ဆီးချိုသွေးချိုရောဂါကု ဆေးဝါး ၂ မျိုးကို ဆေးတစ်မျိုးတည်းအဖြစ် ပေါင်းစပ်ထားတဲ့ ဆေးပြားများက ယခုအခါ ပိုပြီးအသုံးတွင်ကျယ်လာ နေပါတယ်။ ရနိုင်တဲ့ဆေးဝါးတွေ က တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခြားနား ပါလိမ့်မယ်။ သို့ပေမဲ့ ဆီးချိုသွေးချို ရောဂါကုထုံးများ ပေါင်းစပ်သုံးစွဲ ခြင်း အများအပြားကို ဩစတြေး လျ၊ နယူးဇီလန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတွေမှာ ကျယ်ကျယ် ပြန့်ပြန့် ရရှိနေပြီဖြစ်တယ်။ ယင်း လမ်းကြောင်းက အကြိမ်တိုင်းမှာ သောက်ရတဲ့ ဆေးအရေအတွက် နည်းသွားတဲ့အတွက် ကုထုံးကို လိုက်နာဖို့ ပိုလွယ်ကူစေပါတယ်။ တချို့ဆေးတွေမှာ ၁၃ မျိုး ပေါင်း ထားတာတောင် ရှိပါတယ်။ Two-in-one လို့ခေါ်တဲ့ ဆေးတစ်ခုတည်း မှာ ဆေး ၂ မျိုးပေါင်းစပ်ထားတာ ကို သောက်ခြင်းက အမျိုးအစား(၂) ဆီးချိုသွေးချိုသမားတွေအတွက် ပုံမှန်လိုဖြစ်လာနေပါပြီ။ ယင်း ဝေဒနာသည်တွေက ဆီးချိုသွေးချို ကုဆေး ၂ မျိုး၊ ဒါမှမဟုတ် ယင်း ထက်မက သောက်နေသူတွေက ၄၃ ရာခိုင်နှုန်းအထိလောက် ရှိနေ ပြီ။ ယင်းဝေဒနာသည်တွေက ဆီးချိုသွေးချို ကုဆေး ၂ မျိုး ဒါမှ မဟုတ် ယင်းထက်မက သောက် နေသူတွေက ၄၃ ရာခိုင်နှုန်းအထိ လောက် ရှိနေပြီဖြစ်ကြောင်း မကြာ သေးမီက အပြည်ပြည်ဆိုင်ရာ လေ့လာမှုတစ်ခုအရ သိရတယ်။ ယင်းဆေးတွေက ဆီးချိုသွေးချို ဝေဒနာသည်တွေကို ပိုပြီးကျန်းကျန်း မာမာဘဝဖြင့် နေထိုင်စေဖို့ ကူညီ နိုင်မှာ ဖြစ်ပါတယ်။

 

ဦးလှမြင့် (ဂန္ဓမာ)
Ref: R.D/ March 2019.