နှစ်သစ်ကူးချိန်၊ ခရစ္စမတ်၊ သူငယ်ချင်းမွေးနေ့တွေ ရောက်လာတဲ့အခါ ယခင်က ကျွန်မကဒ် တွေ ပို့ခဲ့ပါတယ်။ စိတ်ကြိုက်ကဒ် ရဖို့လည်း လွယ်လှတာမဟုတ်ပါဘူး။ အခုတော့ အီးမေးလ်၊ Viber၊ Facebook တွေ အသုံးများလာတော့ ကဒ်ရှာစရာမလိုတော့ပါဘူး။ ဒါပေမဲ့ ဖေဖေဆွဲထားတဲ့ ချစ်စရာ ငှက်လေး ရေဆေးပန်းချီ ကားကို အိမ်လာလည်တဲ့ အချို့ သူငယ်ချင်းတွေက ကဒ်လုပ်ဖို့ အကြံပြုကြတာကို ပြန်အမှတ်ရမိ နေပါသေးတယ်။
ဖေဖေရဲ့ ချစ်စရာငှက်လေး ပန်းချီကားကို ကျွန်မတို့ ညီအစ်မ နှစ်ယောက်နှစ်ခြိုက်တာကြောင့် ပထမတော့ ဧည့်ခန်းစားပွဲပေါ်မှာ ထောင်ထားကြပါတယ်။ နောက်တော့ ဘန်ကောက်မှာ သေသေချာချာ ဘောင်ခတ်ပြီး ထမင်းစားခန်းမှာ ပြောင်းချိတ်ဆွဲထားလိုက် ကြတယ်။ ငှက်ပန်းချီကားလို့သာပြောရတာပါ။ ပန်းချီကားထဲမှာက ပန်းတွေ ပွင့်နေတဲ့ပန်းကိုင်းမှာ ငှက်ကလေးတစ်ကောင်နားနေတဲ့ ရိုးရိုးရှင်းရှင်းပန်းချီကားလေးတစ် ချပ်သာ ဖြစ်ပါတယ်။ ဖေဖေ ရေဆေးနဲ့ ဆွဲထားပြီး ၁၀ လက်မ × ၆.၅ လက်မသာ ရှိတာပါ။ ပုံလေးက ချစ်စရာကောင်းပြီး မြင်လိုက်တာနဲ့ စိတ်ကို ရွှင်လန်းစေတယ်လို့ ပြောရမဲ့ ကားချပ်ကလေးလို့ ကျွန်မ တင်စားပြောရတာဖြစ်ပါတယ်။
ပန်းချီကားချပ်ထဲက ငှက် ကလေးက ချစ်စရာကောင်းနေတာကို တွေ့ရပေမဲ့ ကျွန်မတို့ ညီအစ်မ နှစ်ယောက်အတွက်တော့ ခြံထဲမှာ ရှိနေတဲ့ ငှက်မျိုးစုံကြောင့် အမျိုးမျိုး ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ ပါ။
တကယ်တော့ ခြံထဲမှာ ငှက်တွေ အမျိုးစုံ၊ အရောင်မျိုးစုံရှိနေတာဆိုတော့ အိမ်ကို လာလည် သူတွေထဲမှာ ငှက်များကို လေ့လာဖို့ bird watchingလုပ်ဖို့ကောင်း တဲ့ နေရာလေးတစ်ခုလို့တောင် ပြောကြပါတယ်။ အခု သဘာဝ လေ့လာဖို့ tour တွေရှိလာတဲ့အထဲ bird watching တောင် ရှိလာပြီဆိုပဲ။
အရင်ကတော့ ခြံထဲမှာ ငှက်တွေ ဒီလောက် မစုံပါဘူး။ ငယ် ငယ်က ကိုကိုလေးခွနဲ့ ခြံထဲငှက်ပစ်ထွက်ရင် ကျွန်မက လောက်စာလုံးအိတ်လွယ်ပြီး လိုက်စမြဲပါ။ အဲဒီတုန်းက ကျီးကန်း၊ ဆက်ရက်၊ စာကလေးတွေလောက်သာ တွေ့ ဖူးခဲ့ပါတယ်။
နောက်တော့ အိမ်ကပ်လျက် နေတဲ့ မာမီကြာဒိုးက တစ်နေ့နှစ် ကြိမ် ခိုတွေကို ပေါင်မုန့်ကျွေးတာ ကို တွေ့ရပါတယ်။ ခိုတွေက အစာ ကျွေးချိန်ဆို အုပ်လိုက် မာမီ့ရဲ့ ခြံထဲကို ဆင်းလာတာကို ကျွန်မအမြဲ မြင်နေကြပါ။ မာမီဆုံးသွားပြီး နောက် ခိုတွေလည်း ကျွန်မတို့ ခြံဘက် သိပ်မလာတော့ပါဘူး။ အကောင်အနည်းငယ်သာ တွေ့ရ ပါတော့တယ်။
၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် သစ်ပင်တော်တော် များများလဲသွားတာကို ကျွန်မတွေ့ ရပါတယ်။ ခြံတွေရှင်းပြီး ကျွန်မတို့ အိမ်ပတ်ဝန်းကျင်မှာ အိမ်တစ်လုံး ပြီးတစ်လုံး ဆောက်ကြတာကို လည်း ကျွန်မသတိပြုမိပါတယ်။
သဘာဝအနေအထား ပြောင်း လဲသွားတော့ သက်ရှိသတ္တဝါများရဲ့ နေထိုင်ကျက်စားပုံတွေလည်း ပြောင်းလဲသွားတာ ဘယ်ဆန်းပါ့ မလဲ။ အရင်က တစ်ခါမှ မတွေ့ဘူး မမြင်ဘူးတဲ့ ငှက်မျိုးစုံ ခြံထဲကို ရောက်လာတော့တာပါပဲ။
ကျီးကန်းတွေက အရင်လိုရှိ မြဲရှိလျက်ဖြစ်ပါတယ်။ ကျီးကန်း များက သူတို့ရဲ့ အသိုက်များကို သစ်ပင်မြင့်မှာ ဆောက်လေ့ရှိကြ တယ်။ သူတို့ရဲ့ အသိုက်တွေက ခိုင်မာတောင့်တင်းတယ်လို့ ဆိုပါ တယ်။ ဒီလို တောင့်တင်းဖို့ သူတို့ ရဲ့ အသိုက်တွေက အချို့ငှက်များ လို သစ်ကိုင်းသစ်ရွက်နဲ့ ဆောက် ကြတာမဟုတ်ပါဘူး။ ခိုင်ခံ့အောင် သံတိုသံစတွေနဲ့ ဆောက်ကြတာ ပါ။ နာဂစ်တုန်းက ခြံထဲက အပင် ကြီးတွေ လဲပြိုသွားတော့ သစ်ပင် ထိပ်မှာ ရှိကြတဲ့ ကျီးကန်းသိုက်တွေ ကျလာပြီး ကျွန်မကိုယ်တိုင် မြင်ခဲ့ ရပါတယ်။
အခုလို အသိုက်ဆောက်ဖို့ သံတိုသံစရှာကြရာမှာ ဘယ်ဝေး ဝေးသွားပါ့မလဲ။ ကျွန်မတို့ အိမ် ရေတံလျှောက်တွေကို ချည်ထား တဲ့ သွပ်ကြိုးတွေကို ဆွဲဆွဲထုတ် ကြပါတယ်။ အချိန်မရွေး ခေါင်မိုး ပေါ်မှာ ဆွဲနေသံကြားနေရတာ ကြောင့် တချို့ဧည့်သည်များက ခေါင်မိုးပေါ် လူတက်နေလားလို့ တောင် မေးကြတာရှိပါသေးတယ်။ အိမ်သားများအတွက်ကတော့ မကြာခဏ အိပ်ရေးပျက်တာနဲ့ ကြုံ ကြရပါတယ်။
မေမေရှိစဉ်က ခြံထိပ်မှာ ငှက်စာကျွေးတတ်ပါတယ်။ မေမေ က စာကလေး၊ ဆက်ရက်တွေက အကောင်ငယ်ကြလို့ ကျီးကန်းတွေ က လုလုစားတတ်ကြောင်း၊ ငှက် ငယ်လေးတွေ အစာမစားရတာကို တွေ့တော့ မေမေကိုယ်တိုင် ရပ် စောင့်ပြီး ကျွေးရကြောင်း ကျွန်မ တို့ထံ စာရေးရင် ထည့်ရေးတတ် ပါတယ်။ နောက်ပိုင်း ငှက်တုပ်ကွေး တွေ မြန်မာပြည်မှာ ဖြစ်လာတာ ကြားတော့ မေမေ ငှက်စာမကျွေး တော့တာကို ကျွန်မတို့ သိရပါ တယ်။
ယခင်က ခြံထဲမှာ ခိုတစ် ကောင်နှစ်ကောင်လောက်ပဲ တွေ့ ရတတ်ပါတယ်။ ဒါပေမဲ့ နာဂစ် မုန်တိုင်းဖြစ်ပြီး အစာရေစာရှာရ ခက်တာကြောင့်ထင်ပါရဲ့ ခြံထဲက မြက်ခင်းမှာ ခိုတွေတော်တော်များ များ လာကြတာကို ကျွန်မတွေ့ရ ပါတယ်။ မြက်ပင်တွေရှည်ပြီး မြက် သီးတွေကို လာစားကြတယ်။ မြက် ခင်းမှာရှိတဲ့ ပိုးမွှားကောင်တွေကို လည်း စားကြပြန်ပါသေးတယ်။
နဂိုက မြက်ခင်းမှာ ဆက်ရက် လေးငါးဆယ်ကောင် အမြဲရှိပြီး ပိုးမွှားတွေကို လာစားနေကျပါ။ အခုတော့ သူတို့ရဲ့ စားကျက်ကို ခိုတွေက ယူသွားပါပြီ။ ခိုတွေမရှိ တဲ့အခါမှသာ ဆက်ရက်သုံးလေး ကောင်ကို ကျွန်မမြက်ခင်းပေါ်မှာ တွေ့ရပါတယ်။
ဒီဆက်ရက်တွေက မြက်ခင်း ပေါ်မရှိပေမဲ့အိပ်ခန်းပြတင်းပေါက် မှန်ဘောင်မှာ လာနားတတ်တာကို တွေ့ရတတ်တယ်။ ငြိမ်ငြိမ်နေ တယ်မထင်လိုက်လေနဲ့။ အသံမျိုး စုံ…အနည်းဆုံးအသံငါးမျိုး လောက် ထွက်ကြတာပါ။ အရင် ကတော့ ငှက်မျိုးစုံအသံတွေလို့ ကျွန်မ ထင်မိပါတယ်။
ဘယ်ဟုတ်ပါ့မလဲ။
သေသေချာချာစောင့်ကြည့် တော့ ဆက်ရက်တစ်ကောင်က အသံပြောင်းအော်နေတာကို တွေ့ ရတယ်။ ကျွန်မကိုယ်တိုင်ကြုံမှ ညီမလေးပြောပြောနေတာကို ယုံသွားပါတော့တယ်။
တစ်မနက် ကျွန်မခြံထဲက ရဲယိုပင်တွေအောက်မှာ ကြက်အ ရွယ်လောက်ရှိပြီး ကြက်နဲ့သဏ္ဌာန် ဆင်ဆင်တူတဲ့အကောင်တစ်ကောင် သွားနေတာကို တွေ့ရပါတယ်။ အရောင်က ညိုရင့်ရင့်၊ ကြက်နဲ့ လည်းတူနေလေတော့ အိမ်နီးချင်း တွေ မွေးတဲ့ကြက်လား၊ တောကြက် လား မဖြစ်နိုင်ဘူးလို့ ထင်မိပါ တယ်။ လာရာနေရာကို ပြန်စေချင် တာကြောင့် ကျွန်မခဲလုံးလေးပစ် ပြီး လှန့်လိုက်ပါတယ်။ အကောင် က ငှက်လိုမြင့်မြင့်မပျံဘဲ ခပ်နိမ့် နိမ့် နှေးနှေးပျံသွားပြီး အခြားအပင် တွေဘက် ရောက်သွားပါတယ်။ နောက်မကြာခဏ ခြံထဲတွေ့တတ် တာကြောင့် မေးမြန်းတော့ ဘုတ် ငှက်လို့ ပြောပါတယ်။
မနက် ၄ နာရီလောက် မှန်မှန် အိပ်ခန်းပြတင်းပေါက်ဘေးက သစ်ပင်မှာ လာကျွက်ကျွက်ညံ အောင် အသံစူးစူးနဲ့ အော်တတ် တဲ့ ငှက်လည်း အခုရောက်လာပါ တယ်။ ငှက်က အကောင်သေးသေး အဖြူနဲ့ အမည်းအကြားပါ။ အရွယ်နဲ့ မလိုက်အောင် အသံစူးရှ လွန်းလို့ သူတို့ရောက်လာတာနဲ့ အိပ်လို့မရပါဘူး။ ဘယ်လိုလှမ်း ခြောက်ခြောက် မကြောက်ဘဲ ဆက်အော်ကြတာ မနက် ၆ နာရီ ကျော်မှ ပျံသွားကြတယ်။ ကျွန်မတို့ တစ်တွေမှာ မနက်စောစော ရောက်လာတဲ့ ရွာဆော်ကို ဘယ် ကြည်နိုင်ပါ့မလဲ။
ဆောင်းဦးအလယ်လောက် ကနေ နွေဦးအစလောက်အထိ လာတတ်တာက ကျွန်မရဲ့ ငှက် ဝါလေးပါပဲ။ အရောင်က ခညေမေပ ပနူသတ ဆက်ရက်အရွယ်လောက်ရှိ ပြီး အမြင့်ပျံတဲ့ငှက်ပါ။ ခြံစည်းရိုး က သရက်ပင်ကိုင်းမှာနားပြီး ရောက်လာကြောင်းကို နားနားပြီး အသံပြုရှာတယ်။
ကျွန်မတို့တစ်တွေက…
“ငှက်ဝါလေး လာပြီလား” လို့ ပြောသံကြားရင် သူက သူနားနေ တဲ့ အကိုင်းကနေ နောက်တစ်ကိုင်း ကို ခုန်သွားပါတယ်။ တစ်ခါတစ်ရံ လည်း ပြတင်းပေါက်မှန်ဘောင် ပေါ် လာနားတတ်ပါတယ်။ ဒီလို နှုတ်ဆက်ပြီးခါမှ အမြင့်ကိုပျံသွား တာကို ကျွန်မတို့ မြင်ရပါတယ်။လူစကားနားလည်သယောင်ရှိတာ ကြောင့် ခြံထဲလာနေတဲ့ ငှက်တွေ ထဲမှာ ကျွန်မတို့ချစ်ပြီး နှစ်စဉ်လာ မဲ့အချိန်ကို မျှော်နေကြရပါတယ်။
နွေဦးပေါက်လာတဲ့အခါကြ တော့ ဥဩငှက်သံကို ကြားရပြန်ပါ တယ်။ အတန်းကျောင်းနေစဉ်က ဥဩငှက်သံကြားရင် စာမေးပွဲကြီး ဖြေဆိုရမဲ့ အချိန်ရောက်ပြီဆိုတာ သတိပေးနေသလိုပါပဲ။ တက္ကသိုလ် ရောက်ပြန်တော့လည်း ဒီဥဩသံ နဲ့ စာမေးပွဲကြီးအချိန်ကို သတိပေး နှိုးဆော်သလို ဖြစ်ခဲ့ပြန်တယ်။
ခြံထဲမှာ သစ်ပင်ကြီးတွေ များ တာကြောင့် ဥဩသံကို ကျွန်မတို့ အမြဲကြားနေရပါတယ်။ မြို့ထဲက လာကြတဲ့ ဧည့်သည်တွေက ဥဩ သံကိုကြားပြီး သဘောကျကြ တယ်။ မြို့ထဲမှာက ကျီးကန်းနဲ့ စာကလေးအသံသာ အများဆုံး ကြားရတယ်လို့ ပြောကြပါတယ်။
အမေရိကမှာ နှစ်လေးဆယ်လောက်နေပြီး ရန်ကုန် အလည်ပြန်လာတဲ့ သူငယ်ချင်းက အိမ်ကိုလာလည်ပါ တယ်။ ကျွန်မတို့တစ်တွေ စကားပြောနေစဉ် ဥဩ သံကြားတော့..
“ဥဩသံလား၊ မကြားရတာ ကြာလွန်းလို့ ကြားရတာ ငယ်စဉ်က အချိန်တွေ ပြန်သတိရမိတယ်”လို့ ပြောသွားခဲ့တယ်။
ညဘက်မှာမှ တစ်ခါတစ်ရံ ကြားရတတ်တဲ့အသံ ကို မသိတာကြောင့် ခြံထဲမှာနေတဲ့ မာလီကို မေးကြည့် ရတာပေါ့။ သူပြောပြမှ ဇီးကွက်အော်သံဆိုတာကို ကျွန်မ သိရပါတယ်။
အိမ်တွေ၊ အဆောက်အဦတွေကို ဒုက္ခပေးတတ် တာက ငှက်တွေဆိုတာကို တချို့က သတိမပြုမိကြ ပါဘူး။ ကျွန်မအိမ်မှာ ငှက်များချီလာတဲ့ ညောင်စေ့ ကြောင့် ရေတံလျှောက်တို့၊ ရေပိုက်အချိုးအကွေ့တို့နဲ့ ခေါင်မိုးပေါ်မှာ ညောင်ပင်တွေ ပေါက်လာပါတယ်။ မြင်မြင်ချင်း အပင်ငယ်ရင်တော့ ဆွဲနှုတ်တဲ့အခါ အမြစ်ပါ ပါလာပါတယ်။ အပင်ကတစ်ထွာသာသာ ရှိသွားရင်တော့ အမြစ်ပါ ဆွဲနုတ်လို့ မရတော့ပါဘူး။ ဒီအတိုင်းထားခဲ့မိရင် ညောင်ပင်က ပြန်ထွက်လာပါ လေရော။ ဒီတော့ သေချာအောင် အမြစ်သတ်ဆေးပါ တစ်ခါတည်း သုံးကြရပါတယ်။
ညောင်စေ့က သစ်ပင်ကိုင်းကြားမှာလည်း ကျပြီး အပင်ပေါက်တတ်ပါသေးတယ်။ ဒါကို လူတွေက ပို မသိကြပါဘူး။ သစ်ကိုင်းပေါ်မှာပေါက်တော့ သစ်ရွက် စိမ်းစိမ်းနဲ့ နဂိုအပင်နဲ့ရောသွားတာကိုး။ ဒါကြောင့် လည်း အိမ်က မရမ်းပင်ကြီးထိပ်ဘက်အပိုင်းမှာ ညောင်ပင် လူတစ်ရပ်ကျော်ကျော်ရှိသွားမှ ကျွန်မသတိ ထားမိပါတယ်။ မရမ်းပင်ရဲ့ ပင်စည်ကိုပါတွယ်ပြီး ပေါက်နေတာကြောင့် သစ်ခုတ်သမားခေါ်ပြီး ခုတ်ယူ ရသည်အထိ ဖြစ်သွားတာမျိုးလည်းကြုံရပါသေးတယ်။
ခြံထဲမှာ အခြားငှက်တွေလည်း ရှိပါသေးတယ်။ တစ်ခါတစ်ရံသာလာတာကြောင့် အဲဒီငှက်တွေ အကြောင်းတော့ ကျွန်မသိပ်မသိပါဘူး။ ငှက်သံတွေ အမျိုးမျိုးကြားနေကြဖြစ်ပေမဲ့ ငှက်နဲ့တွဲလျက် မတွေ့ ရတာကြောင့် ဘယ်ငှက်က ဘယ်အသံထွက်နေလဲ တော့ မသိရဘူးပေါ့။
ကျွန်မ အစမှာပြောသလို ဖေဖေ့ပန်းချီကားထဲက ငှက်လေးက ချစ်စရာကောင်းပေမဲ့ ခြံထဲက အခြား ငှက်တွေက ကျွန်မတို့အတွက် အနှောင့်အယှက်ပေး တာကြောင့် မုန်းစရာကောင်းတယ်လို့ ပြောပြရမှာပါပဲ။ နားငြီးလွန်းလို့ပေါ့။
ဒီငှက်ကလေးတွေက တစ်ခါတစ်ရံ ပန်းချီကား ထဲကလို ချစ်စရာကောင်းပြီး အသံသာသာယာယာနဲ့ တေးဆိုနေသလို အသံလေးတွေ ထွက်နေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံတော့ အင်မတန်မုန်းစရာ ကောင်းလောက်အောင် ပွက်ပွက်ညံ နားငြီးအောင် ဆူညံကြတဲ့အပြင် အပင်က အသီးတွေကို နှုတ်သီးနဲ့ ထိုးလိုထိုး၊ ဖောက်စားတဲ့အပြင် အကင်းလေးတွေလည်း ေြွခချတတ်ပါတယ်။ အဲဒီအပြင် အသီးသေးခဲ့ရင် နှုတ် သီးနဲ့ ခူးပြီး ချီသွားတတ်ပါတယ်။ ဒါကို ဟိုနားချ ဒီနားချပြီး စားတတ်တာကြောင့် ခြံထဲတော်တော် ညစ်ပတ်အောင်လည်း လုပ်ပါသေးတယ်။ သူတို့ စားပြီး အစေ့က အပင်တွေပေါက်လာခဲ့ရင်လည်း လိုက်နှုတ် ရတာက အလုပ်တစ်ခုပါပဲ။ တစ်ခါတလေ မမြင်မိ လိုက်လို့ အပင်ကြီးလာရင် တူးထုတ်ရတာမျိုးလည်း ကြုံရပြန်ပါတယ်။
သူတို့လေးတွေက သက်ရှိအကောင်လေးတွေ ဆိုတော့ ခွေးတွေ၊ ကြောင်တွေလို မောင်းထုတ် လို့ လည်းမရ။ မလာပါနဲ့ဆိုပြီး စာကပ်ထားလို့လည်း မရ ပြန်ပါဘူး။ အဲဒီတော့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ဒွန်တွဲပြီး အတူတကွ ဆက်လက် နေထိုင်သွာကြရပါလေတော့ သတည်းပေါ့။

278 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here