Hong Kong (AP) သတင်းဌာနရဲ့ ရေးသားချက်ထဲမှာ ခွေးနဲ့ကြောင် မှတစ်ဆင့် လူကို Coronavirus မကူးစက်နိုင်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ခွေး၊ ကြောင်တွေဟာ သူတို့ရဲ့ သခင်ထံမှ ရောဂါပိုး ကူးစက်ခံထားရရင်တောင်မှ ၎င်းတို့ခန္ဓာကိုယ်ထဲမှာ ပိုးကောင်ရေပမာဏ နည်းနည်းတွေ့ ရှိကြောင်း စမ်းသပ်တွေ့ရှိရပေမဲ့ ၎င်းတို့မှတစ်ဆင့် လူတွေကို ကူးစက်နိုင်ခြင်း မရှိပါဘူး။
၎င်းဟာ ဟောင်ကောင်မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနမှ ခွေးတစ်ကောင်ကို ခွဲခြား Quarantine လုပ်ပြီး ပိုးရှိကြောင်း အပတ်စဉ် စမ်းသပ်စစ်ဆေးမှုအပြီးမှ ကောက်ချက်ချ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အိမ်မွေး တိရစ္ဆာန်တွေကနေ တစ်ဆင့် COVID-19 ကူးစက်ခံရတာ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် (Pet) တွေ ဒီပိုးကြောင့် ဖျားနာ နေတာတွေ အထောက်အထားမရှိသေးပါဘူးလို့ ဆိုပါတယ်။
ဒီရောဂါပိုးဟာ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အချို့မှတစ်ဆင့် ဖြစ်ပွားခဲ့ တယ်ဆိုပေမဲ့ ဟောင်ကောင်တက္ကသိုလ် ပြည်သူ့ ကျန်းမာရေးကျောင်းမှ ကျွမ်းကျင်သူများ၊ The Colege of Veterinary Medicine and Life Sciences of the City of Hong Kong နဲ့ WHO မှ ကျွမ်းကျင်သူတွေက ခွေးမှာ ပိုးကောင်ရေ ပါဝင်နိုင်မှု နည်းပါးပြီးလူမှ တိရစ္ဆာန်သို့ ကူးစက်မှု ဖြစ်ရပ်တစ်ခုသာ ပိုမိုဖြစ်နိုင်ကြောင်း လက်ခံထားကြပါတယ်။ ဆိုလိုတာ က ခွေးလေး နေမကောင်းရင်တောင်မှ လူကနေ ခွေးကို ကူးတာဖြစ်ပြီး ခွေးမှတစ်ဆင့် လူကို ပြန်လည်မကူးစက်နိုင်ကြောင်းပါ။
ယေဘုယျအားဖြင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးလျှင် လက်ဆေးဖို့ အပါအဝင် သန့်ရှင်းသပ်ရပ်မှုကို အလေးထားရမည်ဖြစ်ပြီး အစားအစာ ကောင်းမွန်စွာကျွေးကာ နမ်းရှုတ်ခြင်းကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ နေမကောင်းနေတဲ့လူဟာ အိမ်မွေးတိရစ္ဆာန်လေးကို ထိတွေ့ခြင်းမှ ရှောင်ရှားပြီး တိရစ္ဆာန်လေး နေမကောင်းဖြစ်ရင် တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ အကြံဉာဏ်ကို ရယူရမှာဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ Coronavirus Positive ဖြစ်တဲ့သူရှိရင် အဲဒီအိမ်က အိမ်မွေး တိရစ္ဆာန်လေးများကိုပါ Guarantine ပြုလုပ်သင့်ကြောင်း အကြံပေးထားပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ကောင်းမွန်စွာ ကျင့်သုံးသင့်ကြောင်း အကြံပေးထားတာကလွဲပြီး အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း၊ အကြောင်းမဲ့ စွန့်ပစ်ခြင်း ပြုလုပ်ဖို့မလိုကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Dogs, cats can’t pass on coronavirus, but can test possssi

ခိုင်မွန်ကျော်