ယခုတစ်ပတ်မှာတော့ မင်းသားတစ်လက်ဖြစ်တဲ့ နေမင်းကို မျက်နှာဖုံးရှင်အဖြစ်တင်ဆက်ပေး လိုက်ပါတယ်။ နေမင်းဟာ အနုပညာလောကကို ရောက်ရှိလာတာကြာပါပြီ။ အခုချိန်မှာလည်း ဗီဒီယို များစွာ ရိုက်ကူးပြီးနေပါပြီ။ နေမင်းရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ မကြာသေးခင်က သွားရောက်ခဲ့တဲ့ ခရီးသွားအတွေ့အကြုံတွေ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါ

ဖြေ ။ ။ အခုလတ်တလော တပ်မတော်နေ့အတွက် ဂုဏ်ပြုဇာတ်လမ်းရိုက်ကူးနေပါတယ်။

မေး ။ ။ ယခုလို ရာသီဥတု အပြောင်းအလဲမှာ ဖျားနာမှုတွေ မဖြစ်အောင်ရော ဘယ်လိုဂရုစိုက် ဖြစ်လဲ

ဖြေ ။ ။ အခုလို ရာသီဥတုမှာ ဖျားနာမှုမဖြစ်အောင် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်သင့်တယ်လို့ ထင်ပါတယ်။ အစ်ကိုကိုယ်တိုင်လည်း အခု Gym ကစားဖြစ်နေပါတယ်။ အရင်တုန်းကတော့ လက်ဝှေ့ထိုးတာ၊ စကိတ်စီးတာလုပ်ဖြစ်ပါတယ်။

မေး ။ ။ စကိတ်စီးတာကို ဘယ်အရွယ်က စီးဖြစ်ခဲ့တာလဲ

ဖြေ ။ ။ အစ်ကိုငယ်ငယ်ကနေ သရုပ်ဆောင်စလုပ်ဖြစ်တဲ့အချိန်ထိ စကိတ်စီးဖြစ်ခဲ့ပါတယ်။ စကိတ် စီးတာက ခန္ဓာကိုယ်ကအဆီပိုတွေလျော့ပြီး ပေါ့ပါးလန်းဆန်းတယ်လို့ ခံစားရပါတယ်။ အခုနောက်ပိုင်း အချိန်ရရင်ရသလို စကိတ်ပြန်စီးမယ်လို့တော့ စဉ်းစားထားပါတယ်။ လက်ဝှေ့ထိုးတာလည်း ပြန်လုပ်ဖို့ စဉ်းစားနေပါတယ်။

မေး ။ ။ အစ်ကို ဟိုတလောက ကော့သောင်းဘက်ကို ခရီးသွားခဲ့တယ်နော်။ ခရီးသွားရတဲ့ အတွေ့အကြုံနဲ့ခံစားချက်လေး ပြောပြပေးပါ

ဖြေ ။ ။ ခရီးသွားရတာက အကျိုးအများကြီးရှိပါတယ်။ စိတ်အပန်းပြေသလို ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။ Seaberg Travels & Tours ကြော်ငြာရိုက်ကူးရေးအတွက်သွားခဲ့တာပါ။

မေး ။ ။ ကော့သောင်းမြို့ရဲ့ ဘယ်နေရာတွေကို သွားခဲ့ရတာလဲ

ဖြေ ။ ။ ကော့သောင်းမြို့ပတ်လည် လန်ပိကျွန်းနားက ဒီရေတော၊ မြင်းခွာကျွန်း၊ သရေကျွန်း၊ ဆလုံကျွန်း၊ ဂျလန်းကျွန်း၊ ဗိုလ်ချိုကျွန်း၊ ငမန်းကျွန်းတွေကို သွားခဲ့ရတာပါ။

မေး ။ ။ အခု အစ်ကိုသွားခဲ့တဲ့ နေရာတွေကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် နိုင်ငံခြား သားဧည့်သည်တွေရော လာရောက်ကြလား

ဖြေ ။ ။ နိုင်ငံခြားသားတွေ၊ မြန်မာနိုင်ငံသားတွေကို အပန်းဖြေလာဖို့အတွက် အစ်ကိုတို့က ကြော်ငြာရိုက်ကူးတာပါ…လို့ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ အလွန်လှပသာယာသော ပင်လယ်ကမ်းခြေတွေအများကြီးရှိပါတယ်။ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ စက်စဲ၊ မောင်းမကန် စတဲ့ ကမ်းခြေတွေကတော့ အပန်းဖြေစရာနေရာများအဖြစ် ဖော်ထုတ်ပြင်ဆင်ပြီးဖြစ်ကာ ပြည်တွင်းပြည်ပ ဧည့်သည်တွေလည်း လာရောက်နေကြပြီဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းကမြိတ်ကျွန်းစုတစ်ဝိုက်နှင့် မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းတစ်ဝိုက်က ပင်လယ်ကမ်းခြေများကို အပန်းဖြေစရာနေရာများအဖြစ် တည်ဆောက်နေတာကတော့ မကြာသေးပါဘူး။

ကြည်ပြာရောင် ပင်လယ်ရှိသောကမ်းခြေတွေက ကမ္ဘာပေါ်မှာလည်း သိပ်မရှိလှဘဲ မြိတ်ကျွန်းစုတစ်ဝိုက်ကကမ်းခြေတွေမှာတော့ ရှိနေပါတယ်။ ဒီလိုကမ်းခြေမျိုး မြန်မာနိုင်ငံမှာရှိတဲ့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီနေရာတွေမှာ ပြည်တွင်းက အပန်းဖြေလိုသူများအတွက် နိုင်ငံခြားသွားစရာမလိုဘဲ ကုန်ကျစရိတ် သင့်တင့်စွာနဲ့ လာရောက်နိုင်သလို နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လာနိုင်အောင် ဆွဲဆောင်ကြော်ငြာပေးနိုင်ရင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေမှာဖြစ်ပါတယ်။

126 COMMENTS

  1. I’m extremely impressed with youг writing skills as well
    as with the layout on your blog. Is this a рaid theme or did
    you customize it yourseⅼf? Anyway keep up the
    nice quaality writing, it’s rarе to seе a great bloɡ like
    tһis onne nowadays.

    Here is my page … frеe phone chat ⅼines (freedatingsiteall.com)

  2. community biology reddit positive adjectives qualities , planning process journal. community definition for 2nd grade what is lyrica lyrica without prescription , positive feedback neuroscience community action agency of columbiana county community definition and example , positive and negative space followers hashtags 2020? community health center kenton ohio positive quotes during covid, community first credit union kimberly community cast in endgame.
    culture words , community america employee benefits positive quotes inspirational friends episode titles.

  3. kundli software 2020 free download drawing program website to buy autocad lt kundli software 2020 for pc. 2020 best free software free music software 2020 engeeeneringu#$sssaunnplus , office software uk. 2020 design software graphics card, open office software free download office suite programs for windows 10 office key software download. software holidays 2020 what’s the best office software for mac, ms office software free download.

LEAVE A REPLY

Please enter your comment!
Please enter your name here