ပြီးခဲ့သည့်အပတ်က နျူးကလီးယားခေတ် (Nuclear Age) အတွင်းသို့ ကမ္ဘာကြီးဝင်ရောက် လာပုံအကြောင်းကိုအစပျိုးခဲ့သည်။ ပြတိုက်ထဲတွင် ချိတ်ဆွဲပြသထား သော ဓာတ်ပုံကားချပ်များတွင် Nuclear Arm Race နျူးကလီးယား လက်နက်ပြိုင်ဆိုင်ပွဲ ဖြစ်ပေါ်လာပုံ ကို ရေးသားဖော်ပြထား၏။ အမေရိကန်ပြည်ထောင်စုက အနုမြူဗုံး ကို ပထမဆုံးထုတ်လုပ်အောင်မြင် ပိုင်ဆိုင်သူဖြစ်လာပြီးနောက်အခြား နိုင်ငံများကလည်း အနုမြူဗုံးထုတ် လုပ်ပိုင်ဆိုင်ရန် ကြိုးစားလာကြ သည်။ အနုမြူဗုံးကို ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပိုင်ဆိုင်သူ ဖြစ်လာသူမှာအားလုံးသိပြီးဖြစ်ကြသည့်အတိုင်းဆိုဗီယက်ပြည်ထောင် စု (ရုရှား) ပင်ဖြစ်၏။ ဒုတိယကမ္ဘာ စစ်အပြီးတွင် ချက်ချင်းပိုင်ဆိုင်သူ ဖြစ်မလာသေးချေ။ အနုမြူဗုံးတည် ဆောက်နည်းအကြောင်းဗဟုသုတ မရှိသေးသည့်အပြင် အနုမြူဗုံးထုတ်ရန် ကုန်ကြမ်း၊ ရေဒီယိုသတ္တိ ြွကပစ္စည်းလည်း မပိုင်ဆိုင်သေးချေ။ နှစ်အနည်းငယ်ကြာမှ နိုင်ငံ တကာသူလျှိုလုပ်ငန်းကွန်ရက်မှ တစ်ဆင့် nuclear fission style အနုမြူ၏အခြေခံတည်ဆောက်ပုံ ဘလူးပရင့် (blue prints) ကို ရှာဖွေရယူနိုင်ခဲ့ပြီး ရေဒီယိုသတ္တိြွက ပစ္စည်း ယူရေနီယမ် (Uranium) ကိုလည်းအရှေ့ဥရောပဒေသအတွင်း ရှာဖွေတူးဖော်ထုတ်လုပ်ရရှိနိုင်ခဲ့ ခြင်းကြောင့် ၁၉၄၉ခုနှစ်ဩဂုတ်လ ၂၉ရက်နေ့တွင်ဆိုဗီယက်ပြည်ထောင် စုက ၎င်း၏ ပထမဦးဆုံးသော အနုမြူဗုံးကို အောင်မြင်စွာ စမ်း သပ်ဖောက်ခွဲနိုင်ခဲ့လေသည်။
ဤတွင် စစ်လက်နက်ပိုင်ဆိုင်မှုတွင် ထိပ်ဆုံးမှ ရောက်နေသော အမေရိကန်ပြည်ထောင်စုက ပြိုင်ဘက် ဆိုဗီယက်ရုရှားများကို နှာ တဖျားသာအောင် ရှေ့သို့ တစ်လှမ်း-တက်လှမ်းပြနိုင်ခဲ့ပုံမှာ ၁၉၅၀ပြည့်နှစ်တွင် ပို၍ ခေတ်မီ အဆင့်မြင့်သော သာမိုနျူကလီး ယားလက်နက် (Thermonuclear weapons) များထုတ်လုပ်ရန် အစီ အစဉ်တစ်ခု စတင်ဆောင်ရွက် လိုက်ခြင်းပင်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် စစ်အေးတိုက်ပွဲ Cold War ဟုခေါ်ကြသော ကာလအတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံများက နျူကလီးယားလက်နက်များ အပြိုင်အဆိုင်သုတေသန ပြု ထုတ်လုပ်လာကြခြင်းပင် ဖြစ်လေသည်။


နျူကလီးယားလက်နက်များ များအကြောင်း အစက ပြန်ပြောရလျှင် ၁၉၃၈ ခုနှစ်တွင် (ဒုတိယ ကမ္ဘာစစ်မဖြစ်မီ) ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဓာတ်ခွဲခန်းတစ်ခု အတွင်း၌ နျူကလီးယားရူပသိပ္ပံ ပညာရှင်တစ်စုက nuclear fission အနုမြူ၏အလယ်ဗဟို (နျူကလိယ) ကွဲသွားခြင်းကို တွေ့ ရှိခဲ့ကြပြီးနောက် အနုမြူဗုံးထုတ် လုပ်ရန် တကယ်လက်တွေ့ ဖြစ် နိုင်ခြေရှိသည့်အကြောင်း သိခဲ့ကြ သည်။
ဤတွင် nuclear fission အခြေခံနျူကလီးယားလက်နက်ကို ထုတ်လုပ်ရန် ဂျာမနီနိုင်ငံက ကိုယ် ပိုင်စီမံချက် တစ်ခုပြုလုပ်နိုင် ကောင်း ပြုလုပ်နိုင်သည်ဟူသော သတိပေးချက်ကို အနုမြူစွမ်းအင် e = mc2 ညီမျှခြင်းကို ပထမဆုံး စိတ်ကူးရခဲ့သည့် ကမ္ဘာကျော်ရူပ ဗေဒ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်းက ထိုစဉ်က အမေရိ ကန်သမ္မတဖရန်ကလင်ရူစ်ဗဲ့ထံသို့ ကိုယ်ပိုင်စာတစ်စောင်ရေးသား၍ လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။ အမေရိကန်သမ္မတ ရူစ်ဗဲ့က အဆို ပါသတိပေးချက်ကို မဆိုင်းမတွပင် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ယူရေနီယမ်ကော်မတီ Uranium Committee တစ်ရပ်ကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ သို့သော် ကနဦးရန်ပုံငွေ ဒေါ်လာခြောက် ထောင်မျှနှင့်စတင်ခဲ့ရသောဆောင် ရွက်မှုမှာ အလွန်ပင်နှောင့်နှေး ခဲ့၏။ သို့သော် ဂျပန်က ပုလဲဆိပ် ကမ်းကို၁၉၄၁ခုနှစ်ဒီဇင်ဘာလတွင် ဗုံးကြဲဖျက်ဆီးလိုက်သောအခါမှ လိုအပ်သည့် အရင်းအမြစ်များ စိုက်ထုတ်သုံးစွဲဆောင်ရွက်ဖို့ ဆုံး ဖြတ်ခဲ့တော့သည်ကို ဤနေရာ တွင် ဆက်စပ်စဉ်းစားမိသည်မှာ အိုင်းစတိုင်း၏ အမေရိကန်သမ္မတ ထံ သတိပေးရေးသားခဲ့မှုနှင့် ပတ် သက်၍ဖြစ်၏။ အကယ်၍သာ အမေရိကန်တို့က အနုမြူဗုံးထုတ် လုပ်ရန်နှောင့်နှေးနေခဲ့လျှင် ဂျာမန် တို့သာ အနုမြူဗုံးထုတ်လုပ်နိုင်ခဲ့ လျှင် ဒုတိယကမ္ဘာစစ်၏ ကံကြမ္မာ နှင့် ယနေ့ခေတ် ကမ္ဘာ့လူသားများ ၏ အခြေအနေ ဘယ်လိုများ ရောက်နေကြပါမည်လဲဟူသော အတွေးဖြစ်၏။
ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု ၏နျူးကလိယပြိုကွဲသွားသောအခါ၊ nuclear fission ဖြစ်သည့်အခါ ‘ပို၍ပေါ့ပါးသော (Lighter atoms) အဖြစ် ကွဲထွက် (splits)] အလွန် အင်အားကြီးမားသော စွမ်းအင်တွေ ရုတ်တရက်ထွက်ရှိလာ ကြောင်း၊ လက်တွေ့ စမ်းသပ်တွေ့ ရှိခဲ့ရပြီးနောက် နျူးကလီးယား နည်းပညာများ (နျူးကလီးယား လက်နက်များ (Nuclear weapons) ထုတ်လုပ်နိုင်မည်ဆိုတာကိုလည်း သဘောပေါက်ခဲ့ကြ ခြင်းဖြစ်၏။ ၎င်းမှာ Nuclear Fission သဘောတရားပင်ဖြစ်၏။
ထိုနည်းတူ ပို၍ပေါ့ပါးသော အနုမြူ Atoms ၂လုံး ပေါင်းစပ်သောအခါတွင် လည်း စွမ်းအင်တွေ ပေါ်ထွက်လာနိုင်ကြောင်း တွေ့ခဲ့ ရသည်။ ဤသဘောတရားကတော့ Nuclear Fusion ဖြစ်၏။
Nuclear Fusion ဟူသော type of reaction တုံ့ပြန်မှုတစ်မျိုး နှင့် Nuclear Fission ဟူသော တုံ့ ပြန်မှု ၂မျိုးတို့ကို ပေါင်းစပ်လိုက်သောအခါ ပို၍စွမ်းအင်နှင့်အဖျက် စွမ်းအားကြီးမားသော (အနုမြူဗုံး Atomic bomb) ထက်ပို၍ အဖျက်စွမ်းအားကြီးမားသော Thermonuclear weapons နျူက လိယလက်နက်များ (တစ်နည်းအားဖြင့်ခေါ်ရသော်) ဟိုက်ဒြိုဂျင် ဗုံး (Hydrogen bomb) ကို ထုတ်လုပ်လာနိုင်ခဲ့ခြင်းဖြစ်ပေသည်။
စစ်အေးတိုက်ပွဲကာလ (၁၉၄၇ ခုနှစ်မှ ၁၉၉၁ခုနှစ်)ဆိုဗီယက်ပြည် ထောင်စုပြိုကွဲသည်အထိ အတွင်းမှာ ကမ္ဘာ့နိုင်ငံအချို့၌ အနုမြူဗုံးတွေ၊ နျူးကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်လာနိုင်ခဲ့ကြ၏။ တတိယမြောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သူအဖြစ် ဗြိတိန် က ၁၉၅၂ခုနှစ်တွင်ဖြစ်လာသည်။ ဩစတြေးလျအနောက်ဘက်ကမ်း ခြေတွင် အနုမြူဗုံးစမ်းသပ် အောင်မြင်နိုင်ခဲ့သည်။ အစဉ်အလိုက် အတိုင်း ဆက်လက်ဖော်ပြရလျှင် ၁၉၆၀ ပြည့်နှစ်တွင် ပြင်သစ်က ဆာဟာရ သဲကန္တာရအတွင်း အနုမြူစမ်းသပ်အောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၆၄ခုနှစ်အောက်တို ဘာလတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကလည်းကောင်း၊ ၁၉၇၄ခုနှစ် မေလတွင် အိန္ဒိယက မြေအောက် တွင် လည်းကောင်း၊ ၁၉၈၆ခုနှစ် စက်တင်ဘာလတွင် အစ္စရေးနိုင်ငံ ကလည်းကောင်း၊ ၁၉၉၈ခုနှစ်တွင် ပါကစ္စတန်နိုင်ငံကလည်း အနုမြူ ဗုံးစမ်းသပ်မှုများ ပြုလုပ်အောင် မြင်နိုင်ခဲ့ကြပြီဖြစ်သည်။ ၂၀ဝ၆ ခုနှစ် အောက်တိုဘာလမှာတော့ မြောက်ကိုရီးယားအစိုးရက သူတို့ သည် နျူကလီးယားလက်နက် စမ်းသပ်အောင်မြင်ခဲ့သည့် ကမ္ဘာ ပေါ်တွင် အဋ္ဌမ (၈နိုင်ငံမြောက်) မြောက်နိုင်ငံဖြစ်ကြောင်း ကြေညာ ခဲ့ပါသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)