ဆေးရွက်ကြီးထိန်းချုပ်ရေး နှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်ရေး အာရှပစိဖိတ် မြို့တော်များ မဟာမိတ်အဖွဲ့ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး 4th Asia Pacific Cities Alliance for Tobacco Control and Prevention of Non communicable Disease Summit (4th APCAT Summit) အစည်းအဝေးကို ၂၅-၉-၂၀၁၉ ရက်နေ့နှင့် ၂၆-၉-၂၀၁၉ရက်နေ့ များတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် အင်ဒိုနီးရှားရိုးရာ အကပဒေသာများ၊ အင်ဒိုနီးရှား နိုင်ငံတော်သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး အမှာစကားများကို သက်ဆိုင်ရာပုဂ္ဂိုလ်များက ပြော ကြားခဲ့သည်။ ပထမဦးစွာ APCAT အဖွဲ့၏ တွဲဖက်ဥက္ကဋ္ဌ၊ ဘိုဂိုမြို့ တော်ဝန် Dr. Bima Arya က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် APCAT ကို မိတ်ဆက်ခြင်း နှင့် ရည်ရွယ်ချက်များကို APCAT တွဲဖက်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဘလန်ဂါမြို့တော်ဝန် Francis A.S Garcia က ရှင်းလင်းပြောကြားခဲ့ သည်။ ထို့ပြင် The Union မှ သိပ္ပံဆိုင်ရာ ဒါရိုက်တာ Dr. Paula Fujiwara ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာကိုယ်စား လှယ် Bloomberg Philanthropies မှ ညွှန်ကြားရေးမှူး Dr. Kelly Henning ၏ အမှာ စကားဗီဒီယိုဖိုင်၊ အင်ဒိုနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ အင်ဒိုနီး ရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တို့အပါအဝင် ကိုယ်စားလှယ်များ ကအဖွင့်အမှာစကားများအသီးသီး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မကူးစက်တတ် သောရောဂါများနှင့် ဆေးရွက်ကြီး ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနှင့် ကမ္ဘာလုံး ဆိုင်ရာနှင့် နိုင်ငံအလိုက် တုံ့ပြန်မှု များကို နားလည်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ သက် ဆိုင်ရာ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့် မြို့တော်ဝန်များ မဟာမိတ်အဖွဲ့မှတစ်ဆင့် မူဝါဒ ခိုင်မာရေးခေါင်းစဉ်ဖြင့်လည်း နှီး နှောဖလှယ်ပွဲတစ်ရပ် ကျင်းပခဲ့သည်။

ထို့ပြင် မကူးစက်တတ်သော ရောဂါများနှင့် ဆေးရွက်ကြီးထိန်း ချုပ်ရေးကဏ္ဍတွင် ပါလီမန်အမတ် များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လည်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျန်းမာရေး နှင့် ညီညွတ်သော မြို့တော်ကြီး များအတွက် မိတ်ဖက်ဆောင် ရွက်ခြင်းခေါင်းစဉ်ဖြင့်လည်း ဆွေး နွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ ဤ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ပါဝင် ဆွေးနွေးခဲ့သည်။

ပထမနေ့ညပိုင်းတွင် ဘိုဂိုမြို့ တော်ဝန်က တည်ခင်းဧည့်ခံသော ညစာစားပွဲကို ဘိုဂိုမြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး မြို့တော်ဝန်များအား AP CAT Award 2019 ဆုများ ချီး မြှင့်ခဲ့သည်။

ဒုတိယနေ့တွင် တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးသည် မကူးစက်တတ်သောရောဂါများ ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် Walk the talk အစီအစဉ်ကို ပြုလုပ်ခဲ့ရာ စုပေါင်း၍ လမ်းလျှောက်ခဲ့ကြပြီး ဘိုဂိုမြို့ ရုက္ခဗေဒဥယျာဉ်တွင် အေရိုးဗစ်လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့် ခဲ့ကြသည်။

ထို့နောက် ဘိုဂိုမြို့တွင် မူဝါဒ ကို လက်တွေ့အဖြစ် ပြောင်းလဲ ကျင့်သုံးခြင်းကဏ္ဍအဖြစ် ဘိုဂိုမြို့ တော် ဆန်ပါပန်းခြံတွင် Smoke Free Generation ဆေးလိပ်ငွေ့ ကင်းစင်သော မျိုးဆက်သစ်များနှင့် အတူ ဆေးလိပ်ဆန့်ကျင်ရေးလှုပ် ရှားမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဘိုဂိုမြို့လယ်တစ်နေရာတွင် ဆေး လိပ်မသောက်ရန် တားမြစ်ထား သောနေရာများ၌ဆေးလိပ်သောက် ခြင်းကြောင့် ဥပဒေချိုးဖောက်မှု များအား ဖမ်းဆီးအရေးယူအပြစ် ပေးမှု ပြုလုပ်နေပုံများကို လက် တွေ့လေ့လာခဲ့ကြသည်။

ထို့နောက် မကူးစက်တတ် သောရောဂါများနှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် Championing best-buys ခေါင်းစဉ်ဖြင့်လည်း စား ပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာနိုင်ငံမှ နေပြည်တော် စည် ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့် ပါဝင်ဆွေးနွေးခဲ့သည်။

နောက်ထပ်အစီအစဉ်တစ်ခု မှာ မကူးစက်တတ်သော ရောဂါ များကာကွယ်ရေးနှင့် ဆန့်ကျင် ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့အစည်း များ ခေါင်းစဉ်ဖြင့်လည်း ဆွေးနွေး ခဲ့သည်။ အမျိုးသားမူဝါဒနှင့် အစီအစဉ်များကို လက်တွေ့အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်း ခေါင်း စဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာကျော်ကံကောင်း က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ နောက် တက်ရောက်လာသူအသီး သီးက မိမိတို့မြို့တော်အလိုက် ဆောင်ရွက်မည့် Action plan များကို အသီးသီးတင်ပြခဲ့ကြသည်။ မြန်မာနိုင်ငံမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှူး ဒေါက်တာ သန်းသန်းလွင် ပါဝင်တင်ပြခဲ့သည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး Bogor Declaration ထုတ်ပြန်ချက်ကို ကြေညာခဲ့သည်။

ဆက်လက်၍ ၂၀၂၀ ပြည့် နှစ်တွင် (၅) ကြိမ်မြောက် အဖြစ် ပြုလုပ်မည့် 5th APCAT ကို နီပေါ နိုင်ငံ Bharatpur မြို့တွင် ကျင်းပမည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး နိဂုံးချုပ်အမှာစကားများ အသီးသီး ပြောကြားကာ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ဤအစည်းအဝေးသို့ အာရှ ပစိဖိတ် ၁၂ နိုင်ငံရှိ မြို့တော်ကြီး ၄၀ မှ မြို့တော်ဝန်များ၊ ဥပဒေ ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ၊ မီဒီယာများ စုစု ပေါင်း ၃၀ဝ ကျော် တက်ရောက်ခဲ့ ကြသည်။

မောင်