အခုခေတ်မှာ ကလေးတွေ၊ လူငယ်တွေ ဆိုဒါအချိုရည်တွေကို ကြိုက်နှစ်သက်စွာ သောက်သုံးလာကြပါပြီး။ ဒီတော့ ဆိုဒါအချိုရည်ထဲမှာ ဘာတွေထည့်ထားတယ်ဆိုတာ သိပါသလား???

  • အချိုဓာတ်အဖြစ် High Fructose Corn Syrup ထည့်ထားတယ်
    High Fructose Corn Syrup ဆိုတာက ဆိုဒါအချိုရည်များမှာ ထည့်သွင်း ထုတ်လုပ်တဲ့ အဆင့်ဆင့်ပြုလုပ်ထားတဲ့ သကြားနဲ့ အချိုထပ်ဖြည့်ပစ္စည်းဖြစ်ပါတယ်။
    အချိုထပ်ဖြည့်ပစ္စည်းတွေဟာ သကြားထက် ခန္ဓာကိုယ်ကို ပိုမိုထိခိုက်စေပြီး ကျန်းမာရေးနှင့် မညီညွတ်လို့ ကိုယ်အလေးချိန် တိုးလာခြင်း၊ ဆီးချိုသွေးချိုရောဂါ ခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။
  • တာရှည်ခံရန် Phosphoric Acid ထည့်ထားတယ်
    တာရှည်ခံပစ္စည်းအဖြစ်သော်လည်းကောင်း၊ အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်သော်
    လည်းကောင်း ထည့်သွင်းခြင်းဖြစ်ပါတယ်။ ဒီဓာတ်ကအရိုး နဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီး တဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒါပေမဲ့ Phosphoric Acid ပမာဏ အများကြီးကို စားသုံးမိတယ်ဆိုရင် ခန္ဓာကိုယ်တွင်း မညီမျှမှုတွေဖြစ်ကာ အရိုးများ အားနည်းသွားနိုင်ပါတယ်။ ကျောက်ကပ်ရောဂါလည်း ဖြစ်လာနိုင်ပါတယ်။
  • Coloring – အရောင်ထည့်ထားတယ်
    ကိုလာများမှာ ထည့်သွင်းထုတ်လုပ်တဲ့ Caramel အရောင်ထပ်ဖြည့်ပစ္စည်းဟာ ကင်ဆာရောဂါဖြစ်စေတယ်လို့ လေ့လာမှုများအရ တွေ့ရှိထားပါတယ်။