နေ့စဉ် ကြက်ဥ ၄၊ ၅ လုံး ဆက်တိုက်စားပါက ကျန်းမာရေး မကောင်းနိုင်ကြောင်း တွေ့ရှိလာပါ ပြီ။ နေ့စဉ် ဥတွေ အများကြီးစားလို့ သွေးထဲမှာ ကိုလက်စထရောလ် ၃၀ဝ မီလီဂရမ် တက်လာကြောင်း သုတေသနတစ်ခုက ထောက်ပြ လိုက်ပါတယ်။ ထိုသို့ မဆင်မခြင် လွန်ကျွံစွာ စားသုံးပါက နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်လာ နှုန်း ၁၇ ရာခိုင်နှုန်း မြင့်တက်လာ သလို သေဆုံးနှုန်း ၁၈ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ အမေရိကန်သား ကိုယ်လက်လေ့ ကျင့်ခန်းနေ့စဉ်လုပ်တဲ့သူတွေနဲ့ အစားအစာအရည်အသွေး အမျိုး မျိုးစားသုံးသူတွေအပါအဝင် ၎င်း တို့ နေ့စဉ်စားသုံးကြတဲ့ အဆီဓာတ် အမျိုးအစားတွေကိုပါ မေးမြန်းစစ် တမ်းကောက်ခဲ့ရာက တွေ့ရှိလာ တာဖြစ်တယ်။

အမေရိကန်အစားအစာ လမ်း ညွှန်တွင် လူတစ်ယောက် တစ်နေ့ လျှင် ကြက်ဥ၊ ဘဲဥ ဘယ်နှလုံး အထိစားသင့်လဲဆိုတာ မညွှန်ကြား ပေးမထားပါ။ ဒါ့အပြင် ဘာတွေ စား၊ ဘာတွေရှောင်သင့်လဲဆိုတာ လည်း ပြောမထားဘဲ၊ ၎င်းတို့ နေ့ စဉ်စားသုံးတဲ့ အစားအစာများကို မေးထားတာဖြစ်တယ်။ ဥပမာ ကြက်ဥ စားတယ်ဖြေပါက တစ်နေ့ ဘယ်နှလုံးစားလဲ၊ ကြော်တာလား၊ ပြုတ်တာလား၊ ချက်တာလား စတာတွေ မေးတာဖြစ်တယ်။
ကြက်ဥ အကြီးကြီးတစ်လုံးမှာ ကိုလက်စထရောလ် ၂၀ဝ မီလီ ဂရမ်ပါဝင်လေ့ရှိပါတယ်။ ကြက်ဥ ကြော် ရော၊ အသားတွေရော၊ ချိစ် တွေရော စတဲ့ အဆီဓာတ်မြင့်မား တဲ့ အစားအစာတွေနဲ့ ကြက်ဥတွေ ပါ များများစားခြင်းဟာ သွေးတွင်း ကိုလက်စထရောလ် ပိုတက်စေပါ သတဲ့။ တစ်ပတ်အတွင်း ကြက်ဥ၊ ဘဲဥ အများကြီး စားမိပါက အရိုးနဲ့ ပျက်စီးကျန်းမာရေးကောင်းတယ်ဆိုတဲ့ ယူဆချက်တွေ ပြန်လည်စဉ်းစား သုံး သပ်ကြဖို့လိုအပ်ကြောင်း မည် သည့်အစားအစာမဆို သင့်တင့် မျှတစွာ စားကြရန် သတိပေး နှိုး ဆော်လိုက်ပါတယ်။

မေ
Ref : Too many eggs tied to Cardiac disease death