ဆားက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ဆားရဲ့ကောင်းကျိုးတွေကတော့…….
♦ ခန္ဓာကိုယ်တွင်း အရည်ဓာတ်ကို မျှခြေဖြစ်အောင်ထိန်းညှိပေးပါတယ်။
♦ အစာခြေခြင်းကို ကူညီပါတယ်။
♦ သွေးတွင်းအက်စစ်ဓာတ် အခြေအနေကို ထိန်းပေးပါတယ်။
♦ အာရုံကြောများအတွင်း သတင်းပို့လွှတ်မှုကို ကူညီပါတယ်။
#ဆားရဲ့ ဆိုးကျိုးတွေကတော့………
♦ ဆားများစွာ စားပါက ခန္ဓာကိုယ်အတွင်း၌ ရေတွေ အများကြီးစုဝေးစေပြီး သွေးဖိအားလည်း တက်လာစေပါတယ်။
♦ သွေးကြောများ ပျက်စီးလာနိုင်ပါတယ်။
♦ ဆိုဒီဓာတ်ရဲ့ အကြီးမားဆုံးအန္တရာယ်ကတော့ သွေးဖိအားမြင့်တက်ခြင်း ဖြစ်ပါတယ်။
♦ သွေးဖိအားများရာမှတစ်ဆင့် လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ သတိမေ့ခြင်းစတဲ့ ရောဂါများရနိုင်ပါတယ်။
♦ လူသိနည်းသေးတဲ့ ကျန်းမာရေးပြဿနာကတော့ အရိုးပါးရောဂါ၊ အစာအိမ်ကင်ဆာ နှင့် ကျောက်ကပ်ကျောက်တည်ခြင်းရောဂါများဖြစ်တတ်ပါတယ်။
ဆားစားတဲ့အခါ………
♦ ဒါကြောင့် ဆားစားခြင်းကို လျှော့ရပါမယ်။
♦ အကန့်အသတ်နဲ့ စားရပါမယ်။
♦ အဆင်သင့် ထုပ်ပိုးထားတဲ့ စားစရာများကို ဝယ်တဲ့အခါ “ဆားလျှော့ထည့်ထားသည်” ဟု စာညွှန်းရေးထားတဲ့ စားစရာကို ရွေးချယ်ဝယ်ယူပါ။
♦ စွပ်ပြုတ်ဟင်းရည်များထဲတွင် ဆားလျှော့ထည့်ပါ။ ဆားအစားအမွှေးအကြိုင်များ၊ သဘာဝ ဆေးဖက်ဝင်ပစ္စည်းများ ထည့်သွင်း အသုံးပြုပါ။ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ငရုတ်ကောင်းမှုန့်များ အစားထိုးသုံးစွဲပါ။
♦ ဆိုဒီယမ် (ဆား) ဓာတ် လူကြီးတစ်ယောက်အတွက် တစ်နေ့လျှင် ၁၅၀၀ မီလီဂရမ် (အများဆုံး ၂၃၀၀ မီလီဂရမ်)လို အပ်ပါတယ်။