ဒေါက်တာကျော်ကံကောင်း
ညွှန်ကြားရေးမှူး
မကူးစက်တတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂိုမြို့မှာ ကျင်းပခဲ့တဲ့ 4th AP CAT အစည်းအဝေးမှာ Road Map for Prevention of NCDs and Tobacco Control အကြောင်းကို ဆွေးနွေးခဲ့တာပါ။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိဆောင် ရွက်နေတဲ့ အကြောင်းအရာတွေနဲ့ ဆက် လက်ဆောင်ရွက်သွားမဲ့ကိစ္စတွေကို တင်ပြခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မကူး စက်တတ်သောရောဂါ (Non Communi-cable Disease-NCDs) တွေဘာတွေဖြစ် နေလဲ။ ဝန်ထုပ်ဝန်ပိုးက ဘာတွေလဲ။ လုပ်နေတဲ့ လှုပ်ရှားမှုတွေထဲမှာ Framework တွေက ဘာတွေရှိသလဲ။

မြန်မာနိုင်ငံမှာ NCDs နဲ့ ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးတွေက ၂၀၁၆ ခုနှစ်စာရင်းအရ စုစုပေါင်း ဆေးရုံတက်တဲ့ လူဦးရေ ရဲ့ ၄၁ ရာခိုင်နှုန်းက NCDs တွေဖြစ်နေပါ တယ်။ အဲဒီထဲမှာ Major NCDs တွေကတော့ ဆီးချိုသွေးချို၊ သွေး တိုး၊ နှလုံးရောဂါ၊ ကင်ဆာနဲ့ နာတာရှည် အဆုတ်ရောင်ရောဂါတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ် အတွင်းမှာ စုစုပေါင်း သေဆုံးမှု တွေရဲ့ ၆၈ ရာခိုင်နှုန်းက NCDs ရောဂါတွေကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။

NCDs ရောဂါတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် နံပါတ် (၁) အကြောင်းရင်း က ဆေးလိပ် သောက်လို့ဖြစ်တယ်။ နံပါတ် (၂) က အရက်အလွန်အကျွံ သောက်လို့။ နံပါတ်(၃) က အန္တရာယ် ရှိတဲ့အစားအသောက်တွေဖြစ်တဲ့ အချိုကဲ၊ အငန်ကဲ၊ အဆီကဲတဲ့ အစားအစာတွေ စားလို့။ နံပါတ် (၄) က ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်းနဲ့ နံပါတ် (၅)က လေထု ညစ်ညမ်းခြင်း တို့ကြောင့်ဖြစ်ပါတယ်။

NCDs တွေကြောင့် သေဆုံးမှု ထဲမှာ ဦးနှောက်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်ပြီးသေဆုံးတာက ၂၅ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ကြောင့် သေဆုံးတာက ၁၃ ရာခိုင် နှုန်း၊ နာတာရှည်အသက်ရှူလမ်း ကြောင်းရောဂါတွေကြောင့် သေ ဆုံးတာက ၈ ရာခိုင်နှုန်း၊ ဆီးချို သွေးချိုရောဂါကြောင့်သေဆုံးတာ က ၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီရောဂါကြီး ၄ မျိုးဖြစ်ပွားရတဲ့ အကြောင်းရင်းက ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်နေပါ တယ်။

ပြည်သူလူထုအနေနဲ့ ဒီ ရောဂါတွေ မဖြစ်ပွားခင်မှာ ကြို တင်ကာကွယ်ရေးတွေလုပ်ရပါမယ်။အဓိကရောဂါကြီး ၄ မျိုးမဖြစ်သေး ခင်မှာ ရောဂါဖြစ်စေတဲ့အကြောင်း ရင်း တွေကိုလျှော့ချနိုင်မယ်ဆိုရင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

နောက်တစ်ခုက ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေဖြစ်နေတဲ့ သူတွေထဲမှာမှ ရောဂါရှိပေမဲ့ ကိုယ့်မှာဒီရောဂါရှိနေမှန်းမသိကြ တဲ့သူတွေလည်းရှိနေတယ်။ ရော ဂါရှိမှန်းသိပေမဲ့ ကုသမှု မခံယူတဲ့ သူတွေလည်းရှိနေတယ်။ ဒီလိုလူ တွေရောဂါကို အလွယ်တကူ ကုသ နိုင်ဖို့ မြို့နယ်ကျန်းမာရေးဌာနတွေ၊ ကျေးလက်ကျန်းမာရေးမှာ ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါတွေ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းတွေပြုလုပ်ပေးနေပါ တယ်။ ဒါက ဒုတိယအဆင့်ကာ ကွယ်ရေးလုပ်ငန်းပါ။

အဲဒီကာကွယ်ရေးလုပ်ငန်း တွေအတွက် road map ကိုဆွဲခဲ့ပါ တယ်။ Tobacco Control Road Map မှာ အရေးကြီးတာက အစိုးရ ရဲ့ Coordination က ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ် ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတစ်ခုတည်း လုပ်ရုံနဲ့ မအောင်မြင်နိုင်ဘူး။ နှီးနွယ်တဲ့ ဝန်ကြီးဌာနတွေအားလုံးပါဝင် ဆောင်ရွက်မှရမယ်။ ဒီ့အတွက် ကြောင့် ဥပမာ- အခွန်ကောက်ခံ ခြင်းဆိုရင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆောင်ရွက်ရမယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက ဆောင်ရွက်ရမယ်။ ဥပဒေကိုလေး စားလိုက်နာဖို့ကိစ္စကကျတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန် ရှိတယ်။ ဒါကြောင့် အားလုံးပူး ပေါင်းဆောင်ရွက်မှုက အရေးကြီး တယ်။

Road map မှာ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးဆုံးပါ ပဲ။ ပူးပေါင်းဆောင်ရွက်မှုအတွက် Central Tobacco Control Committee ဆိုတာရှိပါတယ်။အဲဒီ ကော်မတီမှာဝန်ကြီးဌာန၂၄ခုပါဝင် ပြီး ဖွဲ့စည်းထား ပါတယ်။ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကော်မတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်။ ဒီကော်မတီက မကြာခင်မှာ အစည်းအဝေးလုပ်ဖို့လည်းရှိပါတယ်။

ဒါ့အပြင် road map ရဲ့နောက်ထပ်လုပ်ငန်းစဉ်ကလက်ရှိဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေကိုလည်း ပြင်ဆင်ဖို့ပါ။ အဲဒီဥပဒေ မှာ အားနည်းချက်တွေ၊ ဟာကွက် တွေရှိနေလို့ပါ။

နောက်တစ်ခုက ဆေးလိပ် နဲ့ဆေးရွက်ကြီး သောက်သုံးမှုကို ထိန်းချုပ်တဲ့နေရာမှာ ချဉ်းကပ်ရမဲ့ နည်းလမ်း Approach တွေရှိပါတယ်။ လူငယ်တွေမှာ အမူအကျင့်ပြောင်း ဖို့ အခြေခံပညာကျောင်းတွေက ချဉ်းကပ်တာ ရှိမယ်။ ဒါဆို Health Promotion (ကျန်းမာရေးမြှင့်တင် ခြင်း) က အရေးကြီးတာပေါ့။ ခု နောက်ပိုင်းတော့ Health literacy promotion (ကျန်းမာရေးအသိ ပညာမြှင့်တင်ရေး) လို့သုံးပါတယ်။ ကျန်းမာရေးအသိပညာမြင့်လာပြီး ကိုယ်တိုင်ဆောင်ရွက်မှဖြစ်ပါမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ M Power နည်းဗျူဟာအရ စောင့်ကြပ်ကြည့်ရှုခြင်းကိစ္စတွေ ဆက်လုပ်ရပါမယ်။ ဆေးလိပ် သောက်သုံးမှု များလာသလား၊ နည်းသွားသလားစောင့်ကြည့်ရ ပါမယ်။ ဆေးလိပ်ငွေ့ကင်းစင်နယ် မြေတွေ ထူထောင်ရမယ်။ ဆေး လိပ်ငွေ့ကင်းစင် နယ်မြေတွေ များများ ထူထောင်နိုင်ရင် ဆေး လိပ်မသောက်တဲ့သူတွေအတွက် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရ မှုကို လျှော့ချနိုင်ပါမယ်။

ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေး လိပ်ဖြတ်ဖို့ facility တွေထားပေးရ မယ်။ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေ အတွက် တိုင်ပင်ဆွေးနွေးနိုင်ဖို့ လုပ်ပေးရမယ်။ ဒါလည်း road map ထဲမှာပါပါတယ်။
နောက်တစ်ခုက အခွန်တိုး မြှင့်ကောက်ခံခြင်းကလည်း ထိ ရောက်တဲ့နည်းလမ်းတစ်ခုဖြစ်လို့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးအပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံခြင်းနည်းလမ်း ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုဆိုရင်ပြည်ထောင်စုဝန်ကြီးက ဆေးလိပ်ဘူးတွေကို ဗြောင်ထုပ်ပိုး ဖို့တိုက်တွန်းနေပါတယ်။ လော လောဆယ်မှာ ဆေးလိပ်ဘူးတွေ ပေါ်မှာ ကျန်းမာရေးသတိပေး စာတန်းတွေဖော်ပြနေရာက ဗြောင် ထုပ်ပိုးမှုကိုသွားဖို့ စတင်ပြင်ဆင် နေပါပြီ။

ဒီလုပ်ငန်းကြီးအောင်မြင်ဖို့အတွက် Multi sectoral Collaboration လိုတယ်။ ဒီလုပ်ငန်းကို တစ်စိုက်မတ်မတ်လုပ်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေလို မယ်ဆိုတာတွေ ပြောပြဆွေးနွေးခဲ့တယ်။