နျူကလီးယား လက်နက်ခေတ်သို့ ကမ္ဘာကြီးက ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ ယခုဆိုလျှင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့တွင်ကြဲချခဲ့သော အဏုမြူဗုံးများထက်အဆပေါင်းများစွာ အဖျက်စွမ်းအားကြီးသော အဏုမြူဗုံးများကို အပြိုင်အဆိုင် တီထွင်ထုတ်လုပ်လာနိုင်ကြပြီဖြစ် သည်။ နျူကလီးယားလက်နက် နည်းပညာက ရှေ့သို့ခုန်ပျံကျော် လွှား၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ဟိုက်ဒြိုဂျင်ဗုံးနှင့် နျူထရွန်ဗုံးများ အထိ တီထွင်နိုင်ခဲ့ပြီဖြစ်သည်။
ထို့အပြင် စစ်ရေးအရ အသုံး ချနိုင်မှု ပို၍ထိရောက်လာခဲ့ပုံမှာ လေယာဉ်ပေါ်မှ ကြဲချရသည့် ဗုံး အသွင်သဏ္ဌာန်မဟုတ်တော့ဘဲ အဝေးမှနေ၍ နျူကလီးယား ထိပ်ဖူးတပ်ထားသော ဒုံးပျံများဖြင့် ပစ်လွှတ်ကာ တိုက်ခိုက်ဖျက်ဆီး လာနိုင်ခဲ့သည်။ အီလက်ထရော နစ်နည်းပညာကလည်း တစ်ပြိုင်နက် တည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ပစ်မှတ်ကို ရှာဖွေခြင်း၊ တိတိကျကျ ထိမှန်အောင် လမ်းညွှန်နိုင်ခြင်း စသည်တို့ကိုလည်း လူတစ် ယောက်က အခန်းထဲမှာတင် ထိုင် နေ၍ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပြီဖြစ်သည်။
၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှားတို့က နျူကလီးယား စမ်းသပ်မှုများကို အရှိန်မြှင့်၍ လုပ် ဆောင်လာခဲ့ကြသည်။ တစ်ချိန် တည်းမှာပင် နိုင်ငံ့ခေါင်းဆောင် များရော၊ ပြည်သူလူထုကပါ သတိပြု မိလာခဲ့သည်မှာ နျူကလီးယားစမ်း သပ်ဖောက်ခွဲမှုများကြောင့် ကမ္ဘာ မြေကြီးအား အန္တရာယ်ဖြစ်စေ နိုင်သော ဘေးထွက်ပစ္စည်းများဖြင့် ညစ်ညမ်းလာစေခြင်း၊ ထိုမှတစ် ဆင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်လာနိုင်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေခြင်းစသည့် အကြောင်းများကို သိရှိ သတိမူမိ လာကြခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်၌ ဖြစ်ပွားခဲ့သော ကျူးဘား အရေးအခင်းအပြီးတွင် အမေရိ ကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ရုရှားတို့သည် နျူကလီးယား စမ်းသပ်မှုများ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးမှုများ စတင်လုပ်ဆောင် လာခဲ့ကြသည်။ (ကျူးဘားအရေး အခင်းအကြောင်း မသိသေးသူများ အတွက် အကျဉ်းမျှ ဖော်ပြရလျှင် ၁၉၆၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ကပ်လျက်ရှိသော ကျွန်းပေါ်ရှိ ကွန်မြူနစ် ကျူးဘား နိုင်ငံ၌ ဆိုဗီယက်ရုရှားက အဏုမြူ ထိပ်ဖူးတပ် ဒုံးပျံများလျှို့ဝှက် တပ်ဆင်နေသည်ကို အမေရိကန် ပြည်ထောင်စုက ထောက်လှမ်း သိရှိခဲ့ပြီး အဆိုပါလက်နက်များ အား ချက်ချင်းရုပ်သိမ်းပေးရန်၊ မရုပ်သိမ်းပါက ကျူးဘားနိုင်ငံကို နျူကလီးယားလက်နက်ဖြင့် တိုက် ခိုက်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ကနေဒီက ရာဇသံပေးခဲ့ သည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (မြန်မာနိုင်ငံ သား) ဦးသန့်၏ စေ့စပ်ဆွေးနွေးမှု ကြောင့် ဆိုဗီယက်ရုရှားတို့ နျူက လီးယားထိပ်ဖူးများကို ပြန်လည် ရုပ်သိမ်းပေးသွားခဲ့ရာ ကျူးဘား အရေးအခင်း အေးဆေးစွာ ပြီးစီးခဲ့ ပြီး တတိယကမ္ဘာစစ်ဖြစ်မည့် အရေး ကိုလည်း တားဆီးနိုင်ခဲ့သည်။)


ပထမဦးစွာ အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့က နျူကလီးယား စမ်းသပ်မှု တစ်စိတ်တစ်ပိုင်း တားမြစ်ပေးသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်က ကမ္ဘာ့လေထုထဲတွင် နျူကလီးယား ဗုံး စမ်းသပ်ဖောက်ခွဲခြင်း (Atmospheric Nuclear Testing) မပြုရန် ဖြစ်သည်။ ထိုစာချုပ်က နျူကလီးယားစမ်းသပ်မှု ကမ္ဘာပေါ် တွင် လုံးဝမပြုလုပ်ရဟု ဆိုလိုခြင်း မဟုတ်ဘဲ ကမ္ဘာ့လေထုထဲတွင် မပြုလုပ်ရန်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် မြေအောက်တွင် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု များ ပြုလုပ်နိုင်သေးသည့်သဘော ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ နိုင်ငံက သူ၏ ပထမဦးဆုံး အဏုမြူ ဗုံးစမ်းသပ်ဖောက်ခွဲမှုကိုမြေအောက် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခင်အပတ်က ဆောင်းပါး တွင် ဖော်ပြပြီးခဲ့သည့်အတိုင်း ယခု အခါ ကမ္ဘာပေါ်၌ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသူက ၈ နိုင်ငံခန့် ရှိနေပြီဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အားလုံးသော နျူကလီး ယားစမ်းသပ်ဖောက်ခွဲမှုများကို ကမ္ဘာပေါ်တွင် လုံးဝမပြုလုပ်တော့ ရန် စာချုပ်ချုပ်ဆိုခဲ့သည်။
စစ်အေးကာလ၌ အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှား တို့က မဟာဗျူဟာမြောက် လက်နက်များ ကန့်သတ်ရေးစကားဝိုင်း (The Strategic Arms Limitation Talks – အတိုကောက် SALT) ဆိုပြီး ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သေး၏။ ပထမဆွေးနွေးပွဲ SALT-1 ကို ၁၉၇၂ ခုနှစ်တွင် လည်းကောင်း၊ SALT-2 ကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း ပြုလုပ်ခဲ့ ကြသည်။ သို့သော်လည်း ဘာမျှ မယ်မယ်ရရ လက်တွေ့အကောင် အထည်ဖော်နိုင်ခြင်းမရှိ၊ မအောင် မြင်ခဲ့ကြဘဲ လက်နက်ပြိုင်ပွဲက ဆက်လက်ပြုလုပ်နေခဲ့ကြသည်။ စကားစပ်၍ ရေးရလျှင် အဆိုပါ စကားဝိုင်းများအကြောင်း သရော် သည့် ကာရံမဲ့ကဗျာတစ်ပုဒ် ဆေးကျောင်းသားဘဝ သူငယ်ချင်း ဖြစ်ပြီး ယခုလူသိများသည့် စာရေး ဆရာ သင့်ဘဝ တင်မောင်သန်း (ဒေါက်တာတင်မောင်သန်း) က “ဆော့(၁) (SALT-1) ၊ ဆော့(၂) (SALT-2) တဲ့။ ခင်ဗျားကြီးတို့တစ် တွေ ဆော့ပဲဆော့နိုင်လွန်းတယ် ဗျာ}} ဟူ၍ ရေးသားခဲ့သည်ကို သတိရမိပါသည်။
နျူကလီးယားလက်နက် စမ်းသပ်မှုရပ်တန့်ရေးစာချုပ်များက ထိုမျှနှင့် မပြီးသေးချေ၊ ဆက်လက် ၍ မဟာဗျူဟာမြောက် နျူကလီး ယားလက်နက်လျှော့ချရေးစာချုပ် (New Strategic Arms Reduction Treaty- အတိုကောက် New START) ဆိုပြီး ၁၉၉၆ ခုနှစ်တွင် ချုပ်ခဲ့ကြပြန်သေး၏။
ဤစာချုပ်များ မည်သို့ပင် အကြိမ်ပေါင်းများစွာ ချုပ်ဆိုနေခဲ့ ကြသော်လည်း မြန်မာစကားပုံ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား ဆိုသလိုပင် လုပ်ချင်သလို လုပ်နေကြရာ ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံအသီးသီးမှ ထုတ်လုပ်ထားကြသော နျူကလီး ယားလက်နက် စုစုပေါင်း ၁၆၀ဝ၀ နီးပါးခန့် ရှိနေပြီဖြစ်သည်။ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့က ပိုင်ဆိုင်ထားသည်။ နျူကလီးယားလက်နက်များက ကမ္ဘာ ပေါ်ရှိ အခြေစိုက်စခန်း အသီးသီး တွင် ဖြန့်ကျက်နေရာယူ ချထားပြီး၊ ပစ်မှတ်အသီးသီးအားအပြန်အလှန် ချိန်ရွယ်ထားပြီးဖြစ်သည်။ ခလုတ်တစ်ချက်နှိပ်ရုံနှင့် ကမ္ဘာကြီးတစ်ခု လုံးအား ပျက်စီးသွားစေမှာဖြစ်သည်။ မြောက်ကိုရီးယားက ၂၀ဝ၅ ခုနှစ် တွင် နျူကလီးယား လက်နက်ကို တီထွင်ထုတ်လုပ်နိုင်သည်ဟုဆိုပြီး စမ်းသပ်မှုများလည်း ဆက်လက်ပြု လုပ်နေဆဲဖြစ်ရာ အမေရိကန်ပြည် ထောင်စုနှင့် ဆွေးနွေးညှိနှိုင်းမှု များကို မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)