ဆံသားတွေ ကျန်းမာပြီးတောက်ပဖို့၊ အာဟာရဓာတ်တွေ ရရှိဖို့အတွက် အနည်းဆုံးတစ်ပတ်မှာ တစ်ကြိမ်တော့ မဖြစ်မနေ ထိန်းသိမ်းကုသပေးသင့်ပါတယ်။ သင့်အနေနဲ့ ဆံပင်တွေကမသန်စွမ်းဘူး၊ ပါးလာနေတယ်လို့ခံစားရရင် အခုဖော်ပြပေးမဲ့ကုထုံးကို တစ်ပတ်မှာ တစ်ကြိမ်လောက် ပြုလုပ်ပေးလိုက်ပါ။

ကုထုံး
လိုအပ်သောပစ္စည်းများ
ကြက်ဥ (အကာ)    – ၂ လုံး
ဗာဒံစေ့ဆီ            – စားပွဲတင်ဇွန်း ၂ ဇွန်းစာ
ပျားရည်              – စားပွဲတင်ဇွန်း ၂ ဇွန်းစာ

ပြုလုပ်ပုံ
ဇလုံတစ်ခုထဲမှာ ကြက်ဥ အကာအကြည်ရည်ကိုထည့်လိုက်ပါ။
ထိုအထဲသို့ဗာဒံစေ့ဆီနှင့် ပျားရည်တို့ ထည့်လိုက်ပြီးခလောက်လိုက်ပါ။
ထိုအနှစ်များကို ဆံသားပေါ် အနှံလိမ်းလိုက်ပြီး Shower Cap ဖြင့် အုပ်လိုက်ပါ။
၂ နာရီလောက်ထားပြီး နောက် ခေါင်းလျှော်ချလိုက်ပါ။

အကျိုးကျေးဇူးများ
ကြက်ဥရဲ့အဖြူရောင်အနှစ် မှာ ပရိုတိန်းဓာတ်တွေ ကြွယ်ဝလို့ ပျက်စီးနေတဲ့ ဆံသားတွေကို ပြုပြင်ပေးတယ်။ ပြီးတော့ ဆံသားတွေကို တောက်ပပြီး ပိုးသားလို နူးညံ့စေတယ်။
ဗာဒံစေ့ဆီက ဆံသားကို သန်စွမ်းစေတယ်။ တောက်ပစေ တယ်။ဆံသားတွေတွန့်လိမ်နေတာကို လျှော့ချပေးတယ်။
ပျားရည်က ဆံသားကို ရေဓာတ်ဖြည့်ပေးတယ်။ တောက်ပ လာစေတယ်။ ဆံသားတွေကျိုးပဲ့တာကို လျှော့ချပေးတယ်။
(** ဒီနည်းကို တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးလိုက်ရင် သင့်ဆံသားတွေ သန်စွမ်းတောက်ပလာတာကို တွေ့မြင်ရမှာပါ။)

 

ပန်းသွေးခြယ်