အကယ်စစ်စစ် ပြောရလျှင် ဒုတိယကမ္ဘာစစ်ကာလက အဏုမြူ ဗုံးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စဉ်းစားစိတ်ကူး ရှိခဲ့ကြသည့် နိုင်ငံ များမှာ အမေရိကန်-ဗြိတိန်တို့ ဦးဆောင်သော မဟာမိတ်နိုင်ငံများ ချည်းသာလျှင် မဟုတ်ခဲ့ချေ။ စစ် ပြိုင်ဘက် ဝင်ရိုးတန်းနိုင်ငံများဟု ခေါ်ဆိုသော ဂျာမန်-ဂျပန်နိုင်ငံ များကလည်း စိတ်ကူးရှိခဲ့ကြတာ ဖြစ်သည်။
ဂျာမန်တို့ အဏုမြူဗုံး ထုတ် လုပ်ရေးကြိုးစားခဲ့ပုံများနှင့် အခက် အခဲပြဿနာများ ကြုံခဲ့ပုံနှင့် ပတ်သက်၍ ရှေ့ပိုင်းဆောင်းပါး တစ်ခုတွင် အနည်းအကျဉ်းဖော်ပြ ခဲ့ပြီးဖြစ်သည်။
ဂျပန်တို့သည်လည်း အဏုမြူ ဗုံးထုတ်လုပ်ရန် စိတ်ကူးရှိခဲ့ကြ ကြောင်း တွေ့ရ၏။ ဂျပန်တို့သည် လည်း အဏုမြူဗုံးနှင့် ပတ်သက်၍ ဓာတ်ခွဲခန်းအဆင့်ထက် ကျော်လွန် ၍ စမ်းသပ်နိုင်စွမ်းမရှိခဲ့ကြချေ။ ၁၉၃၄ ခုနှစ်၌ ဂျပန်ပါမောက္ခ တစ်ဦးက အက်တမ်ဥပဒေသီအို အမည်ရှိ စာတမ်းတစ်ခုကို ရေးသား ထုတ်ဝေခဲ့ဖူး၏။ နျူကလီးယား စွမ်းအင်နှင့် အဏုမြူလက်နက် ထုတ်လုပ်လျှင်ဖြစ်နိုင်သည် ရနိုင် သည်ဟူသောအချက်ကို ထို ပါမောက္ခက သူ့စာတမ်းတွင် ဖော်ပြ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကာလ အတွင်းမှာလည်း အမေရိကန်တို့ အဏုမြူဗုံးထုတ်လုပ်ရန်ကြိုးစားနေ ကြပုံအကြောင်းကို ဂျပန်တို့ ထောက်လှမ်းသိရှိခဲ့ကြသည်။ သို့ သော် အဏုမြူဗုံးထုတ်လုပ်ရန် သီအိုရီအရ အမှန်တကယ် လုပ် ဆောင်နိုင်သော်လည်း အမေရိကန် ပြည်ထောင်စု အနေနှင့်ဒုတိယ ကမ္ဘာစစ်ကာလအတွင်း အဏုမြူ ဗုံး ပေါ်ထွက်လာနိုင်ရန် ခက်ခဲနိုင် သည်ဟု သုံးသပ်ခဲ့ကြပြီး ရေဒါများ နှင့်ပတ်သက်၍ သုတေသနပြုလုပ် မှုအပေါ်တွင် အာရုံစူးစိုက်ခဲ့ကြ သည်ဟု သိရသည်။


ထို့နောက်ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားသောအခါတွင်လည်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အမေရိကန်တို့၏ အဏုမြူထီးရိပ် ကို ခိုလှုံခွင့် ရခဲ့ခြင်းကြောင့် ဂျပန် တို့အနေဖြင့် အဏုမြူဗုံး ထုတ်လုပ် ရေးအစီအစဉ် လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ နိုင်ငံတကာက နျူက လီးယားလက်နက်ဆန့်ကျင်ရေး ဆောင်ရွက်ခဲ့ကြပြီး နျူကလီးယား မပြန့်ပွားရေးစာချုပ်ကို ကမ္ဘာ့နိုင်ငံ များက ချုပ်ဆိုခဲ့ကြရာ ဂျပန်နိုင်ငံ သည်လည်း လက်မှတ်ရေးထိုးဖို့ ဖြစ်လာသည်။
နျူကလီးယားလက်နက် မပြန့် ပွားရေးစာချုပ် (Non-Nuclear-Proliferation Treaty- NPT) ဆိုသည်မှာ နိုင်ငံတကာစာချုပ်ဖြစ် ပြီး နျူကလီးယားစာချုပ်များ ပြန့်ပွားခြင်းကို တားဆီးရန် နျူက လီးယားလက်နက် ထုတ်လုပ်သည့် နည်းပညာပြန့်ပွားမှုမရှိအောင် တားဆီးရန်တို့အပြင် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းရေးနှင့်ပတ် သက်၍သာ အသုံးပြုမှု မြှင့်တင်ရာ တွင် ပူးပေါင်းဆောင်ရွက်ရန်ဟူ သော ရည်မှန်းချက်များဖြင့် ချုပ်ဆိုခဲ့ခြင်းဖြစ်၏။
၁၉၆၈ ခုနှစ်တွင် NPT စတင်ပေါ်ပေါက်လာခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်မှ စ၍ အသက်ဝင်ခဲ့သည်။ ထိုစာချုပ်ကို ကမ္ဘာ့နိုင်ငံများ လက် မှတ်ရေးထိုးရန် ဖိတ်ခေါ်ခဲ့ရာ ၂၀၁၆ ခုနှစ်စာရင်းအရ ယခုအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံ လက် မှတ် ရေးထိုးခဲ့ကြပြီးဖြစ်သည်။ NPT ကို လုံးဝလက်မှတ်ရေးထိုး ခြင်းမပြု သော နိုင်ငံ ၄ နိုင်ငံရှိရာ ゞင်းတို့မှာ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် တောင်ဆူဒန်နိုင်ငံတို့ ဖြစ်ကြ၏။ ၁၉၈၅ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံက အဆိုပါ စာချုပ်အတိုင်း လိုက်နာပါမည်ဟု သဘောတူ လိုက်လျောလက်မှတ် ထိုးခဲ့သော်လည်း တကယ့်လက် တွေ့တွင် စည်းကမ်းများကို လိုက် နာခြင်းမရှိခဲ့ပေ။ နျူကလီးယား လက်နက် စမ်းသပ်မှုများအား လုပ် ဆောင်ခဲ့သည်။ (မြန်မာစကားပုံ ပြန်မပြော နားမထောင် လုပ်ချင် ရာလုပ်သည့် သဘောဖြစ်၏)။ ၂၀၁၃ ခုနှစ် ရောက်သောအခါ တွင်ကား မြောက်ကိုရီးယားသည် NPT စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ်မှ တရားဝင် လုံးဝ နုတ်ထွက်လိုက် တော့သည်။
၁၉၆၉ ခုနှစ်၌ ဂျပန်နိုင်ငံ အနေနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည့်တိုင် အကယ်၍ လိုအပ်လာပါက နျူကလီးယား လက်နက်များကို ထုတ်လုပ်နိုင် စွမ်း၊ နည်းပညာအရ စွမ်းဆောင် နိုင်စွမ်း၊ စီးပွားရေးအရ တိုးတက် ဖွံ့ဖြိုးနေမှုများကို ဆက်လက်ထိန်း သိမ်းထားနိုင်စွမ်းရှိရမည်ဟူ၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြီးသတ်ဆုံးဖြတ်ခဲ့ကြသည်။ အကယ်၍ လိုအပ်သည့်အခြေ အနေဖြစ်လာပါက ဟူသော စကား ရပ်၏ ဆိုလိုရင်းမှာ နိုင်ငံတကာ အခြေအနေများက အဏုမြူဗုံး ထုတ်လုပ်ဖို့ လိုအပ်လာခြင်းဟူ၍ ဆိုလိုကြောင်း သိရသည်။


၁၉၇၀ ပြည့်နှစ်တွင် ဂျပန် နိုင်ငံက နျူကလီးယားမပြန့်ပွား ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ပြီး၊ ၁၉၇၆ ခုနှစ်၌ အတည်ပြုခဲ့ သည်။ NPT စတင်ပြီး ၂၅ နှစ် ကြာသောအခါ ၁၉၉၅ ခုနှစ်တွင် အဆိုပါ စာချုပ်၏ ကာလသက်တမ်း ကို တိုးချဲ့ရန် ဖြစ်လာပြန်သည်။ အမေရိကန်သမ္မတ ကလင်တန်က ဂျပန်နိုင်ငံအား စာချုပ်သက်တမ်း တိုးခြင်းကို သဘောတူရန် တွန်းအား ပေးခဲ့ပြန်သည်။ အိန္ဒိယနှင့် ပါကစ္စ တန်တို့က နျူကလီးယားစမ်းသပ်မှု များ အောင်မြင်စွာ ပြုလုပ်ပြနိုင် လိုက်သောအခါ ဂျပန်တို့အဖို့ အဆိုပါစာချုပ်အား သက်တမ်းတိုး ခြင်းနှင့် ပတ်သက်၍ ပို၍စဉ်းစား ဖွယ် ဖြစ်သွားစေပြန်သည်။
လက်ရှိကာလ မကြာသေးမီ ကပင် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ဖောက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့ပြန်သည်။ ထို့နောက်ပိုင်း တွင် ဂျပန်နိုင်ငံ၌ ယခင်ချမှတ် ထားသော နျူကလီးယားလက်နက် မပိုင်ဆိုင်ရေး၊ မထုတ်လုပ်ရေး၊ မထားရှိရေး မူဝါဒများကို ပြန် လည် စဉ်းစား သုံးသပ်လိုသူများ ရှိလာခဲ့သည်။ ဂျပန်နိုင်ငံအတွင်းရှိ ရှေးရိုးဝါဒီသမားများ၊ ဂျပန်အစိုးရ အရာရှိအချို့၊ စီးပွားရေးလုပ်ငန်း ရှင် အနည်းငယ်နှင့် ဂျပန်အမျိုး သားရေးအုပ်စုများက နျူကလီး ယား မထားရှိရေးမူဝါဒကို ပြန်လည် စဉ်းစားသင့်ကြောင်း တောင်းဆို လာကြသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်တို့အနေ ဖြင့် သူတို့ကိုယ်ပိုင် နျူကလီးယား လက်နက် ပိုင်ဆိုင်အောင် ထုတ် လုပ်သင့်ကြောင်း၊ အကြောင်းကား အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂျပန်နှင့် အခြားနိုင်ငံ များစွာတို့ ကို စစ်ရေးအရ ကာကွယ်ပေးရ သည်မှာ စရိတ်စက ကြီးမားလွန်း သောကြောင့်ဖြစ်ကြောင်းပြောကြား ခဲ့သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)