ဟိုတယ်အခန်းသို့ ပြန်ရောက် သောအခါ ခေတ္တခဏ အပန်းဖြေ ပြီး နောက်တစ်နေ့ ပြန်ဖို့အတွက် အထုပ်အပိုးများကို ပြင်ရသည်။ များများစားစား လုပ်စရာမရှိပါ။ အင်တာဗျူးအစီအစဉ်နှင့် ပတ် သက်သော စာရွက်စာတမ်းများ၊ အိုကာယားမဆေးကျောင်း စာ ကြည့်တိုက်မှ လက်ဆောင်ပေး လိုက်သော စာအုပ်စာတမ်းများ၊ ဟီရိုရှီးမားငြိမ်းချမ်းရေးပြတိုက်မှ အခမဲ့ရရှိသည့် စာရွက်ခေါက်များ၊ ဝယ်ယူခဲ့သည့် စာအုပ်စာတမ်း၊ လက်ဆောင်အဖြစ် ဝယ်ထားသည့် စားစရာများကိုခရီးဆောင်သေတ္တာ နှင့် ကျောပိုးအိတ်အတွင်း ဖြန့်ခွဲ ထည့်သွင်းထုပ်ပိုးရခြင်းမျှသာ ဖြစ် သည်။ ထို့နောက် ရေမိုးချိုးအဝတ် အစားလဲပြီးဆရာဒေါက်တာမျိုးခင် နှင့် ချိန်းထားသည့်အချိန်တွင် ဟိုတယ်ဧည့်ကြိုခန်းထဲမှာ သွား စောင့်နေလိုက်သည်။ မကြာမီပင် ဆရာမျိုးခင်လည်း ရောက်လာ၏။

မိမိတို့နှစ်ယောက်အား ထိုနေ့ ညတွင် ဂျပန်မိတ်ဆွေတစ်ဦးက ညစာကျွေးမွေးဧည့်ခံမှာဖြစ်သည်။ ဟိုတယ်သို့ လာရောက်ခေါ်ယူမှာ ဖြစ်သည်။ ပါမောက္ခဒေါက်တာ အိုခါးဒါး၏ မိတ်ဆက်ပေးမှုအရ ထိုပုဂ္ဂိုလ်က မိမိတို့အား နာမည် များသိနေပြီဖြစ်ပြီး လူချင်းမမြင်ဖူး သေးကြဘဲ ဟိုတယ်သို့ လာရောက် ခေါ်ယူခြင်းဖြစ်သည်။ အဆိုပါ ပုဂ္ဂိုလ်မှာ စိုက်ပျိုးရေးသုံးစက်ကိရိ ယာပစ္စည်းများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီတစ်ခုမှဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း ကုမ္ပဏီရုံးခွဲရှိသူ ဖြစ်သည်။ သူက မိမိတို့နှင့်တွေ့ဆုံ ရခြင်းအကြောင်းရင်းမှာ မြန်မာ မိတ်ဆွေများများနှင့်သိကျွမ်းထား လို၍ဖြစ်သည်။ သူ၏ ကုမ္ပဏီက CSR သဘောမျိုးဖြင့် အကောင်အထည်ဖော်မည့် အစီအစဉ်များရှိ နေသည်။ ထိုအကြောင်းအရာများကို ညစာစားရင်းနှင့် တဖြည်းဖြည်း ပြောပြခဲ့ခြင်းဖြစ်သည်။

မိမိတို့အား Benefit Hotel သို့ သူကိုယ်တိုင် ကားမောင်းပြီး လာ ရောက်ခေါ်ယူခြင်းဖြစ်သည်။သူနှင့် အတူ မြန်မာနိုင်ငံရှိ သူ၏ ကုမ္ပဏီ ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေ သော ဂျပန်စကားပြန်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသောမြန်မာ အမျိုးသမီးလေးတစ်ဦးလည်း ပါဝင် သည်။

မိမိတို့ ၄ဦးသား အိုကာယားမ မြို့တွင်းရှိ ဟိုတယ်တစ်ခုသို့ သွား ရောက်ကြပြီး ညစာစားသောက်ကြ ခြင်းဖြစ်သည်။ ဂျပန်ရိုးရာစားစရာ တွေ စုံလင်နေအောင် မှာပေးရာ ၄ ယောက်စာမက များပြားလှ၏။ သူတို့ကုမ္ပဏီမှစက်ဖြင့် စပါးပင်စိုက် ကောက်စိုက်နိုင်သော စက်ကိရိယာ တစ်မျိုးအကြောင်းကို မိတ်ဆက် ရှင်းလင်းပြောပြသည်။ သမားရိုး ကျကောက်စိုက်သမများ (လူလုပ် အား) ဖြင့် တစ်ရက်လောက်စိုက်ရ မည့် လယ်ကွက်ဧကများစွာကို သူ တို့ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထား သော စက်ဖြင့် မိနစ်ပိုင်းနာရီပိုင်း အတွင်းစိုက်ပေးနိုင်ပုံကိုရှင်းပြသည်။ ထိုစက်ကိုစမ်းသပ်အသုံးပြု သရုပ် ပြနိုင်ရန်အတွက် လယ်ကွက်ကျယ် ကျယ်ပြန့်ပြန့်လိုအပ်သည်။ နမူနာ စိုက်ပြ၊ သရုပ်ပြခြင်းကိုမြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးလိုနေရာ တွင် လုပ်ပြချင်သည်။ လက် ဆောင်အဖြစ်လည်း ပေးခဲ့မည်။ နောင်တွင် တွင်ကျယ်စွာ အသုံးဝင် လာတော့မှ ရောင်းချမည့်သဘော ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအတွင်း အကူအညီ အထောက်အပံ့ရနိုင်ကောင်းမည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်အဆက် အသွယ်ရလိုခြင်းကြောင့် မိမိတို့ကို ပါမောက္ခအိုခါးဒါး၏ ထောက်ခံ ဆက်သွယ်ပေးမှုအရ ကြုံကြိုက် တုန်း မိတ်ဆွေဖွဲ့ ညစာစားရင်း စကားပြောကြခြင်း ဖြစ်သည်။
ဂျပန်စကားပြန် အမျိုးသမီး လေးလည်းပါသဖြင့် စကားပြောရ သည်မှာ အဆင်ပြေသည်။ ဂျပန် မိတ်ဆွေ၏ လိပ်စာကတ်ပြားနှင့် စကားပြန်မြန်မာအမျိုးသမီးလေး တို့၏ လိပ်စာကတ်ပြားများ နေရာ အထားမှားပြီး ရှာမရ၍ အမည် များ ဖော်ပြနိုင်ခြင်းမရှိတော့ပါ။ ၄ ယောက်သား ရိုက်ကူးသည့် ဓာတ် ပုံမှာလည်း ဝါးနေ၍ ၃ယောက် တည်း ရိုက်ထားသော ဓာတ်ပုံကို သာ ဖော်ပြလိုက်ရသည်။

ထိုနေ့ညက စောစောပြန်ခဲ့ကြသည်။ ဟိုတယ်ပြန်ရောက်တော့မှ နောက်တစ်နေ့ပြန်ရန်အတွက် ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းရ၏။ ထုံးစံအတိုင်း စာအုပ်စာစာတမ်း စာရွက်ခေါက်များက အနည်းဆုံး ၅ ကီလိုဂရမ်လောက် လေးလိမ့်မည်။ တည်းခိုဖူးသမျှ မြန်မာနိုင်ငံ ပြင်ပ အခြားနိုင်ငံများရှိ ဟိုတယ်မိုတယ် အခန်းများထဲတွင် အကျဉ်းဆုံးဖြစ် သော အိုကာယားမမြို့ Benefit Hotel မှ တစ်ယောက်ခန်းလေးကို နှုတ်ဆက်ရသည်။ ကျဉ်းပင်ကျဉ်း ငြားသော်လည်း လူတစ်ဦးစာ နားနေ အိပ်စက်-နေထိုင်-သန့်စင် -လျှော်ဖွပ် နိစ္စဓူဝ တစ်ကိုယ်ရေ ဝန်ဆောင်မှုများအတွက် ပြည့်စုံ သော အခန်းလေးမို့ သဘောကျ ရပါသည်။

နောက်တစ်နေ့နံနက် စော စောတွင် ပါမောက္ခအိုခါးဒါး သူ့ ကားဖြင့် ရောက်လာပြီး မိမိတို့ ၂ ယောက်ကိုခေါ်ကာ အိုကာယားမ ဘူတာရုံသို့ လိုက်ပို့ပေးသည်။ အိုကာယားမဘူတာရုံ အဆောက် အဦနှင့် ကပ်လျက် ဖွင့်လှစ်ထား သော ဘတ်စ်ကားဂိတ်သို့ဖြစ် သည်။ ထိုဂိတ်မှနေ၍ မိမိတို့ အိုဆာကားမြို့သို့သွားမည့် ဘတ်စ် ကားနှင့် လိုက်ရမှာဖြစ်၏။ အချိန် က နံနက် ၆ နာရီထွက်မည်ဖြစ်ရာ မိမိတို့က ၅နာရီမခွဲခင်ကတည်းက ရောက်နေကြခြင်းဖြစ်သည်။ အချိန်တန်လျှင် ကားလာမည် ဖြစ် ၍ ပါမောက္ခအိုခါးဒါးလည်း မိမိတို့ ကိုထားခဲ့ပြီး နှုတ်ဆက်ကာ ပြန် သွားသည်။ ကားဂိတ်ဆိုသော် လည်း ဘတ်စ်ကားတွေ တန်းစီပြီး ထိုးထားတာမဟုတ်။ ထွက်မည့် အချိန်နှင့်ကပ်လျက် ၁၀ မိနစ် လောက်အလို ရောက်လာမည်ဖြစ် ရာ မိမိတို့ ၂ယောက်လည်း အေး အေးဆေးဆေးပင်နေခဲ့ကြသည်။ ဂိတ်ထဲရှိ ထိုင်ခုံများတွင် ဝင်ထိုင် လို့ရသော်လည်း သိပ်ကြာကြာ စောင့်ရမှာမဟုတ်ဟု ယူဆကာ အပြင်မှာဘဲ မတ်တတ်ရပ်လျက် စောင့်နေခဲ့ကြ၏။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)