ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံ တကာ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်းအဖွဲ့ချုပ်က ပြဋ္ဌာန်း ထားသောဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး နည်းဗျူဟာတွေထဲ မှာ စီးကရက်၊ ဆေးလိပ် ဘူးများ ပေါ်တွင် ပြောင်ထုပ်ပိုးခြင်း (plain packging) ပြုလုပ်ရန်လည်း လမ်း ညွှန်ထားတာရှိပါတယ်။
ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ ထိုကဲ့သို့ ပြောင်ထုပ်ပိုးထားသော စီးကရက်ဘူးများကိုသာ ရောင်းချ ခွင့်ပြုတော့မည်ဟု သိရှိရပါတယ်။
ပြောင်ထုပ်ပိုးတယ်ဆိုရာမှာ သတ်မှတ်ထားသော စာလုံးအရွယ် အစား၊ အရောင်နှင့် ကျန်းမာရေး သတိပေးချက်များသာလျှင် ပါဝင် ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ စီးကရက်ဘူးခွံ ပြောင်ထုပ်ပိုးခြင်းစည်းကမ်းကို အာရှတိုက်တွင် ပထမဦးဆုံး လိုက် နာဆောင်ရွက်သည့်နိုင်ငံ ဖြစ်ပါ တယ်။ ကမ္ဘာနှင့်ချီလျှင်တော့ ၁၆ နိုင်ငံမြောက် ဖြစ်ကြောင်း SEATCA မှ သတင်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။ ပြောင်ထုပ်ပိုး ထားသော စီးကရက်ဘူးခွံများဟာ အညိုရောင်ကိုအသုံးပြုထားပြီး စီး ကရက်တံဆိပ်အမည်ကိုတော့ဘူးခွံ မျက်နှာပြင်ပေါ်တွင် သတ်မှတ်တဲ့ စာလုံးအရွယ်အစားနှင့် ထားရှိရန် သတ်မှတ်ထားသည့်နေရာတွင်သာ ရိုက်နှိပ်ဖော်ပြရမှာ ဖြစ်ပါတယ်။ စီးကရက်တံဆိပ်ရဲ့အမှတ်တံဆိပ်မှာ သုံးထားသောအရောင်များကိုသော် လည်းကောင်း၊ logo များကိုသော် လည်းကောင်း အသုံးမပြုရပါ။ စီး ကရက်ဘူးရဲ့ ရှေ့ဘက်နှင့် ကျော ဘက်မျက်နှာစာရဲ့ ၈၅ ရာခိုင်နှုန်း တွင်ရုပ်ပုံဖြင့်ဖော်ပြထားသောကျန်း မာရေးသတိပေးချက်ကိုဖော်ပြရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသည် အာ ဆီယံနိုင်ငံများအတွင်း ရုပ်ပုံနေရာ ယူမှု အများဆုံး (၈၅ရာခိုင်နှုန်း) ဖော်ပြသောနိုင်ငံလည်းဖြစ်ပါတယ်။
ယခင်ရှိနှင့်ပြီးသား စီးကရက် ဘူးလက်ကျန်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ရောင်းချခွင့်ပေးထား မှာ ဖြစ်ပါတယ်။ အဲဒီရက်ကျော် ရင်တော့ လက်လီဆိုင်တွေမှာရော၊ လက္ကားဆိုင်တွေမှာပါ ပြောင်ထုပ် ပိုးထားသော စီးကရက်ဘူးများဖြင့် သာ ရောင်းချရမှာ ဖြစ်ပါတယ်။ SEATCA ရဲ့ အမှုဆောင်ဒါရိုက် တာက ပြောကြားရာ၌ ဤကဲ့သို့ အရေးကြီးသော ပြည်သူ့ကျန်းမာ ရေးမိုင်တိုင်တစ်ခုကို စိုက်ထူနိုင် သည့်အတွက် ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနအားချီးကျူး ဂုဏ်ပြုပါကြောင်း၊ စည်းကမ်း ချမှတ်ထားမှုကို တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုခြင်း၊ ဥပဒေကို မလိုက်နာပါက ပြစ်ဒဏ်ချမှတ် ခြင်းများကိုလည်း ထိုင်းနိုင်ငံ ပြည် သူ့ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်အကောင်အထည်ဖော် နိုင်သည့်အတွက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါတယ်။ စီးကရက် ဘူးများကို ပြောင်ထုပ်ပိုးခြင်း ကြောင့် ဆေးရွက်ကြီးထွက်ပစ္စည်း များ(စီးကရက်များ)အား ဆွဲဆောင် မှုလျော့နည်းစေပြီး ယခင်က စီးက ရက် ဘူးများ၏ ဒီဇိုင်းများသည် ကြော်ငြာသဖွယ်ဖြစ်နေခြင်းကိုလည်း ဖယ်ရှားလိုက်နိုင်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ကျန်းမာရေးသတိပေး ရုပ်ပုံလွှာများကို ပိုမိုထိရောက်စွာ မြင်နိုင်မှာဖြစ်ကြောင်း သိရပါ တယ်။ ဤကဲ့သို့ဆောင်ရွက်မှု ကြောင့် လူငယ်များအကြား ဆေး လိပ်သုံးစွဲမှုကိုလည်း လျော့နည်းစေ မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ ပေါ်မှာ စီးကရက်ဘူး ပြောင်ထုပ် ပိုးခြင်းကို ကျင့်သုံးနေသော နိုင်ငံ ၁၅ ခုရှိရာ ၎င်းတို့မှာ ဩစတြေးလျ၊ ပြင်သစ်၊ ယူကေနိုင်ငံ၊ နော်ဝေး၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ နယူးဇီ လန်၊ တူရကီ၊ ဆော်ဒီအာရေးဗီး ယား၊ စင်ကာပူ၊ ကနေဒါ၊ ဥရုဂွေး၊ ဆလိုဗေးနီးယား၊ ဘယ်လ်ဂျီယံ အစ္စရေးတို့ ဖြစ်ပါတယ်။ နောက် ထပ် အနည်းဆုံး ၁၃ နိုင်ငံက လည်း ဤလုပ်ငန်းအကောင် အထည်ဖော်ရေးအတွက် အဆင့် အမျိုးမျိုးတွင် ရောက်ရှိနေပြီ ဖြစ် ပါတယ်။ စင်ကာပူနိုင်ငံကလည်း နောက်နှစ် ဇူလိုင်လမှစ၍ ပြောင် ထုပ်ပိုးမှုကို စတင်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုက မြင့်မား ကြောင်း၊ ဆေးလိပ်သောက်သူ ၁၁ သန်းကျော်ရှိပြီး လူကြီး ၅ ဦးလျှင် ၁ ဦးနှုန်း ဆေးလိပ်သောက်လျက် ရှိကြကြောင်း၊ အမျိုးသားများအား လုံး၏ ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ လူငယ်များအတွင်း ၆ ဦးလျှင် ၁ ဦးနှုန်း ဆေးလိပ် သောက်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ထိုင်းနိုင်ငံအတွင်း ဆေး ရွက်ကြီးနှင့်နှီးနွှယ်နေသော ရောဂါ များကြောင့် သေဆုံးသူ ၅၄၅၁၂ ဦးရှိကြောင်း သိရပါတယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရ ခြင်းကြောင့် သေဆုံးမှုများ လျော့ ကျစေရန်နှင့် အိမ်တွင် ဆေးလိပ် သောက်ခြင်းကိုလည်း ထိုင်းနိုင်ငံ တွင် တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။

အယ်ဒီတာ