နျူကလီးယား လက်နက်များ ၏ အဖျက်စွမ်းအားက ကမ္ဘာမြေကြီး ပေါ်ရှိ သက်ရှိများအားလုံးကို ဘာမျှမကျန်အောင် အလုံးစုံ ပျက် စီးရေးဆီသို့ ဦးတည်လျက်ရှိသည်။

နျူကလီးယား စမ်းသပ်ဖောက် ခွဲမှုကို ပြုလုပ်ခဲ့သော အိန္ဒိယနိုင်ငံ၊ ပိုကာရံ သဲကန္တာရအတွင်း ပျက်စီး ထိခိုက်သွားပုံများအား ရိုက်ပြထား သည့် ဓာတ်ပုံတစ်ပုံကိုလည်း ပြတိုက် အတွင်း တွေ့ရသည်။ အဆိုပါ အဏုမြူ စမ်းသပ် ဖောက်ခွဲမှုမှာ ၁၉၉၈ ခုနှစ်တွင် မြေအောက်၌ ပြုလုပ်ခဲ့သော ဖောက်ခွဲမှုဖြစ်၏။

နျူကလီးယား စမ်းသပ်ဖောက် ခွဲမှုများကို ဆန့်ကျင်ကန့်ကွက် သည့် စာများအား ဟီရိုရှီးမား မြို့တော်ဝန်ထံသို့ လိပ်မူ၍ ကမ္ဘာ တစ်ဝန်းမှ လူများက ပေးပို့ခဲ့ကြ သည်။

ကမ္ဘာတစ်ဝန်းမှ နျူကလီးယား ဆန့်ကျင်ကြောင်း ရေးသားပေးပို့ ခဲ့သည့် စာများအား ပုံကြီးချဲ့၍ ပြတိုက်နံရံပေါ်တွင် ချိတ်ဆွဲပြသ ထားသည်။
ဂျပန်နိုင်ငံနှင့် အဏုမြူလက်နက် နျူကလီးယားလက်နက်များအပေါ် သဘောထားမှာလည်း စိတ်ဝင်စား စရာ ကောင်းလှပေသည်။
ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့ တို့ကို အဏုမြူဗုံးများဖြင့် ဖျက်ဆီး ခြင်းခံလိုက်ရပြီးသောအခါ ဂျပန် ပြည်သူတို့၏ ရင်ထဲစိတ်ထဲမှာ အဏုမြူဆိုလျှင် မကြားချင်တော့ လောက်အောင် စိတ်နာခဲ့ကြပုံ ရသည်။

ဒုတိယကမ္ဘာစစ်အပြီး ဂျပန် နိုင်ငံသားတိုင်း၏ စိတ်ထဲတွင် အဏုမြူနှင့် နျူကလီးယား ဆန့် ကျင်ရေး စိတ်ဓာတ်များ ပေါက်ဖွား ခဲ့ကြသည်။
မဟာမိတ်များထံတွင် လက်နက် ချလိုက်ရပြီးနောက် ဂျပန်နိုင်ငံ အနေဖြင့် ပြာပုံဘဝမှ ပြန်လည် နာလန်ထူ ဖွံ့ဖြိုးတိုးတက်လာ အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ ဂျပန်နိုင်ငံ တော်၏ လုံခြုံရေးအတွက် အမေရိ ကန်ပြည်ထောင်စု၏ စစ်ရေးထိန်း ချုပ်မှုအောက်တွင် နေခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်ပြည်ထောင်စု အပါအဝင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းက အဏုမြူလက်နက် ပိုင်ဆိုင်နိုင်ရေး အတွက် အပြိုင်အဆိုင်ကြိုးပမ်း အားထုတ်ခဲ့ကြသည်။ ဂျပန်နိုင်ငံကတော့ အဏုမြူလက်နက် ထုတ် လုပ်ရေးကို မစဉ်းစားခဲ့ပါ။ သို့နှင့် Nuclear Umbrella အဏုမြူထီးရိပ် ဟူသော ဝေါဟာရတစ်ခု ပေါ်ပေါက် လာခဲ့သည်။ ဆိုလိုသည်မှာ အမေ ရိကန်ပြည်ထောင်စု၏ အဏုမြူ လက်နက်တည်းဟူသော ထီးရိပ် အောက်တွင် ဂျပန်နိုင်ငံက ခိုလှုံပြီး နိုင်ငံ၏ စီးပွားရေး၊ ပညာရေး ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုး တက်ရေးကို စိတ်ချလက်ချ ဇောက်ချ ဇောင်းပေးဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်၏ အဏုမြူထီးရိပ် ကို ဂျပန်နိုင်ငံသာမက တောင်ကို ရီးယား၊ ကနေဒါ အစရှိသည့် နိုင်ငံများလည်း ခိုလှုံခွင့်ရခဲ့ကြ သည်။

ဂျပန်နိုင်ငံသည် အဏုမြူ လက်နက် နျူကလီးယားလက်နက် ဆန့်ကျင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်လွန် နှစ်များကစ၍ ဂျပန်နိုင်ငံ၏ နျူက လီးယားမူဝါဒတစ်ရပ် အခြေတည် ခဲ့သည်။ ၄င်းမှာ နျူကလီးယား လက်နက် မထုတ်လုပ်ရေး အခြေ ခံမူ သုံးချက်ဖြစ်သည်။ (၁) ဂျပန် နိုင်ငံသည် နျူကလီးယားလက်နက် ကို ပိုင်ဆိုင်သူဖြစ်မလာစေရ၊ (၂) ဂျပန်နိုင်ငံသည် နျူကလီးယား လက်နက်များ ထုတ်လုပ်သူ မဖြစ် လာစေရ၊ (၃) ဂျပန်နိုင်ငံ၏ အချုပ် အခြာအာဏာ ပိုင်နက်နယ်မြေ အတွင်းသို့ နျူကလီးယားလက်နက် များ တင်သွင်းလာခြင်း ခွင့်မပြုရ ဟူသော အခြေခံအချက်ကြီးသုံးခု ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး တွင် အရှေ့အာရှကို စစ်ရေးအရ ထိန်းချုပ်နိုင်ရန် အမေရိကန်ပြည် ထောင်စုက ဂျပန်နိုင်ငံပိုင် အိုကီ နာဝါကျွန်းပေါ်တွင် စစ်အခြေစိုက် စခန်းတစ်ခု တည်ဆောက်ခဲ့သည်။

ဂျပန်နိုင်ငံက အိုကီနာဝါကျွန်း ကို အမေရိကန်ပြည်ထောင်စုထံမှ ပြန်လည်ရရှိရေးအတွက် ကြိုးစား ခဲ့ရာ ဂျပန်နိုင်ငံ၏ နျူကလီးယား မူဝါဒများက အခက်အခဲဖြစ်ခဲ့ သည်။ အကြောင်းက အိုကီနာဝါ ကျွန်းပေါ်တွင် နျူကလီးယားလက် နက်များ ထားရှိခြင်းပြု/မပြု မည်သူမျှ အတိအကျမပြောနိုင် ကြသောကြောင့်ဖြစ်သည်။ အမေ ရိကန်စစ်တပ်က အိုကီနာဝါကျွန်း ပေါ်တွင် နျူကလီးယားလက်နက် များ ထားရှိသည်ဟူသော ထင်မြင် ယူဆချက်ကို အတည်ပြုခြင်းလည်း မရှိ၊ ငြင်းဆန်မှုလည်း မပြုလုပ်ခဲ့ ပေ။ ၁၉၆၇ ခုနှစ်တွင် အိုကီနာဝါ ကျွန်းကို ဂျပန်က ပြန်လည်ရရှိခဲ့ ၏။ (ဂျပန်ဝန်ကြီးချုပ်က အိုကီ နာဝါတွင် အဏုမြူ နျူကလီးယား လက်နက်များထားရှိခြင်းကို သဘော တူခဲ့သည်ဟုလည်း ဆိုကြ၏။)

ဂျပန်နိုင်ငံ၏ နျူကလီးယား လက်နက် မထားရှိရေး မူဝါဒကို ဒိုင်းယက်ဟုခေါ်သော ဂျပန် ပြည်သူ့လွှတ်တော်သို့ ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်ဖြစ်သော အီဆာ ကူဆာတို (Eisaku Sato) က ၁၉၇၁ ခုနှစ်တွင် တင်သွင်းခဲ့ရာ ဂျပန်လွှတ်တော်က ၎င်းအဆိုပြု ချက် (Solution) ကို လက်ခံ ဆွေးနွေးအတည်ပြုခဲ့သည်။ (သို့သော် ဥပဒေအဖြစ် ရောက် မလာခဲ့ပါ။)

ဂျပန်ဝန်ကြီးချုပ် အီဆာကူ ဆာတိုလည်း သူဂျပန်နိုင်ငံအတွင်း နျူကလီးယားကင်းရှင်းရေးမူဝါဒကို အောင်မြင်စွာ တင်သွင်းအတည်ပြု နိုင်မှုကြောင့် ၁၉၇၄ ခုနှစ်တွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့် ခြင်း ခံခဲ့ရပါသည်။

ခေတ်ကြီးက ပြောင်းလဲဖွဲ့ဖြိုး တိုးတက်လာခဲ့သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုလည်း ဖြစ်လာခဲ့သည်။
ယခုအခါ ကမ္ဘာပေါ်တွင် နျူ ကလီးယားလက်နက် လက်ဝယ် ပိုင်ဆိုင်ထားရှိသော နိုင်ငံစုစုပေါင်း ၉ နိုင်ငံ ရှိခဲ့ပြီဖြစ်ပြီး မကြာသေးမီ ကမှ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ခဲ့သော မြောက်ကိုရီးယား နိုင်ငံက နဝမမြောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သူ ဖြစ်လာ သည်။ ဂျပန်နိုင်ငံ၏ အနီးကပ်ဆုံး အဏုမြူလက်နက် ပိုင်ဆိုင်ထား သည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ် နေသည်။

ဤနေရာတွင် နျူကလီးယား လက်နက်ကို ယခုလောလောဆယ် လက်ဝယ်ပိုင်ဆိုင်ထားခြင်းမရှိ သော်လည်း အကယ်၍ နျူကလီး ယားလက်နက် ထုတ်လုပ်လိုသည် ဆိုပါက အမြန်ဆုံး ထုတ်လုပ်နိုင် သော နည်းပညာပိုင်ဆိုင်ထားသော နိုင်ငံများ ရှိနေပါသည်။ ထိုကဲ့သို့ နျူကလီးယားလက်နက် ထုတ်လုပ် နိုင်စွမ်းရှိခြင်းကို Nuclear Latent Power ဟု ခေါ်၏။

တစ်နည်းအားဖြင့် နျူကလီး ယားလက်နက်များကို အမြန်ဆုံး ထုတ်လုပ်နိုင်ရန် ကျွမ်းကျင်လိမ္မာ သော၊ ပြောင်မြောက်သော စွမ်းရည်ရှိသည့် နိုင်ငံများမှာ ဂျပန်၊ ကနေဒါ၊ ဂျာမနီ၊ ဩစတြီးယား၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် တောင်အာဖရိကနိုင်ငံ တို့ ဖြစ်သည်။ ထိုနိုင်ငံများတွင် နျူကလီးယားလက်နက် ထုတ်လုပ် ရန် ကုန်ကြမ်းဖြစ်သော ယူရေနီယမ်၊ ပလူတိုနီယမ်၊ သတ္တု ဒြပ်စင်များလည်း ကြွယ်ဝပိုင်ဆိုင်ကြသည်။

ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)