အချိန်ကိုက် တစ်နှစ်တစ်ခါ ဖြစ်စေ၊ ၆ လတစ်ခါဖြစ်စေ၊ တချို့ တစ်လတစ်ခါဖြစ်စေ၊ တစ်ပတ်တစ်ခါဖြစ်စေ ဆေးစစ်ပေးရတာ တွေ ရှိတယ်။ ဥပမာ-သွေးတိုးရင် တအားတိုးတဲ့သူ ဆိုပါက တစ်ပတ် တစ်ကြိမ်လောက် သွေးတိုင်းသင့်တယ်။ မျက်စိရေတိမ်ရှိသူဆိုပါက ဆရာဝန်က တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ရေတိမ် တိုင်းခိုင်းတတ်တာမျိုးရှိတယ်။ ဆရာဝန်မှာတဲ့အတိုင်း အမြဲဂရု တစိုက် စစ်ဆေးပေးခြင်းဖြင့် မိမိတို့ ရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်လာနေလား၊ ပိုပြီး ဆုတ်ယုတ်ဆိုးဝါးလာနေလား ကို သတိထားနိုင်မှာဖြစ်လို့ ဆေးစစ်ကြရတာဖြစ်တယ်။ ယခုအခါ လူတွေမှာ တစ်နှစ်တစ်ကြိမ် အနည်းဆုံးတော့ ဆေးစစ်၊ ဓာတ်မှန်ရိုက်၊ သွေးစစ် စသည်ဖြင့် လိုအပ်သလို ပြုလုပ်လာကြတာဟာ စောစော သိရတော့ စောစောကုသပေးလိုက် ခြင်းဖြင့် ရောဂါဘယများဒဏ်မှ ကြိုတင် ကာကွယ်ပေးနိုင်ပြီဖြစ်တယ်။
ရောဂါဘယများကို ဆေးစစ်မှသာ ဖော်ထုတ်နိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာဝေဒနာတွေ မပေါ်မီ စောစောရောဂါ ဖော်ထုတ်နိုင်ခြင်းက သင့်ကို ထိုရောဂါမှ အမြစ်ပြတ်အောင် ကုသပေးနိုင်လိမ့်မယ်။ ဥပမာ-အူမကြီး ကင်ဆာ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါစသည် တို့အား စောစီးစွာဖော်ထုတ်နိုင်ရင် နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်မလာအောင် ကြိုပြီး ဟန့်တားနိုင်ပါတယ်။ ဥပမာ- မျက်စိ ကွယ်တာ၊ သွေးလွှတ်ကြောလုံးဝ ပိတ်သွားပြီး နှလုံးတိုက်ခိုက်ခံရခြင်း မှလည်းကောင်း ကာကွယ်သွားနိုင်ပါတယ်။

တင်မြင့်မေ