• ကိုယ်နေဟန်ထား ပုံစံတကျဖြစ်အောင်နေခြင်းဖြင့် နာကျင်မှုဝေဒနာအား ခံနိုင်ရည်ရှိမှု ပိုကောင်းလာစေနိုင်ပါတယ်တဲ့။ ဒါကြောင့်သင့်ရဲ့ စိတ်ခံစားမှုတွေကို မြှင့်တင်နိုင်ဖို့အတွက် မတ်မတ် ရပ်ကြည့်လိုက်ပါ။
  •  သုတေသန တစ်ခုအရ သင်ဘယ်လိုထိုင်သလဲ၊ဘယ်လိုမတ်တတ်ရပ်သလဲဆိုတဲ့ အနေအထားက သင်ဘယ်လို ခံစားရသလဲဆိုတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေကြောင်း သိရပါတယ်။
  • မေးကိုမြှင့်၊ ရင်ဘတ်ကိုဖွင့်၊ ပခုံးတွေကို နောက်ဆွဲထားခြင်းက စိတ်ဖိစီးမှုနှင့် နာကျင်မှုများကို ဖြတ်တောက်ပေးနိုင်ပါတယ်တဲ့။
  • “လွှမ်းမိုးခြင်း” ဆိုတဲ့ ယောဂကျင့်စဉ် တစ်ခုမှာပါဝင်ဆင်နွှဲခဲ့တဲ့သူများဟာ ခါးကို မတ်မတ်ထား၊ ခြေနှစ်ချောင်းကို ချထားပေးခြင်းအားဖြင့် မသက်မသာဖြစ်မှုကို သက်သာသွားစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ၎င်းတို့အား ပျော့တိပျော့ခွေထိုင်စေသောအခါ ကောင်းတဲ့ အကျိုးကျေးဇူးတွေ ကွယ်ပျောက်သွားပါတယ်တဲ့။
  • အကြောင်းရင်းက ခွန်အားရှိပြီး ဆန့်ထုတ်သောကိုယ်နေဟန်ထားသည် နာကျင်မှုကိုခံနိုင်ရည်ရှိပြီး တက်စတိုစတီရုန်းခေါ် လိင်ဟော်မုန်းကို မြင့်တက်စေပါတယ် ။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဇောကို လျော့ကျစေပါတယ်။
  • စိတ်ဝင်စားစရာကောင်းတာကတော့ လူတွေရဲ့ မူလ အတွင်းစိတ်က နာကျင်မှုနှင့် ကြုံတွေ့ရတဲ့အခါ ဘောလုံးတစ်လုံးထဲမှာ သူတို့ ရဲ့ ခန္ဓာကိုယ်ကို ကျုံဝင်တွန့်လိပ်သွားအောင် ပြုလုပ်ချင်စိတ် ပေါ်ပေါက် လာကြောင်း၊ ဒါပေမယ့် အဲဒီအပြုအမူဟာ နာကျင်မှုကို ပို၍ ဆိုးစေနိုင်ကြောင်း သိရပါတယ်။