အဏုမြူဗုံးပေါက်ကွဲသောအခါ အကျိုးသက်ရောက်မှု အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်။

Heat Rays မီးလျှံရောင်ခြည် များကြောင့် ထိခိုက်ပျက်စီးမှုဖြစ်စေ ခဲ့သော ပစ္စည်းများကို ပြသထားရာ၌ သက်ရှိလူများ၊ သက်မဲ့ပစ္စည်း များ ထိခိုက်ပျက်စီးလျက်ရှိပုံကို တွေ့ရမည့် ဓာတ်ပုံများကို ပြသထားသည်။

ပေါက်ကွဲမှု စတင်ဖြစ်ပေါ်ပြီး တစ်စက္ကန့်အတွင်းမှာ မီးဘောလုံးကြီးတစ်ခုက တစ်မုဟုတ်ချင်း တိုးတက်ကြီးထွားဖြစ်ပေါ်လာရာ အချင်း ၂၈၀ မီတာအထိရှိသော မီးဘောလုံးကြီးအဖြစ် ရောက်သွားသည်။ မီးဘောလုံးကြီးက ၁၀ စက္ကန့် နီးပါးမျှကြာအောင် ဖြစ်တည်နေခဲ့သည်။ မီးလျှံရောင်ခြည်များက အရပ်မျက်နှာအားလုံးသို့ ပြန့်ထွက် သွားရာ ဗဟိုနေရာ၌ အပူချိန်ဒီဂရီ ၃ဝဝဝ မှ ၄ဝဝဝ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိခဲ့သည်။ မီးလျှံ ရောင်ခြည်သင့်သွားသော လူ ထောင်ပေါင်းများစွာ တိုက်ရိုက် သက်ရောက်မှုအဖြစ် အပြင်းအထန် မီးလောင်ကျွမ်းကာ သေဆုံးသွားခဲ့ကြ သည်။ မီးလောင်ကျွမ်းမှုက အဏုမြူ ဗုံးပေါက်ကွဲသည့်ဗဟိုဌာနဘက်သို့ လှည့်လျက်ရှိနေသော ကိုယ်တစ် ခြမ်းလုံးကို လောင်ြွကမ်းသွားစေ ခြင်း ဖြစ်သည်။

ပေါက်ကွဲသည့် ဗဟိုဌာနမှ ၃.၅ ကီလိုမီတာအထိ ကွာဝေး သော နေရာများတွင် ရှိနေသည့်သူ များအထိ လောင်ကျွမ်းခဲ့သည်။ မီတာ ၆ဝဝ အကွာအဝေးတွင်ရှိ သော သက်ငယ်ကဲ့သို့ အမိုးများ မီးလောင်ပျက်စီးသွားသည်။ ၃ ကီလိုမီတာအတွင်းရှိ ဓာတ်တိုင်များ၊ သစ်ပင်များ လောင်ကျွမ်းတူးခြစ် သွားသည်။

ဓာတ်ပုံတစ်ပုံတွင် အပူလှိုင်း မီးလျှံ ခန္ဓာကိုယ်နောက်ပိုင်းသို့ ထိသွားပြီး အရေပြားများ လောင် ကျွမ်းသွားသည့် အမျိုးသားတစ်ဦး ၏ ဓာတ်ပုံကို ပြထားသည်။ ထို အမျိုးသားမှာ အဏုမြူဗုံးပေါက်ကွဲ သည့် ဗဟိုဌာနနှင့် ၁ ကီလိုမီတာ အကွာအဝေးအတွင်း ရှိနေသူဖြစ် ပြီး၊ ခါးပိုင်းတွင် စည်းထားသော အဝတ်နေရာတွင်သာ နဂိုအသား အတိုင်းကျန်ခဲ့ပြီး မီးလောင်ကျွမ်း ခံခဲ့ရသည်။ အရေပြားပျက်စီးသွား သည့်အပြင် အတွင်းပိုင်းအင်္ဂါပစ္စည်း များလည်း ပျက်စီးသွားကြသည်။ အများစုမှာ ချက်ချင်းသေဆုံး သို့မ ဟုတ် ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။

နောက်ထပ်တွေ့ရသော ဓာတ်ပုံတစ်ပုံမှာ ကီမိုနိုဒီဇိုင်းကဲ့သို့ အရေပြားပေါ်တွင် ထင်ကျန်နေ ရစ်ခဲ့သော မီးလောင်ကျွမ်းခံရသူ အမျိုးသမီးတစ်ဦး၏ ပုံဖြစ်သည်။ အပူမီးလျှံများက ကီမိုနို အင်္ကျီ၏ ဒီဇိုင်းတွင် အရောင်အရင့်ရှိသော နေရာများတွင်သာ လောင်ကျွမ်း သွားရာ အရေပြားပေါ်တွင် ကီမိုနို ဒီဇိုင်းပုံစံအတိုင်း ထင်ကျန်ရစ် သည်။

တံတားတစ်ခုပေါ်ရှိ တိုင်များ က ခံနေသောကြောင့် အပူလှိုင်း ရောင်ခြည်များ မခံရသဖြင့် နဂို တံတား၏ အရောင်အတိုင်း ကျန် ရစ်ပြီး ကျန်သည့်အစိတ်အပိုင်း အားလုံး အပူလှိုင်းရောင်ခြည်များ ကြောင့် မဲသွားသည်။

အဏုမြူဗုံးပေါက်ကွဲခြင်း၏ ဒုတိယအကျိုးသက်ရောက်မှုပုံစံမှာ ပေါက်ကွဲခြင်း (Blast) ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်သည်။ အဏုမြူ ဗုံးပေါက်သည့်အခါ တန် ရာပေါင်းများစွာသော လေထု ဖိအားဖြစ်ပေါ်လာသည်။ ဗုံး ပေါက်ကွဲရာ ပတ်ဝန်းကျင်ရှိ လေထုက အလွန်ကြီးမားစွာ ပြန့်ကား သွားသည်။ ထို့ကြောင့် Shock Wave ထိတ်လန့်စရာ ကောင်းသော လှိုင်းတစ်ခုဖြစ်ပေါ်လာပြီး ထို့နောက် မှ လွန်စွာဖျက်ဆီးနိုင်စွမ်းအား ကြီး မားသော လေထုဖိအား လိုက်ပါ လာသည်။အဏုမြူဗုံးပေါက်ကွဲပြီး ၁၀ စက္ကန့်နီးပါးကြာသော ကာလအတွင်း ပေါက်ကွဲသည့် လှိုင်းများက ၄ ကီလိုမီတာနီးပါး ပြန့်ကားသွားသည်။ ပေါက်ကွဲ သည့် ဗဟိုဌာနမှ ၅ဝဝ မီတာ အတွင်း လေထုဖိအားသည် ၁ စတုရန်းမီတာလျှင် ၁၉ တန်နှုန်း အထိ မြင့်မားသည်။ ပေါက်ကွဲမှု ပြီးဆုံးသွားသောအခါ ဗဟိုနေရာ ၌ လေထုဖိအား အလွန်နိမ့်ကျသွား ရာ ဘေးပတ်ပတ်လည်တွင်ရှိသော လေထုများက စတင်ပေါက်ကွဲ သည့်နေရာသို့ အတင်းပြန်လည် တိုးဝင်လာကြသည်။ ထိုဒဏ်ကြောင့် ပေါက်ကွဲသည့် ဗဟိုဌာနမှ အချင်း ဝက် ၂ ကီလိုမီတာအတွင်းရှိသော စက်ဝိုင်းအတွင်း သစ်သားဖြင့် ဆောက်လုပ်ထားသည့် အဆောက် အဦမှန်သမျှ ပျက်စီးပြိုကျသွား သည်။ ကွန်ကရစ်ဖြင့် ဆောက်လုပ် ထားသော အဆောက်အဦနံရံများ သာ ရပ်တည်နေနိုင်ပြီး၊ တံခါးများ၊ ပြတင်းပေါက်များအားလုံး အစိတ် စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ အဆောက်အဦအတွင်းရှိ ပစ္စည်း အားလုံး မီးလောင်ကျွမ်းသွားသည်။ အဆောက်အဦအတွင်းအပြင်၌ ရှိနေသော လူများအားလုံး သတိ မေ့သွားကာ လေထဲသို့ မြောက်တက် သွားသည်။ အဆောက်အဦ အတွင်းက သူများကတော့ ပြိုကျ ပျက်စီးသွားသော အဆောက်အဦ များအောက်တွင် ကြေမွသွားကြရ ရှာသည်။

နောက်ထပ် ဓာတ်ပုံတစ်ခုက တော့ အဆောက်အဦအတွင်း မျက်နှာကြက်တွင် တပ်ဆင်ထား သော သံဘောင်ဖရိန်တစ်ခု ပေါက်ကွဲမှုလှိုင်းကြောင့် ကွေး ကောက်သွားပုံကို ပြသထားသော ပုံဖြစ်သည်။

နောက်ထပ်အကျိုး သက် ရောက်မှုတစ်ခုမှာ အပူချိန်မြင့်မား စွာ လောင်ကျွမ်းခြင်းကြောင့် ထိခိုက်ပျက်စီးခြင်းဖြစ်၏။ နံနက် ၈ နာရီ ၁၅ မိနစ်တွင် အဏုမြူဗုံး ပေါက်ကွဲပြီးကတည်းက မီးလောင် ကျွမ်းမှုများ ဖြစ်ပေါ်လာခဲ့ရာ ပြိုကျ ပျက်စီးနေသော အ ခြားအဆောက်အဦ များထံသို့ မီးက ကူး စက် ပျံ့နှံ့သွားသည်။ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း မီးလောင် ကျွမ်းမှု အခြေအနေ အမြင့် မားဆုံးသို့ ရောက်ရှိခဲ့ ပြီး တစ်နေကုန် ဆက်လက်လောင် ကျွမ်းနေခဲ့သည်။ အဏုမြူဗုံး ပေါက်ကွဲသည့် ဗဟိုဌာနမှ အချင်း ၂ ကီလိုမီတာရှိသော စက်ဝိုင်း အတွင်း အဆောက်အဦများ အား လုံး ပြာကျသွားသည်။ မီးမလောင် နိုင်သည့် အချို့သော ပစ္စည်းများ က အရည်ပျော်သွားခြင်း၊ တစ်ခု နှင့်တစ်ခု ပူးကပ်သွားခြင်း ဖြစ် သွားကြသည်။ ပြိုကျ ပျက်စီး နေသော အဆောက်အဦများ အတွင်း၌ ချောင်ပိတ်မိနေကြ သော လူများအားလုံး အရှင်လတ် လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ကြရသည်။

ပြထားသည့် ဓာတ်ပုံတစ်ပုံမှာ ထိပ်ပိုင်းတစ်ဝက် အရည်ပျော်ကျ နေသော ဖန်ပုလင်း ၂ လုံး၏ ပုံ ဖြစ်သည်။ နောက်တစ်ပုံကတော့ မင်စက်ရုံတစ်ရုံမှ မင်ထည့်ရန် အဆင်သင့်ရှိနေသော ဖန်ပလင်း အလွတ်များ အစုလိုက်အပြုံလိုက် အရည်ပျော် ပူးကပ်သွားသည့်ပုံ ဖြစ်သည်။

ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)

120 COMMENTS

  1. Prеtty nice poѕt. I just stumbled upon your weblog and wished
    to saʏ thɑt I’ve truly enjoyed ѕurfing aroound your blog posts.
    In any case I will be subscribing t᧐ your rss feed
    and I hope you write again veгy soon!

    Here is my blog ροst; dating website

  2. I’ve bеen ѕurfing online more than 4 һours today, yet I never found
    any interesting artіcle like yours. It іs pretty worth enouɡh for me.
    Іn my view, if all ᴡebsite ownerѕ andd bloggers made
    gooԀ content aѕ you did, the intеrnet wilⅼ be a loot more useful than ever before.

    Feel free to viѕit my blog ⲣst – payday loans ogden utah
    (paydayloanusaone.com)

  3. community definition oxford planning process provides , positive adjectives que son. positive pregnancy test for a man lyrica without prescription lyrica dose , positive and negative velocity graph culture hijab friends experience nyc , positive reinforcement dogs community america login? community acquired pneumonia pediatrics community level synonym, positive feedback childbirth community health center stamford ct.
    positive feedback loop picture , community action skagit positive pregnancy test getting fainter bridges community center kenosha.

  4. office software protection platform service 1003 drawing program website to buy Autocad software best free tax software 2020 reddit. software engineer internship 2020 software office jobs in chennai engeeeneringu#$sssaunnplus , office holiday software. best office suite for mac os, office visitor software 2020 design software demo free office software for apple mac. kundli software 2020 for pc software 2020.8.3, bein software update 2020 download.

  5. pharmacie angers justices pharmacie lafayette horaires buy naltrexone 50 mg online , therapies innovantes pharmacie hopital angers . pharmacie de garde aix en provence therapies that have received clear research support are called , pharmacie bailly test covid pharmacie ouverte sarcelles pharmacie bailly saint sulpice de royan traitement herpes . therapies types pharmacie a proximite , medicaments keratolytiques pharmacie carrefour narbonne . test serologique pharmacie boulogne billancourt pharmacie delouard amiens , therapies with cancer therapie comportementale et cognitive insomnie pharmacie lafayette l’union horaires medicaments anti inflammatoire . pharmacie de garde epernay pharmacie de garde williamsville aujourd’hui , pharmacie de garde aujourd’hui gard pharmacie amiens rue delpech . annuaire therapies alternatives therapies of autism , pharmacie de garde elbeuf pharmacie lafayette villefranche act therapy self help pharmacie en ligne belgique .

LEAVE A REPLY

Please enter your comment!
Please enter your name here