်းရည်ကတော့ မမျိုးဥေြွကတာ (Ovulation) ကို ကာကွယ်တားဆီး ပေးခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က သန္ဓေမျိုးအောင်ဖို့ လိုအပ်တဲ့ ဖိုသုက်ပိုးတွေ သားအိမ်အတွင်း အလွယ်တကူထိုးဖောက်ဝင်ရောက် မလာနိုင်စေဖို့ သားအိမ်ခေါင်းဝမှာပိတ်ဆို့ထားတဲ့ သားအိမ်ခေါင်းဝအချွဲ (Cervical Mucus)ကို ထူထဲ ပျစ်ခဲစေပြီး ပိတ်ဆို့ထားပါတယ်။ ဒါတင်မကသေး၊ အကယ်၍ ကံအကြောင်း မကောင်းစွာဖြင့် မမျိုးဥကလည်းေြွက၊ ဖိုသုက်ပိုးကလည်း သားအိမ်ထဲကိုရောက် နှစ်ဦးသား တွေ့၊ မျိုးအောင်ပေမယ့် မျိုးအောင်ပြီး သန္ဓေသား လောင်းဥကို လက်ခံတွဲချိတ်ပေးရမည့် သားအိမ်နံရံတွေ ကို သားလောင်းဥတွဲမချိတ်နိုင်ဖို့ ပါးလွှာအောင်လုပ်ထား ခြင်းဖြင့် ကိုယ်ဝန်ကိုမမြဲစေပါဘူး။ ဒီစွမ်းရည်တွေနဲ့ ပဋိသန္ဓေကိုယ်ဝန်မရအောင် တားဆီးပေးထားတာ ဖြစ် ပါတယ်။

မှားမိလို့စိတ်ပူသွားတဲ့သူတွေအတွက်

အခြေအနေအရ ဘာအကာအကွယ်မျှမရယူလိုက်ရဘဲ စိတ်အလိုကိုလိုက်ပြီး လိင်ဆက်ဆံပြီးမှ ပဋိသန္ဓေကိုယ်ဝန်ရသွားမှာ အလွန်စိုးရိမ်နေကြသူတွေအတွက် ပဋိသန္ဓေ ကိုယ်ဝန်တားနည်း(၂)နည်းရှိပါသေးတယ်။ ဒါပေမယ့် အဲဒီနည်းတွေကို လိင်ဆက်ဆံမှု ပြီးပြီးချင်း (၁)ရက်မှ (၅)ရက်အတွင်း လုပ်ရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီနည်းတွေကို သမားရိုးကျနည်းတွေအဖြစ် အမြဲတမ်း အသုံးမပြုရပါဘူး။ အဲဒီနည်းတွေကတော့-

ဟော်မုန်းဆေးအသုံးပြုခြင်း


The morning after pills လို့ခေါ်တဲ့ မçဟော်မုန်း (၂)မျိုးစလုံး ပမာဏအများကြီးပါတဲ့ Combined pills ကို အချိန်တိုအတွင်း ဟော်မုန်းပမာဏများများရစေဖို့ အသုံးပြုတဲ့ နည်းပဲဖြစ်ပါတယ်။

သားအိမ်ထဲသို့ ပစ္စည်းထည့်သွင်းခြင်း


ဒီနည်းဟာ ဟော်မုန်းပမာဏများများသုံးစွဲရန် မသင့်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။ ကြေးနီ(ကော့ပါး)ပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်း (Intra Utrine Device-IUD) ကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၅)ရက် အတွင်း သားအိမ်ထဲထည့်ပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မှုကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။