ပဉ္စလက်ထိုင်ခုံရှည် သို့မဟုတ် မှော်ဝင်ထားသော ထိုင်ခုံရှည် (Magic Bench) ဟူသော အမည် ဖြင့် အီလက်ထရောနစ်ပစ္စည်း ကိရိယာအသစ်တစ်ခုကို ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီကြီး ဝေါ့ဒစ် စနေက တီထွင်လိုက်ပါတယ်။ ဒီ ပဉ္စလက်ထိုင်ခုံရှည်က အဲဒီပေါ်မှာ ထိုင်လိုက်ရင် အထူးစပါယ်ရှယ် မျက်မှန်တွေ၊ နားကြပ်တွေ တပ်ဆင်စရာမလိုဘဲ ၃ီ ရုပ်ပုံများကို ထိတွေ့ခံစားနိုင်မှာဖြစ်ပါတယ်။
ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးထားသည့်အတွက် ထိုင်ခုံပေါ်မှာထိုင်တဲ့ ပွဲ ကြည့်ပရိသတ်ဟာ လူသားများကဲ့သို့ စကားပြောနိုင်၊ လှုပ်ရှားနိုင် ပြုံးနိုင်၊ ရယ်နိုင်သော တိရစ္ဆာန် ကာတွန်းရုပ်လေးတွေကို မြင်တွေ့ ကြရမှာဖြစ်ပြီး သူတို့နဲ့လည်း အမှန် တကယ်ထိတွေ့နေသလို ခံစားရမှာ ဖြစ်ပါတယ်။ ပဉ္စလက်ထိုင်ခုံရဲ့ ရှေ့မှာ ချထားသော မှန်သားပြင်ထဲမှာ အဲဒီလှုပ်ရှားမှုတွေကို ပွဲကြည့် ပရိသတ်က လိုက်ကာဖွင့်စရာမလို ဘဲမြင်တွေ့နိုင်ကြမှာလည်းဖြစ်တယ်။
ပွဲကြည့်ပရိသတ်နှင့် ထိုင်ခုံ ပေါ်ကလူတွေကို လှည့်စားထားခြင်း (illusion) က ဘာလဲ။ ကင် မရာတစ်လုံးက အာရုံခံပစ္စည်းများ ပါဝင်ပြီး ပုံရိပ်များကို ရိုက်ကူးထား တယ်။ ပြီးတော့ စုစည်းပြီး အရာ ဝတ္ထုပစ္စည်းများရဲ့ ပုံသဏ္ဌာန်၊ သတင်းအချက်အလက်တွေကို အသေးစိတ်ဖော်ပြထားတယ်။ ထိုင်ခုံရှည်နှင့် အဲဒီပေါ်မှာ ထိုင် နေတဲ့ လူက ၃ီ အန်နီမေးရှင်း တွေကို စုပေါင်းစီစဉ်ပြီး လက်တွေ့ အရုပ်တွေထဲ ရောက်သလို ခံစား ရအောင် ဖန်တီးထားခြင်းဖြစ် တယ်။ ထိုင်ခုံရှည်ထဲမှာ အာရုံခံစား လွယ်သော ျနညျသမ တွေ တပ်ဆင် ထားတဲ့အတွက် ကာတွန်းဇာတ်ရုပ် တွေက လှုပ်ရှားပြုမူတဲ့အခါ လှုပ် ရှားမှုတွေ၊ တုန်ခါမှုတွေကို ခံစား ပြီး ထိုင်နေတဲ့ လူကိုပါ ရရှိစေမှာ ဖြစ်တယ်။ နမူနာအားဖြင့် ကာ တွန်းအရုပ်က လှုပ်ရှားလိုက်လို့ တုန်ခါမှုဖြစ်သွားရင် အဲဒီတုန်ခါမှု ခံစားချက်ကို ထိုင်ခုံရှည်မှာထိုင်နေ တဲ့သူလည်းတွေ့ရှိခံစားရမှာဖြစ်တယ်။ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့သူဟာ တကယ့်လောကကြီးထဲ ရောက် သွားသလို ခံစားရမှာ ဖြစ်တယ်။
နေရာတစ်ခုတည်းကို ဇာတ် ကောင်တစ်ခုဝင်ရောက်လာပြီး ထိုင်ခုံပေါ်ရှိ သင့်နံဘေးကို လာ ထိုင်ရင် တကယ့်လောက အစစ် အမှန်ကို ရောက်ရှိသွားသလိုခံစား ရအောင် ဖန်တီးဖို့အတွက် အထူး ပြုလုပ်ထားသော Optical Devices တွေ ဆက်သွယ်ရေးဆိုင် ရာနည်းပညာတွေကို အသုံးပြုထား ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အကန့် အသတ်ရှိနေသေးတာကတော့ အဲဒီလိုလှည့်စားပြီး အမှန်တကယ်လို့ ထင်ရတဲ့ခံစားမှုက ရိပ်ကနဲ ခဏတစ်ဖြုတ်သာလျှင် ခံစားရတာ ဖြစ်ပြီး အရင်တုန်းကတော့ အသုံး ပြုသူတစ်ဦးတည်းသာလျှင် ခံစား ရတာဖြစ်တယ်။ ယခုတီထွင်လိုက်တဲ့ ပဉ္စလက်ထိုင်ခုံရှည်ကတော့ ထိုင်ခုံရှည်ပေါ်မှာ ထိုင်တဲ့သူအား လုံးကို တစ်ခုတည်းသော ပတ်ဝန်း ကျင်ထဲမှာ စုစည်းရောက်ရှိစေပြီး လှည့်စားထားသော အစစ်အမှန် အတွေ့အကြုံတွေကို တစ်ပြိုင်နက် တည်းမှာ အားလုံးရှုမြင်တွေ့ထိ ခံစားရစေပါတယ်။
ပဉ္စလက်ထိုင်ခုံပေါ်မှာ ထိုင်နေလျှင် တကယ့်အစစ်အမှန်လို အတွေ့အကြုံတွေ တွေ့ထိခံစားရအောင် ခလုတ်နှိပ်ပေးလိုက်သလို ဖြစ်သွားတယ်။ သူထိုင်လိုက်တာနဲ့ ကာတွန်းဇာတ်ကောင်အရုပ်တစ်ခု က မြင်ကွင်းထဲကို ဝင်ရောက်လာ မှာဖြစ်တယ်။ မြည်းကာတွန်းရုပ် လေးတစ်ခုက မြင်ကွင်းထဲကို ဝင် ရောက်လာပြီး ထိုင်ခုံကို သူ့ခြေ ထောက်နဲ့ ကန်လိုက်မယ်ဆိုရင် ထိုင်ခုံက တုန်ခါသွားလိမ့်မယ်။ ကန်လိုက်တဲ့အသံက စူးရှစွာ ထွက် ပေါ်လာပြီး အမှန်တကယ်ကို တုန် ခါသွားသကဲ့သို့ ထိုင်နေတဲ့သူက ခံစားရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ထိုင်နေတဲ့သူက လန့်ပြီး တော့တောင် ခုန်လိုက်လိမ့်မယ်လို့ ဆိုပါတယ်။
နောက်ရှုခင်းပြကွက်တစ်ခုကို ဖော်ပြရလျှင် ပဉ္စလက်ထိုင်ခုံရှည် ပေါ်မှာ လူ ၂ယောက် အတူထိုင်နေကြတယ်။ အဲဒီလိုထိုင်နေတုန်း ကာတွန်းရုပ်ယုန်ကလေးတစ် ကောင်က သူတို့နှစ်ယောက် ဘေး မှာ ခုန်ဝင်လာပြီး ထိုင်လိုက်မယ်၊ ပြီးတော့ ထိုင်ခုံပေါ်ကနေ မြေကြီး ပေါ် ခုန်ဆင်းလိုက်၊ ပြီးတော့ ပြန် တက်လိုက်နဲ့ လုပ်နေတဲ့ အတွေ့ အကြုံမြင်ကွင်းကိုလည်း အမှန် တကယ် ဖြစ်နေသည့်အတိုင်း တွေ့ မြင်ခံစားကြရမှာ ဖြစ်ပါတယ်။
တကယ်လို့ ပဉ္စလက်ထိုင်ခုံ ပေါ်မှာထိုင်နေတဲ့သူက ကာတွန်း ရုပ်ယုန်ကလေးဘက်ကို လက်နဲ့ ထိမလို လုပ်လိုက်မယ်ဆိုရင် ယုန် ကလေးရဲ့ ဦးခေါင်းက လှုပ်သွား သလိုမျိုး မြင်တွေ့ရမှာဖြစ်တယ်။
ဒီဖန်တီးမှုအတွက် ရောင်စုံကင်မရာတွေ အသုံးပြုပြီး အတိမ် အနက်နှင့် အရောင်ကို ထိတွေ့ ခံစားနိုင်သော Sensor တွေကို လည်း သုံးပြီး ပုံရိပ်များကို ဖမ်းယူ ထားတာဖြစ်တယ်။ တကယ်တော့ 3D နေရာတွေကို ထိုင်ခုံရှည်ပေါ်မှာ တည်ဆောက်လိုက်ခြင်းဖြစ်ပြီး
ထိုင်ခုံရဲ့ ရှေ့နှင့် နောက်ခံ ဘက် ဂရောင်းကြားမှာ 3D ပတ်ဝန်း ကျင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဝေါ့ဒ်ဒစ်စနေရဲ့ အင်ဂျင်နီယာများက အတိမ်အနက်ကို လှည့်စား နိုင်သော ပုံရိပ်များ (Depth Shadows) ဖန်တီးပေးခြင်းဖြစ်ပါတယ်။ ပဉ္စလက်ထိုင်ခုံနှင့် ဖန်သား မျက်နှာပြင် Stage ပေါ်မှာ အခြားသော လူသားကဲ့သို့ ဖန်တီးထားသော ကာတွန်းဇာတ်ဆောင်များ အမျိုးမျိုး ဥပမာ ဆင်၊ သစ်ကုလား အုတ် စသည်တို့ကိုလည်း ဖန်တီး နိုင်မှာ ဖြစ်ပါတယ်။
ဒစ်စနေမှ သုတေသနလုပ်နေတဲ့ နည်းပညာရှင်များက Magic Bench ပဉ္စလက်ထိုင်ခုံရှည် ကို ၂၀၁၇ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု လော့ အိန်ဂျလိစ်မှာ ကျင်းပပြုလုပ်ခဲ့သော နှစ်ပတ် လည်ညီလာခံတစ်ခုမှာ တင်ဆက်ခဲ့ကြပါတယ်။

မောင်