ဆေးလိပ် ကိုယ်တိုင်မသောက်သော်လည်း ဘေးတွင်ရှိနေသူများ အား ဆေးလိပ်ငွေ့ရှူရသည့်အတွက် ထိခိုက်မှုတွေဖြစ်တာကို ဒုတိယအဆင့် ဆေးလိပ်ငွေ့ရှူရသူများလို့ ခေါ်ပါတယ်။ ဆေးလိပ်မှာမှ မဟုတ်ပါ။ အရက်မှာလည်း ဒုတိယအဆင့် အရက်ဒဏ်ခံရသူတွေ ရှိတဲ့အကြောင်း အမေရိကန် ပြည်ထောင်စုတွင် လေ့လာမှုတစ်ခုက ဖော်ထုတ်ခဲ့ပါတယ်။
အထူးသဖြင့် လူတစ်ယောက် အရက်သောက်ပြီးလျှင် ထိုသူ၏ ဇနီးမယား သို့မဟုတ် အဖော် သို့မဟုတ် မိသားစုဝင်များအား ထိခိုက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း အမျိုးသားများတွင်လည်း သူစိမ်း အရက်သမားတစ်ယောက်က ရန်ပြုခြင်းခံရသောကြောင့် ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။
၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုအရ ပြီးခဲ့သည့် တစ်နှစ်အတွင်း အရက်သမားတစ်ဦးဦး၏ ရန်ပြုခြင်း၊ အနိုင်ကျင့်ခြင်း၊ အသားယူ နှိမ်ချဆက်ဆံခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကိုယ်ပိုင်ပစ္စည်း သို့မဟုတ် အများပိုင်ပစ္စည်းထိခိုက်ပျက်စီးခြင်း စသည့်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလေ့လာမှုအရ အမျိုးသမီးများ၏ ၂၁ ရာခိုင်နှုန်း၊ အမျိုးသားများ၏ ၂၃ ရာခိုင်နှုန်းဟာ ဖော်ပြပါထိခိုက်စေမှုမျိုး အနည်းဆုံး တစ်ကြိမ်လောက် အရက်သမားတစ်ဦးက ဖြစ်ပေါ်စေခဲ့သည်ကို ကြုံတွေ့ခဲ့ကြရပါတယ်။ အများဆုံးပုံစံက အသားယူခြင်းနှင့် ခြိမ်းခြောက်ခံရခြင်းများ ဖြစ်ပြီး အမျိုးသမီးနှင့် အမျိုးသား များ၏ ၁၆ ရာခိုင်နှုန်းလောက် ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အရက်သမားများ ကတော့ အသက် ၂၅ နှစ်အောက် အမျိုးသားများ ဖြစ်လေ့ရှိပြီး၊ အရက်အလွန်အကျွံ သောက်ထားသူများဖြစ်ကာ ၎င်းတို့ဟာ အိမ်ထောင်ကွဲနေသူများ သို့မဟုတ် ကွာရှင်းထားသူများ သို့မဟုတ် မုဆိုးဖို၊ မုဆိုးမများ ဖြစ်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါကြောင့် အဲဒီပြဿနာ နည်းပါးသွားစေရန် ပြောင်းလဲမှုများ ပြုလုပ်သင့်ကြောင်း (နမူနာအားဖြင့် အရက်အလွယ်တကူ ရရှိ နိုင်မှုကို မရနိုင်အောင်လုပ်ခြင်း၊ အရက်ဆိုင်နှင့် အရက်ပုလင်းရောင်းသော စတိုးဆိုင်များကို စော စောစီးစီးပိတ်ခြင်းကဲ့သို့သော အပြောင်းအလဲများ လုပ်သင့်ကြောင်း သိရပါတယ်။

မောင်
Ref: Healthcare asia.