နေ့စဉ် နေရောင်ထဲမှာ ၁၅ မိနစ်မှ မိနစ် ၃၀ အထိနေပါ။ ၆ ပတ်မတိုင်မီ အကျိုးရလဒ်များကို မြင်တွေ့ရပါလိမ့်မယ်။ ဆရာဝန်များက ယင်းအကျိုးဆက်ကို ပြည့် ပြည့်စုံစုံ မရှင်းပြနိုင်ပေမဲ့ နေရောင်က အရေပြားရဲ့ T Cells ရဲ့ လုပ်ဆောင်မှုများကို လျှော့ချပေးကြောင်း သုတေသနက ပြသတယ်။ ယင်း T Cells က Cytokines များ ဆိုတဲ့ ဓာတ်ပစ္စည်းများကို ထုတ်လုပ်ပေးတာဖြစ်တယ်။ Cytokines များက ရောင် ရမ်းခြင်းစက်ဝန်းကို အစပျိုးပေးတာဖြစ်တယ်။ T Cells များကို နေရောင်ပြသခြင်းဖြင့် ယင်းစက်ဝန်းကို ဖျက်ပစ်နိုင်တယ်။ နေရောင်ပြတဲ့အခါ သတိထားရမှာကတော့ ကျန်တဲ့အရေပြားနေရာ ကို နေပူလောင်ဒဏ်မခံရလေအောင် နေရောင်ဒဏ်ခံဆေး (အနည်းဆုံး SPF 15) ကို လိမ်းပေးထားသင့်တယ်။

 

ဦးလှမြင့် (ဂန္ဓမာ)
Ref: R.D Home Remedies.