အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါရှိသူများတွင် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ် အခွင့်အလမ်းများတဲ့အတွက်ကြောင့် အမြဲတမ်း စောင့်ကြည့် ထိန်းသိမ်းအပ်သော နေရာ ၅ခုရှိပါတယ်။
အဲဒီနေရာ ၅ခုမှာ ပြောင်းလဲမှုတွေကို စောင့်ကြပ်ကြည့်ရှုရမှာ ဖြစ်တယ်။ မိမိစားသောက်သော အစားအသောက်များက နှလုံးရောဂါဖြစ်ပွား နိုင်ခြေ အခွင့်အလမ်းကို လျော့ကျစေနိုင်သလို မြင့်တက်မှုများလည်း ဖြစ်စေနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဟော်မုန်းဗေဒအဖွဲ့ အစည်းကြီးက ဆီးချိုသွေးချိုသမားများ နှလုံးရောဂါအန္တရာယ် ကာကွယ်ရေးအတွက် ချမှတ်ထားသော လမ်းညွှန်ရှိပါတယ်။ အဲဒါတွေကတော့
(၁) ခါးပတ်ပတ်လည်အတိုင်းအတာ (Waistline) တစ်နည်းအားဖြင့် ဗိုက်ပူခါးတုတ်လာခြင်း ရှိ မရှိတိုင်းခြင်းဖြစ်သည်။
(၂) သွေးဖိအား
(၃) သွေးတွင်းကိုလက်စထရောလ် ပမာဏ
(၄) သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီပမာဏ
(၅) သွေးတွင်းသကြားဓာတ် ပမာဏ…
တို့ ဖြစ်ပါတယ်။
အသက် ၄၀ မှ ၇၅နှစ်ကြား ဆီးချိုသွေးချိုသမားများဟာ အဲဒီအချက် ၅ ချက်ကို စောင့်ကြပ်ထိန်းသိမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။

(၁) ခါးပတ်ပတ်လည် အတိုင်းအတာ


ခါးပတ်ပတ်လည် အတိုင်းအတာသည် နှလုံးရောဂါအန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း ရှိ၊ မရှိ ပထမဦးဆုံးညွှန်ပြသော အညွှန်းကိန်းဖြစ်ပါတယ်။
အနောက်နိုင်ငံစံနှုန်းများအရ အမျိုးသားများဆိုလျှင် ခါးပတ်ပတ် လည်အတိုင်းအတာ ၁၀၂ စင်တီ မီတာထက်ပိုလျှင်သော် လည်း ကောင်း၊ အမျိုးသမီးများဆိုလျှင် ၈၈ စင်တီမီတာထက် ပိုများနေ လျှင်သော်လည်း ကောင်း နှလုံးရောဂါနှင့် အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်းများ ပိုများပါတယ်။
ခါးပတ်ပတ်လည် အတိုင်းအတာကို လျှော့ချဖို့ကတော့ ကိုယ်အလေး ချိန်ချပေးခြင်းဖြစ်ပါတယ်။ သို့မှသာ သွေးဖိအားလည်း ကျနိုင်ပြီး ကိုလက် စထရောလ်၊ ထရိုင်ဂလစ်စရိုက်နှင့်သွေးတွင်းသကြားဓာတ်များလည်း ကျသွားမှာဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ သုံးပုံနှစ်ပုံခန့် ဟာ အဝလွန်နေကြပါတယ်။ ၎င်းတို့အနေနဲ့ လူနေမှုစရိုက်ကို ပြောင်းလဲ ကျင့်သုံးဖို့လိုနေကြောင်း၊ အစားအသောက် အနေနဲ့ပြုပြင်ပြောင်းလဲစား သောက်ရမှာကတော့ အပင်အခြေခံ အစားအစာများ ဖြစ်တယ်။ ဟင်းသီး ဟင်းရွက်များ၊ သစ်သီးဝလံများ၊ ဖြူဖွေးနေအောင် ဖွပ်မထားသော ဂျုံ၊ ဆန်များ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုးနှင့် ဆီမပါ အရေခွံမပါ အသား သက်သက်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် အသင့်စီမံပြုလုပ်ထားသော စည်သွတ်ဘူးအစား အစာများ ကိုလည်း လျှော့စားခြင်း၊ သကြားအချိုဓာတ်ရှောင်ကြဉ်ခြင်း စသည်တို့ကို လည်း ပြုလုပ်သင့်ပါတယ်။ ဆိုဒါအချိုရည်များ၊ သစ်သီးဖျော်ရည်များ၊ လက်ဖက်ရည်အချို၊ ကော်ဖီအချို စသည်တို့ကိုလည်း ရှောင်ရမှာဖြစ်တယ်။ သကြားဟာ အထူးသဖြင့် လျှော့စားသင့်ပါတယ်။ စွဲတတ်သောကြောင့် ဖြစ်တယ်။

(၂) သွေးဖိအား


အသံတိတ်လူသတ်သမားလို့ တင်စားပြီး ခေါ်ဝေါ်လေ့ရှိတာကတော့ သွေးတိုးရောဂါဖြစ်ပါတယ်။ မိမိရဲ့ သွေးဖိအား ဘယ်လောက်တက်နေမှန်း မသိဘဲ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါရခြင်း၊ နှလုံးတိုက်ခိုက်ခံရြ ခြင်းဖြစ်တော့မှ သွေးဖိအားများနေမှန်း သိရတတ်ပါတယ်။ ဒါ့ကြောင့် အပေါ်သွေးလို့ခေါ်တဲ့ Systolic သွေးဖိအားကို တိုင်းတာရမှာဖြစ်တယ်။ သွေးကြောများအတွင်းနှလုံးခုန်တဲ့အခါရှိနေသော ဖိအားဖြစ်တယ်။ အောက်သွေးလို့ခေါ်တဲ့ Diastolic သွေးဖိအားကတော့ နှလုံးခုန်ခြင်း တစ်ခုနဲ့ တစ်ခုကြား ခေတ္တရပ်နားချိန်မှာရှိနေသော သွေးဖိအားဖြစ်တယ်။ ပုံမှန်လူ တစ်ယောက်ရဲ့ သွေးဖိအားက အပေါ်သွေး 130 mmHg နှင့် အောက်သွေး 85 mmHg ထက်များမယ်ဆိုရင် သွေးတိုးရောဂါရှိတယ် လို့သတ်မှတ်ပါ တယ်။ အခြားသောအကြောင်းရင်းတွေကြောင့်လည်း သွေးဖိအားတက် နိုင်တယ်။ ကုသမှုခံယူခြင်းမရှိသော အိပ်ပျော်နေရင်း အသက်ရှူရပ်သည့် ရောဂါရှိခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ စီးကရက်သောက်ခြင်း၊ ကာယလှုပ် ရှားမှုနည်းပါးခြင်း၊ NSAID ခေါ် အကိုက်အခဲပျောက်ဆေးများ ပုံမှန် သောက်နေခြင်း၊ ကစီဓာတ် ဆားနှင့် အချိုကဲသော အသင့်စီမံထား သည့် အစားအစာများ စားခြင်းတို့ကြောင့်လည်း သွေးဖိအားတက်နိုင်တယ်။
အကောင်းဆုံးကတော့ အပင်အခြေခံ အစားအသောက်များ ပြောင်းလဲစားသောက်ခြင်းက သွေးတိုးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားလျှင် ခန္ဓာကိုယ်နှင့် သွေးထဲမှာ ရှိသော အဆီများကို ဓာတ်တိုးသွားစေပြီး သွေးဖိအားလည်း ကျစေပါတယ်။

(၃) သွေးတွင်းကိုလက်စထရောလ်


HDL လို့ခေါ်တဲ့ ကောင်းသောကိုလက်စထရောလ်ပမာဏကို အမျိုး သားများတွင် 40mg/dLထက် ပို၍လည်းကောင်း၊ အမျိုးသမီးများတွင် 50mg/dL ထက်ပို၍လည်းကောင်း ရှိနေစေရန် အကြံပြုထားပါတယ်။
ဒါ့အပြင် LDL လို့ခေါ်တဲ့ ဆိုးသည့်ကိုလက်စထရောလ်ပမာဏကို လည်း စောင့်ကြပ်ကြည့်ရှုပြီးနည်းအောင် ပြုလုပ်ပေးရပါမယ်။ သုတေသန ပြုလုပ်ချက်များအရ စတက်တင်ခေါ်တဲ့ အဆီချဆေးများ သောက်ခြင်း အားဖြင့် အမျိုးအစား(၂)ဆီးချို သွေးချို ဖြစ်စေရန်နှင့် အင်ဆူလင် ခုခံနိုင် အား မြင့်လာစေရန် အားပေးတယ်လို့ ဆိုပါတယ်။ သို့သော် အဆီချဆေး များသောက်လျှင် ရမဲ့အကျိုးကျေးဇူးက ပိုကောင်းတယ်လို့ ဆိုပါတယ်။

(၄) သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီများ
ဒီအဆီဓာတ်တွေများရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါ တယ်။ 150mg/dL ထက် ပိုများစေရန် ထိန်းသိမ်းရပါမယ်။ ဒီအဆီခဲ တွေကတော့ အဝလွန်ခြင်းနှင့် ဆီး ချိုသွေးချိုရောဂါရှိခြင်းတို့နှင့် ပိုပြီး ဆက်စပ်နေပါတယ်။
သွေးတွင်း ထရိုင်ဂလစ်စရိုက် နည်းသွားစေဖို့ အပင်အခြေခံ အစားအစာများကို ပိုစားဖို့ လိုပါ တယ်။ ပြည့်ဝဆီ လျှော့စားခြင်း ပြု လုပ်ရပါမယ်။

(၅) သွေးတွင်းသကြားဓာတ်
ဆီးချိုသွေးချို အကြိုအဆင့် ရောက်ရှိနေသူများဟာ တဖြည်း ဖြည်းနှင့် အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါဖြစ်သွားနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက် နေခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ရှိ တစ်သျှူးများအား တဖြည်း ဖြည်းနှင့်ပျက်စီးစေနိုင်ပါတယ်။ ဆီး ချိုသွေးချိုရောဂါရဲ့ စောစောပိုင်း လက္ခဏာများကို လျစ်လျူရှုထား လျှင် မျက်စိတွင် ဆီးချိုသွေးချို ကြောင့် မျက်စိကွယ်ခြင်း၊ ခြေ ထောက်များတွင် အာရုံကြောများ ထိခိုက်ပြီး အာရုံခံစားမှုနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ် နိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် မြင့် တက်မှုက အမြဲတမ်းဖြစ်နေခဲ့လျှင် အဲဒီလူဟာ စိတ်ဓာတ်ကျခြင်း၊ အရေပြားပြဿနာအမျိုးမျိုး ခံစား ရခြင်း၊ နာတာရှည်မှိုစွဲရောဂါ ခံစား ရခြင်း၊ ခံတွင်းကျန်းမာရေးပြဿနာ များခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကယ်၍သွေးတွင်းသကြားဓာတ် ပမာဏသည် ၈နာရီကြာ အစာ မစားဘဲ တိုင်းသည့်အခါ 100mg/dL ထက်များလျှင်သော်လည်း ကောင်း၊ ဂလူးကို့စ်ခံနိုင်ရည်ရှိ မရှိ ၂နာရီကြာ ပြုလုပ်ရသော စမ်းသပ် မှုတွင် 140mg/dL ထက်များလျှင် သော်လည်းကောင်း HbA1c သည် ၅.၇ ရာခိုင်နှုန်းထက် များလျှင် သော်လည်းကောင်း၊ ဆီးချိုရောဂါ မရှိဘဲနှင့် သွေးတွင်း သကြားဓာတ် နည်းစေသောဆေးများ သောက်နေ ခြင်း စသည်တို့ ပြုလုပ်ခဲ့လျှင် ပြဿနာဖြစ်နိုင်ပါတယ်။
၂၀၁၆ ခုနှစ် လေ့လာမှုအရ အကြိုဆီးချိုသွေးချိုအဆင့် ရှိသူ များ၏ ၄၀ ရာခိုင်နှုန်းနီးပါးခန့် သည် ပြန်ကောင်းသွားနိုင်ကြောင်း သိရပါတယ်။ ပြန်ကောင်းသွား အောင် လုပ်ရမဲ့နည်းကတော့ သူတို့ စားသောက်တဲ့ အစား အသောက် အလေ့အထကို ပြောင်း လဲခြင်းနှင့် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။

အယ်ဒီတာ