ပဋိဇီဝဆေးဝါးများအား တစ် ပတ်၊ ရှစ်ရက် သို့မဟုတ် ၎င်းထက် လျော့နည်းပြီးပေးတာဟာ အရေ ပြားရောဂါကုသရာတွင်လည်းကောင်း၊ နူးညံ့သော တစ်သျှူးများတွင် ကူး စက်ပိုးဝင်ရောက်ခံရာတွင်လည်း ကောင်း၊အမျိုးသားဆီးလမ်းကြောင်း ဆိုင်ရာ ကူးစက်ပိုးဝင်ရောက်ခံရတဲ့ ရောဂါများတွင်လည်းကောင်း လေ့လာစောင့်ကြည့်ခဲ့ရာ ကုသမှု မအောင်မြင်မှုတွေ ပို၍ များပြားလာကြောင်း တွေ့လာရပါသတဲ့။ ဒါကြောင့် ပဋိဇီဝဆေးဝါးပေးပြီး ကုသမှုမှာ ဘယ်လောက်ကြာကြာ ပေးသင့်လဲဆိုတဲ့ ပြဿနာရှိလာပါ တယ်။ ဒါ့အပြင် ပဋိဇီဝဆေးဝါးတိုင်းမှာ ဘေးထွက်ဆိုးကျိုးကိုယ်စီ ရှိကြောင်း သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိဇီဝဆေး တစ်မျိုးကို မကြာခဏ သုံးမယ်။ တစ် ချက်ခုတ်နှစ် ချက်သုံးချက် ပြတ် အောင် လည်း သုံးချင် တဲ့အခါ ဆေး တစ်မျိုးကိုပဲ ပေါ်ပေါ်လွင်လွင် ခဏခဏ သုံးလိုက်တဲ့အတွက် ထို ဆေးဟာ အန္တရာယ်ပေးသော ကူး စက်ပိုးများအတွက် မျိုးစိတ်တွေ ပြောင်းလဲကာ ခံနိုင်ရည်တွေ တက် လာအောင် လုပ်ပေးကြတာကိုလည်း တွေ့လာရပါတယ်။ သို့ရာ တွင် လူနာ၏ တိုးတက်ကောင်းမွန် မှုအပေါ် ကြည့်ပြီး ဆရာဝန်များက ဘယ်လောက်ကြာကြာပေးသင့်လဲ ဆိုတာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အဓိက ကတော့ လူနာများ ဟာ ဆရာဝန်က Follow-up ပြန်ခေါ်ပြီး ချိန်းတဲ့အခါမှန်မှန်သွား ပြပြီး မိမိကူးစက်ရောဂါတုံ့ပြန်မှု ကောင်း၊ မကောင်းကို တိုင်ပင်ကုသ ကြဖို့ တိုက်တွန်းထားပါတယ်။

 

မေ
Ref : NEJM