ဦးစိုးလွင်
ဒုတိယမြို့တော်ဝန်
ဒုတိယဥက္ကဋ္ဌ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်ဆေးလိပ်ငွေ့ကင်းစင် ရေးနယ်မြေ ထူထောင်ခဲ့ပုံ အကြောင်း ရှင်း လင်းဆွေးနွေးခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ကျောက်တံတားမြို့နယ်တွင် ပထမဆုံးဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Vital Strategies နှင့် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး Bloomberg Philanthropies မှ ရန်ပုံငွေ ထောက်ပံ့ခဲ့ ကြောင်း ရှင်းပြခဲ့သည်။ အဆင့် ၅ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၌ ဆေးလိပ်ငွေ့ကင်း စင်သော မြို့နယ်တစ်ခုကို ရှေ့ပြေး စမ်းသပ်မှုမြို့နယ်အဖြစ် ပထမဦး ဆုံးရွေးချယ်ခဲ့ကြောင်း၊ လုပ်ငန်း အကောင်အထည်ကော်မတီဖွဲ့စည်း ရေးလမ်းညွှန်များကိုမျှဝေခဲ့ပြီး သက် ဆိုင်ရာအရာရှိများအား လုပ်ငန်း ကော်မတီဖွဲ့စည်းရန်အတွက် အား ပေးမြှင့်တင်ခဲ့ကြောင်း၊ ၎င်းမှာဒုတိယ အဆင့်ဖြစ်ကြောင်းပြောပြခဲ့သည်။
တတိယအဆင့်တွင် မြို့နယ် အဆင့် အသိပေးအစည်းအဝေး များနှင့် သင်တန်းလေ့ကျင့်မှုများကို ကျောက်တံတားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ် ခဲ့ကြောင်း၊ လုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင် များထဲတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့နယ်ပညာရေးဌာန၊ ကြက်ခြေနီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စသည်တို့မှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း၊ အဆိုပါ ကော်မတီ ၏ တာဝန်နှင့် ဝတ္တရားများမှာ အများပြည်သူ အသိပေးမြှင့်တင်မှု ပြုလုပ်ရန်၊ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်များနှင့် ပိုစတာများ ဖြန့်ဝေရန်၊ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် စစ်ဆေးခြင်း ပုံမှန်ပြုလုပ်ရန် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

စတုတ္ထအဆင့်တွင် သက်ဆိုင် ရာ ဆေးလိပ်မသောက်ရသည့် နေရာများ၌ လိုက်နာဆောင်ရွက် မှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးကြည့်ရှု ရာတွင် အချက်များ (Check List) ရှိကြောင်း၊ ゞင်းတို့မှာ ဆေးလိပ် မသောက်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်ရှိ/မရှိ၊ ဆေးလိပ် သောက်နေသူများ မြင်တွေ့ရခြင်း ရှိ/မရှိ အခန်းများအတွင်း၌ ဆေးလိပ် သောက်ရန် ခွင့်ပြုထားခြင်း ရှိ/ မရှိ၊ အခန်းတွင်း၌ ဆေးလိပ် မသောက်ရန် သတိပေးတားမြစ်မှု ဆိုင်းဘုတ် ရှိ/မရှိ၊ ဆေးလိပ် သောက်ရန်သီးသန့်နေရာ သတ်မှတ် ပေးထားခြင်းရှိ/မရှိစသည်တို့ ပါ ဝင်ကြောင်း ပြောပြသည်။

စောင့်ကြပ်ကြည့်ရှု စစ်ဆေး ခြင်း ပထမဆုံးပြုလုပ်ခဲ့သည့် ရလဒ် အရ လိုက်နာဆောင်ရွက်သည့်နှုန်း ၅၇ ရာခိုင်နှုန်းသာရှိကြောင်း ရှင်းပြခဲ့သည်။
ပဉ္စမအဆင့်တွင် ကျောက်တံ တားမြို့နယ်အား ဆေးလိပ်ကင်းစင် နယ်မြေ စတင်ဦးဆောင် တည်ထောင် နိုင်ခဲ့သည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြားမြို့နယ် များတွင်လည်း စေ့ဆော်မှု ရရှိခဲ့ ကြပြီး ဆေးလိပ်ကင်းစင်မြို့နယ် များအဖြစ် ထူထောင်ရန် စိတ်ပါ ဝင်စားလာခဲ့ကြကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ မေလတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း နောက်ထပ် ၁၀ မြို့နယ်အထိ တိုးချဲ့လုပ် ဆောင်ရန် အစည်းအဝေးပြုလုပ်ခဲ့ ကြောင်း၊ ထိုမြို့နယ်များတွင် အသိ ပေးတင်ပြသည့် အစည်းအဝေးများ နှင့် သင်တန်းပေးမှုများ မကြာမီ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း တင်ပြခဲ့သည်။

စိန်ခေါ်မှုများလည်း ရှိကြောင်း၊ ၂၀ဝ၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဆေးရွက်ကြီးထိန်းချုပ်မှုဥပဒေအရ စီးကရက်တစ်လိပ်ချင်း ရောင်းချမှု တားမြစ်ထားသော်လည်း တစ်လိပ် ချင်း ရောင်းချမှုရှိနေဆဲပင်ဖြစ် ကြောင်း၊ ထို့ကြောင့် စီးကရက်ဘူး ခွံပေါ်တွင် ဖော်ပြထားသော ဆေးလိပ် သောက်ခြင်း၏ ကျန်းမာရေး အန္တရာယ် သတိပေးရုပ်ပုံလွှာ၏ ထိရောက်မှုကို လျော့နည်းစေသည် သာမက ကလေးငယ်များနှင့် ထိခိုက် ခံစားလွယ်သည့် အုပ်စုများကို စီးကရက် အလွယ်တကူလက်လှမ်း မီစေလျက်ရှိကြောင်း၊ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးများ အား မှတ်ပုံတင်မပါဘဲ ဝယ်ယူနိုင် ဆဲဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ ဥပဒေတွင် အီး- စီးကရက်များနှင့် အငွေ့ရှူကိရိယာ (Vaping Products) များ ပါဝင်သေးခြင်းမရှိကြောင်း၊ ဆေးလိပ်ရောင်းချမှု၊ သုံးစွဲမှုနှင့် လက်လှမ်းမီမှု လျော့ကျသွားစေရန် စီးကရက်ရောင်းရန် လိုင်စင်ထုတ် ပေးထားဖို့ လိုအပ်ကြောင်း ရှင်းပြခဲ့ ပါသည်။

ဥပဒေချိုးဖောက်ပါက ပြစ်မှု ပြစ်ဒဏ်များ ချမှတ်ခြင်းကို တိုးမြှင့် ရန်နှင့် မြို့လယ်ကောင်နေရာသည် လူဦးရေ အလွန်ထူထပ်သော ကြောင့် တံခါးဝင်ပေါက်မှ အနည်း ဆုံး ၁၀ မီတာအကွာ အဝေး၌သာ ဆေးလိပ်သောက်နိုင်သည့်နေရာ သတ်မှတ်ပေးရေးဟူသော ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် မြန်မာ နိုင်ငံ ဆေးလိပ်ကင်းဝေးရေး သတိ ပေးချက်အတိုင်း ဆောင်ရွက်ရန် အခက်အခဲဖြစ်နေကြောင်း စသည် ဖြင့် ရှင်းလင်းခဲ့ပါသည်။