Dr. Bima Arya
မြို့တော်ဝန်
Bogor, Indonesia

(အဖွင့်အမှာစကားပြောကြားမှုမှ ကောက်နုတ်ဖော်ပြပါသည်။)

ယခုမှစ၍ မိမိပြောကြားမည့် အဖွင့် အမှာစကားအပြီးအချိန်အတွင်း၌ ကမ္ဘာ ပေါ်တွင် လူ ၇၆ ဦးသည် ဆေးရွက်ကြီး ကြောင့် သေဆုံးကြရပြီး ၎င်းတို့ထဲမှ ၂ ယောက်မှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ် ကြောင်း၊ ကမ္ဘာပေါ်တွင်ဆေးရွက်ကြီး ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နှစ်စဉ် လူ ၈ သန်းကျော် သေဆုံးလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် ၅မိနစ်ကြာတိုင်း လူ ၇၆ ယောက် သေဆုံးပြီး အင်ဒိုနီးရှားတစ်နိုင်ငံ တည်းမှာပင် နှစ်စဉ် လူ ၂၂၅၀ဝ၀ ဦး သေဆုံးနေရကြောင်း သို့မဟုတ် ၅မိနစ်လျှင် အင်ဒိုနီးရှား နိုင်ငံသား ၂ ဦးနှုန်း ဆေးရွက်ကြီး ကြောင့် သေဆုံးနေကြကြောင်း စတင်ပြောပြသည်။

မိမိတို့ AP-CAT အဖွဲ့က ဆေး လိပ်ငွေ့ကင်းစင်သော မြို့တော် ကြီးများဖန်တီးကြမည်ဖြစ်ကြောင်း၊ ဆေးရွက်ကြီးအရောင်းမြှင့်တင်ခြင်း ကို တားဆီးပိတ်ပင်ခြင်းများ ပြုလုပ် ကြမှာဖြစ်ကြောင်း၊ သို့မှသာလျှင် ဆေးရွက်ကြီးလုပ်ငန်းရှင်များကြောင့် ပြည်သူလူထုတို့၏ ကျန်းမာရေး ထိခိုက်နေမှုကို ကာကွယ်နိုင်မှာဖြစ် ကြောင်း၊ ထို့ပြင် မကူးစက်တတ် သောရောဂါများဖြစ်ပွားမှုနှင့် ၎င်း ရောဂါများကြောင့် သေဆုံးမှုကို လည်း လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ကျွနု်ပ်တို့၏ မြို့တော်ကြီးများတွင် ဆေးရွက်ကြီးကင်းစင်သော မျိုး ဆက်သစ်များတည်ထောင်ကြမည်ဟု ပြောသောအခါ ကျွနု်ပ်တို့အနေဖြင့် မိမိတို့၏ ရည်ရွယ်ချက်ကို ဆက် လက်ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ဤနေရာတွင် စုဝေးကြပြီး ကွန်ရက်များထူထောင် ကာ ကျွနု်ပ်တို့၏ ရည်ရွယ်ချက် ရောက်ရှိအောင် ဆောင်ရွက်မှု သေချာစေဖို့ လုပ်ဆောင်ကြမှာ ဖြစ်ကြောင်း ပြောပြသည်။

မိမိအနေဖြင့် လှပသော Bogor မြို့တော်မှ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ (၄) ကြိမ်မြောက် AP-CAT အစည်းအဝေးကို တက် ရောက်ရန် ဖိတ်ကြားမှုကို လက်ခံ ခဲ့သည့် သင်တို့အား ကျေးဇူးတင်ရှိ ပါကြောင်း ပြောပြသည်။

Bogor မြို့အကြောင်း အနည်း ငယ်ပြောပြလိုပါကြောင်း၊ဤမြို့တော်တွင် အပိုင်း ၃ပိုင်းပါဝင်ရာ အစိမ်း ရောင်မြို့တော် (Green City) နှင့် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် (Heritage City) နှင့် စမတ်ကျ သော မြို့တော် (Smart City) ဟူ၍ဖြစ်ကြောင်း၊ အစိမ်းရောင်မြို့ တော်အဖြစ် မြို့ပြဖွံ့ဖြိုးတိုးတက်မှု နှင့်သဘာဝပတ်ဝန်းကျင် တည်တံ့ ထိမ်းသိမ်းရေးကို မျှခြေ ဖြစ်အောင် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဟု ဆိုရခြင်းမှာ များပြားလှသော အဆောက်အအုံများ၊ ရှုခင်းအလှ များ၊ သမိုင်းဝင်နေရာများ၏ တန်ဖိုးမှာ လွန်ခဲ့သည့် ရာစုနှစ်တစ် ခုကတည်းက ရှိခဲ့ခြင်းကြောင့်ဖြစ် ကြောင်း၊ စမတ်ကျသော မြို့တော် ဟုဆိုရခြင်းမှာ Bogor မြို့သူမြို့ သားတိုင်းအတွက် မြို့တော်မှ ပေး နိုင်သော ဝန်ဆောင်မှုများအားလုံး ကို လွယ်ကူစွာဖြင့် အွန်လိုင်းမှ လက်လှမ်းမီနိုင်ရန် ပေးအပ်ထား ခြင်းကြောင့်ဖြစ်ကြောင်းပြောပြသည်။

Bogor မြို့သည် ကျန်းမာရေး နှင့် ညီညွတ်သော မြို့တော်ဖြစ်စေ ရန်အတွက် အဆောက်အဦများ နှင့် အခြေခံအဆောက်အဦများကို တည်ဆောက်ထိန်းသိမ်းလျက်ရှိ ကြောင်း၊ ဆက်သွယ်ရေးတွင် စိတ် အားထက်သန်သော ကွန်ရက်ဖွဲ့ ခြင်းနှင့် ပြဿနာအဖြေရှာခြင်းတို့ တွင် စိတ်ထက်သန်သော မြို့တော် ဖြစ်လာရန် ရည်ရွယ်ကြောင်း၊ မြို့သူမြို့သားများအား ဆေးလိပ် သောက်ခြင်းထက် ပြေးနေကြခြင်း ကို ပို၍အလိုရှိကြောင်း ပြောပြ သည်။

ဆေးလိပ်သောက်သည့် ပြဿ နာကို ဖြေရှင်းရာတွင် မလွယ်ကူပါ ကြောင်း၊ သို့စေကာမူ မိမိတို့ အတူတကွ အားလုံး ဆက်သွယ်မှု ရှိနေရန် အရေးကြီးကြောင်း၊ အပြန်အလှန် အထောက်အကူ ပြု နေရန်နှင့် စေ့ဆော်မှု အသီးသီး ရှိနေရမှာဖြစ်ကြောင်း၊ “ကျန်းမာ ရေးပြဿနာအဖြေရှာခြင်းများကို ကျွနု်ပ်တို့အားလုံး အတူတကွ ယူဆောင်လာကြမည်” Together We Bring Health Solution ဆို သည်မှာ AP-CAT ပင်ဖြစ်ကြောင်း ပြောပြသည်။ တက်ရောက်လာသူ တစ်ဦးချင်းစီထံမှ သင်ယူလေ့လာ မှုများ ပြလုပ်မှာဖြစ်ကြောင်း၊ သင် တို့၏ မြို့တော်များ၌ ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် မှုအတွေ့အကြုံများအပေါ် မူတည် ၍ ခေတ်အမီဆုံး အရေးကြီး အကြောင်းအရာများကို မိမိတို့ ရှာဖွေမှာဖြစ်ကြောင်း၊ နောက်ဆုံး အနေဖြင့် ပြောကြားလိုသည်မှာ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန The Union နှင့် ကျန်းမာရေးနှင့် ညီညွတ်သော မြို့ တော်များ မိတ်ဖက်အဖွဲ့အစည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အလှူရှင် များနှင့် ကူညီထောက်ပံ့သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း စသ ဖြင့် ပြောကြားသွားပါသည်။