ချစ်ခင်စုံမက်ခြင်းဟာအရေးကြီးတဲ့လူမူရေးရာ တစ်ရပ်ဖြစ်တယ်။ ချစ်ခင်စုံမက်ခြင်းမှာ –

(၁) ဆွဲဆောင်တဲ့အဆင့်
(၂) အရူးအမူးစွဲလမ်းတဲ့အဆင့်
(၃) ရည်းစားဘဝ အနည်ထိုင်တဲ့အဆင့်
(၄) ကာမစပ်ယှက်တဲ့အဆင့်

စတဲ့ အခြေခံအဆင့်လေးဆင့်ရှိတယ်။ တစ်ဆင့် ချင်းမှာ စိန်ခေါ်ချက်တွေရှိတယ်။ ရလဒ်တွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူလပန်းတိုင်တခုဆီကို ဦးတည် သွားနေတယ်။

ဆွဲဆောင်တဲ့အဆင့်
အရွယ်ရောက်တာနဲ့ ဆွဲဆောင်မူအနုပညာကို စိတ်ဝင်စားလာ ကြတယ်။ ဒီမှာအဓိကစိန်ခေါ်ချက်နှစ်ခုပေါ်လာတယ်။

(က) စိတ်ကူးယဉ်စံ
(ခ) စိုးရိမ်ပူပန်စိတ်

စိန်ခေါ်ချက်နှစ်ခု စလုံးရဲ့နောက်မှာ မိမိကိုယ်တိုင်ရေးဆွဲထား တဲ့ စိတ်ကူးပုံရိပ်တွေရှိနေတယ်။ စိတ်ကူးပုံရိပ်တွေက မိမိ ဖြတ် သန်းခဲ့ရာ လူမှုပတ်ဝန်းကျင်နဲ့ စီးပွားရေးအရောင်းမြှင့်တင်ရေး မဟာဗျူဟာဩဇာအလွှမ်းခံရတယ်။ ပြင်ပလွှမ်းမိုးမှုတွေအောက်မှာ စိတ်ကူးယဉ်ချစ်သူပုံရိပ်အဖြစ် ပြစ်မျိုးမှဲ့မထင် စင်းလုံးချောလူသား တစ်ယောက်ကိုစောင့်နေတယ်။ လက်တွေ့မှာကိုယ်ကြိုက်တဲ့သူ မတွေ့ဘူးပေါ့။

ပြင်ပလွှမ်းမိုးမှုဟာမိမိကိုယ်တိုင်ရဲ့ ပုံရိပ်ပေါ်မှာလည်းရိုက်ချက် ပြင်းပြင်းထန်ထန်ရှိတယ်။ ပိန်လွန်း၊ ဝလွန်း၊ ဖြူလွန်း၊ ညိုလွန်း စသဖြင့်ကိုယ်ကိုယ်ကိုဘယ်တော့မှ စိတ်တိုင်းမကျတဲ့ ပြဿနာ ဖြစ်လာတယ်။ ပတ်ဝန်းကျင်ကလူတွေနဲ့ နှိုင်းယှဉ်အမှတ်တွေပေးရင်း ကိုယ့်ကိုယ်ကိုအားငယ်လာတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနေ တဲ့ လူတစ်ယောက်ဟာ ဖက်ရှင်မိတ်ကပ်တွေနဲ့ ဘယ်လိုကျားကန် ကျားကန် တစ်ဖက်သားကို ဆွဲဆောင်နိုင်စွမ်းမရှိပါဘူး။ ဒီအဆင့်ကို ရိုးရိုးသားသား ဖြတ်သန်းနိုင်ပြီဆိုရင် ရလဒ်တစ်ခု ရလိုက်ပြီ။ မိမိကိုယ်တိုင်ကိုရော၊ မိမိစုံမက်သူကိုပါ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လူသားစင်စစ်တစ်ယောက်အနေနဲ့ လက်ခံနိုင်စွမ်း ရှိတာမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်လာတယ်။ တခြားလူတွေကို လည်း ဓမ္မဓိဌာန်ကျကျ မြင်တတ်လာတယ်။ ကောင်းဆိုးဆန့်ကျင် ဘက်တွေရဲ့ အတူရှိနိုင်မှုကို မြင်လာပြီး မိမိနဲ့မိမိကိုယ်၊ မိမိနဲ့မိမိ စိတ်၊ မိမိနဲ့မိမိပတ်ဝန်းကျင် သဟဇာတဖြစ်သူတစ်ယောက်အနေနဲ့ ဘဝနေပျော်လာတယ်။

(၂)အရူးအမူးစွဲလမ်းတဲ့အဆင့်

စိတ်နဲ့ကိုယ် မုန်တိုင်းထန်နေတဲ့ကာလဖြစ်တယ်။ မုန်တိုင်းရပ် ဝန်းမှာ အသည်းအသန်ခံစားချက်တွေ ပြင်းထန်နေတယ်။ မုန်တိုင်း ဗဟိုချက်မှာတော့ ငြိမ်းချမ်းတဲ့ သန္တိသုခကိုခံစားရတယ်။ စုံမက်နေသူ အတွက် စိန်ခေါ်ချက်ကဆန့်ကျင်ဘက် လောကနှစ်ခုမှာရှင်သန် နေရတာပဲ။ ဗဟိဒ္ဓလောကမှာက စားလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ်၊ ခံစားချက်အဆိပ်သင့်နေတယ်။ အဇ္စျတ္တလောကမှာတော့ အတ္တနံရံ တွေပြိုကျပြီး ကိုယ့်စိတ်နဲ့သူ့ပုံရိပ် ပျော်ဝင်ပေါင်းစည်းနေတယ်။ တည်ငြိမ်အေးချမ်းပြီး ကြည်လင်သန့်ရှင်းတဲ့ခဏငယ်လေးတွေ ဖြတ်ကနဲ၊ ဖြတ်ကနဲ ပေါ်နေတယ်။

အပြေးအလွှားခန္ဓာကိုယ်၊ ဟိုဟိုဒီဒီအတွေးစိတ်ကူး၊ ပြင်းပြင်း ရှရှခံစားချက်၊ မရပ်မနားတောင့်တမှုတွေနဲ့ အသားကျနေတဲ့ လူ တစ် ယောက်အတွက် အဇ္စျတ္တထဲကသန္တိသုခခဏငယ်တွေကို သတိမထားမိ ဘူး။ သူကြီးပြင်းနေထိုင်ရတဲ့ လူ့အဖွဲ့အစည်းကလည်းသန္တိသုခ ခဏငယ်တွေကိုအရေးမထားကြဖူး။ ဒီတော့ သတိထား ခံစားကြည့်ဖို့ အလေ့အကျင့်မရှိဘူး။

ဒီအဆင့်မှာ သန္တိသုခခဏငယ်ကို သတိနဲ့ခံစားတတ်သွားရင် အချစ်ရေးကိစ္စမှာသာမက နေ့စဉ်ဘဝရဲ့ ရုန်းရင်းဆန်ခတ်အခြေအနေ တွေမှာ ကိုယ်ပိုင်နားခိုစရာ အားယူစရာနေရာလေးကို ကိုယ့်စိတ် အတွင်းထဲမှာပဲ ပြန်ရှာတွေ့နိုင်တယ်။ အရက်၊ ဆေးလိပ်၊ ဆေးဝါး၊ ဂိမ်း၊ ဖက်ရှင်၊ တစ်ပါးသူစတဲ့ပြင်ပက အရာတွေကိုမှီခိုစွဲလမ်းနေရတဲ့ အကျင့်တွေက ရုန်းထွက်နိုင်မယ်။

(၃) ရည်းစားဘဝအနည်ထိုင်တဲ့အဆင့်

အရူးအမူးစွဲလမ်းတဲ့အရှိန် လျော့သွားပြီ။ စိတ်ကူးယဉ်ကမ္ဘာ ကနေ လက်တွေ့ဘဝကို ပြန်ရောက်လာကြပြီ။ အကောင်းမြင် မျက်မှန်တွေ ချွတ်လို့ သဘာဝကျကျကြည့်လိုက်ကြပြီ။ သူ့စရိုက်၊ ကိုယ့်စရိုက် မြင်လိုက်ကြတဲ့အခါ ဆက်လက်တွဲမလား၊ လမ်းခွဲကြမလားဆုံးဖြတ်ဖို့ လမ်းဆုံလမ်းခွရောက်နေပြီ။ ချစ်သူနှစ်ယောက်အတွက် စိန်ခေါ်ချက် က အချစ်သီးသန့်နဲ့အတ္တအရောအချစ်ကို ခွဲခြားမြင်တတ်ဖို့ပဲ။

အတ္တက ကြောက်တတ်တယ်။ အကြောက်တရားကြောင့် အတ္တက ကိုယ့်ကိုယ်ကိုအမြဲကာကွယ်ထားတယ်။ ကိုယ့်အားနည်းချက်ကို ပြန် မကြည့်ရဲဘူး။ ကိုယ့်အလိုကိုသူတစ်ပါးက ဖြည့်ပေးမလား အမြဲမျှော် လင့်နေတယ်။ ဒါကြောင့် အတ္တအရောအချစ်မှာကြိုတင်သတ်မှတ်ချက် တွေ၊ တောင်းဆိုချက်တွေ၊ တစ်ပါးသူအပေါ် ပုံချတာတွေ ပါလာတယ်။

နှုတ်က ချစ်တယ်လို့ထုတ်ပြောပေမဲ့ စိတ်ထဲမှာကြိုတင်သတ်မှတ် ချက်ချလိုက်တယ်။ နမူနာ -(ရှင်ကအခုလိုပဲ ကျွန်မကြိုက်သလို ဆက် နေသွားမယ်ဆိုရင်တော့) ကျွန်မရှင့်ကိုချစ်ပါတယ်။ ကွင်းထဲက စာ လုံးတွေက ကြိုတင်သတ်မှတ်ချက်တွေဖြစ်ပါတယ်။ တောင်းဆိုချက် တွေကို တိုက်ရိုက်ဖွင့်မပြောလည်း မျှော်လင့်နေတယ်။ နမူနာ – သူက အရိပ်တကြည့်ကြည့်နဲ့အလိုက်သိရမှာပေါ့။ ပြောမှလုပ်ပေးတာ မျိုးတော့ မကြိုက်ပါဘူး။ ရည်းစားမဖြစ်ခင်က ဒီလိုမဟုတ်ပါဘူး။

ကိုယ်တိုင်လက်မခံနိုင်တဲ့၊ လက်မခံရဲတဲ့ကိုယ့်ချို့ယွင်းချက်တွေကို မသိစိတ်က ဖိနှိမ်ထားတယ်။ ဒါပေမဲ့ ချို့ယွင်းချက်တွေက ပျောက် မသွားဘဲ ငုပ်လျှိုးနေတာ။ အခွင့်သာရင် ပြန်ပေါ်ဖို့ အမြဲကြိုးစားနေ တယ်။ ဒါပေမဲ့ မိမိအတ္တက ရင်မဆိုင်ရဲတော့ ချစ်သူပေါ်ပုံချတတ် တယ်။ အတ္တက ကြောက်လေလေချစ်သူကိုစွပ်စွဲလေလေပဲ။ နမူနာ။ အတိတ်က အတွေ့အကြုံတစ်ခုကြောင့် မိမိကိုယ်ကိုအပြစ်ရှိတယ်လို့ ထင်နေတယ်ဆိုပါဆို့။ နောက်ထပ်အပြစ်တွေစွပ်စွဲလာမှာကို ကြောက် နေတယ်။ ချစ်သူကပြသနာတစ်ခုရဲ့ အဖြေကိုအတူတူရှာဖို့ ဆွေးနွေးရင် တောင် ကိုယ့်ကြောင့် ဒီပြဿနာဖြစ်ရသလိုမျိုး စွပ်စွဲနေတယ်လို့ အထင်မှားတယ်။

ဒီအဆင့်ကိုမှန်မှန်ကန်ကန်ကျော်ဖြတ်နိုင်ရင် သင်ဟာသတ္တိရှိ သူတစ်ယောက်ဖြစ်သွားပြီ။ ကိုယ့်အားနည်းချက်တွေ အပါအဝင် မိမိ အတ္တကိုရဲရဲရင်ဆိုင်ပြီ။ ကိုယ့်အကြောက်တရားကြောင့် တစ်ပါးသူ အပေါ် ပုံချခေါင်းရှောင်တာက ကင်းလွတ်ပြီ။

(၄) ကာမစက်ယှက်တဲ့အဆင့်

ချစ်ခင်စုံမက်ခြင်းဘောင်ထဲက အမြင့်ဆုံးသုခကိုရှာတဲ့အဆင့် ဖြစ် သွားပြီ။ ကာယသုခသက်သက်ကိုသာရှာမိရင်တော့ အဖိုးအနဂ္ဃ ထိုက် တဲ့ ရတနာသိုက်ပေါ်ထိုင်ရင်း ရေမဆေးကျောက်ကလေးပွတ်ရုံနဲ့ သာတူလိမ့်မယ်။ ရုပ်အာရုံနဲ့ သိလိုက်ရတာက အမြင့်ဆုံးသုခ မဟုတ် သေးဘူး။ အမြင့်ဆုံးသုခကိုရှာတဲ့ လမ်းမှာစိန်ခေါ်ချက်တွေ ရှိတယ်။ အမြင့်ဆုံးသုခကို တမင်တကာစီစဉ်ပြီးရယူဖို့မဖြစ်နိုင်ပါ။ အလို အလျောက်စီးဆင်းပြီးရောက်လာမှဖြစ်မှာပါ။ စီးဆင်းရာလမ်းကြောင်း မှာ အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာက ကြီးမားတဲ့စိန်ခေါ်မှုပါ။

ကာယသုခသက်သက်ကိုသာစဉ်းစားပြီး ငါဘယ်လောက်စွမ်း တယ်။ ဘယ်လိုအလိုပြည့်တယ်။ ဘယ်လောက်ဖြည့်စွမ်းနိုင်တယ် ဆို တာတွေနဲ့ တိုင်းတာနေတာတွေဟာ ပိတ်ဆို့နေတဲ့အမှိုက်သရိုက်တွေပါ။ တစ်ဖက်မှာကာမဂုဏ် အာရုံခံစားတာကိုမကောင်းမှု၊ ရှက်စရာ၊ တစ် ကိုယ်ကောင်းဆန်တာစသဖြင့် စွဲထင်တာကလည်း အမှိုက်တွေပါပဲ။

အမှိုက်သရိုက်တွေဟာ အလိုအလျောက်ရောက်လာတာမဟုတ်ပါ။ လူပြောသူပြောစံနှုန်းတွေ၊ တစ်ပါးသူက ဒီလိုများလားဆိုပြီး နှိုင်းယှဉ် တာတွေ၊ ရုပ်ခံစားမှုကိုရှေ့တန်းတင်လွန်းတာတွေ၊ စိုးရိမ်စိတ်တွေ၊ သိမ်ငယ်မှုတွေ၊ ဖိနှိမ်ထားတဲ့ဒေါသတွေ၊ အကြောင်းမဲ့ ပြိုင်ချင်တာ တွေ၊ ခံစားမှုဆိုင်ရာမရင့်ကျက်မှုတွေကြောင့်ဖြစ်ပါတယ်။

အမှိုက်တွေရှင်းသွားတာနဲ့ အမြင့်ဆုံးသုခအလိုအလျောက် စီး ဆင်းရောက်လာပါတယ်။ ပြီးဆုံးချိန်သူရောက်လာတဲ့နမူနာလက္ခဏာ တချို့ကတော့ “ကျေကျေနပ်နပ်ရယ်ချလိုက်တာ၊ အလွန်အားကောင်း တဲ့ သာယာမှုသုခကိုရလိုက်တာ၊ ကာလသုံးပါးက ကင်းလွတ်သွားတာ၊ နှလုံးသားထဲနွေးကနဲစီးဆင်းသွားတာ၊ သူနဲ့ကိုယ်တစ်သားတည်းဖြစ် သွားတာ၊ ခန္ဓာကိုယ်ကြီးပျောက်သွားပြီးလေထဲလွင့်မျောသွားတာ၊ ကျောရိုးတစ်လျှောက် အနွေးဓာတ်ဖြစ်ဖြစ် အလင်းဓာတ်ဖြစ်ဖြစ် စိမ့် တက်သွားတာ၊ အတ္တပျောက်သွားတာ၊ စိုးရိမ်စိတ်မြူမှုန်မျှမရှိတော့တာ၊ စိတ်လွတ်လပ်ပေါ့ပါးသွားတာ၊ အတိုင်းမရှိကျယ်ပြန့်သွားတာ၊ ကာယ လှုပ်ရှားမူကနေ ကင်းလွတ်နေတာ၊ သဘာဝတရားကြီးက ပိုက်ထွေး ထားတာ၊ မေတ္တာစိတ်တွေ အတားအဆီးမရှိထွက်လာတာ၊ နှလုံးသားမှာ တင်းတိမ်ရောင့်ရဲပြီး ငြိမ်းချမ်းသွားတာစသဖြင့် တစ်မျိုးမျိုးပေါ် လာတယ်။ ဒီစာရင်းထဲမပါတဲ့ အလားတူအတွေ့အကြုံတွေလည်းရှိနိုင် ပါတယ်။

ချစ်ခင်စုံမက်ခြင်းဟာ သာမန်လူမှုရေးရာတစ်ရပ်မဟုတ်ပါဘူး။ ဖော်ပြခဲ့တဲ့အဆင့်တွေဟာ တစ်ခု ပြီးမှတစ်ခုလာသလို ပြန်ကျော့တာတွေ၊ တစ်ပြိုင်တည်းယှဉ်တွဲဖြစ်တာတွေ၊ ရှေ့နောက် အစဉ်ပြောင်းလာတာတွေလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲလာလာကျော်ဖြတ်ရမဲ့ စိန်ခေါ်ချက် တွေရှိတယ်။ စိန်ခေါ်ချက်တွေကိုအောင်မြင်တာနဲ့အမျှ အကျိုးရလဒ်တွေရှိတယ်။ အကျိုး ရလဒ်တိုင်းဟာ မူလပန်းတိုင်တစ်ခုတည်းဆီကိုဦးတည်သွားနေပါတယ်။ မူလပန်းတိုင်ကတော့ သဟဇာတဖြစ်တဲ့ လူသားတစ်ယောက်အနေနဲ့ သန္တိသုခ ခဏငယ်တွေကိုခံစားရင်း အတ္တကို အနိုင်ယူပြီး ချစ်ခင်စုံမက်ခြင်းဘောင်ထဲက အမြင့်ဆုံးသုခကို ရှာဖွေတွေ့ရှိသွားဖို့ပါပဲ။

859 COMMENTS

  1. community aid selinsgrove community aid near harrisburg , community college vs technical college. environments records lyrica 75 mg lyrica pregabalin , positive and negative affect schedule community cast ken positive feedback examples homeostasis , community health center rutland vt positive words that start with s? stable community biology definition planning process group pmbok, individual level examples positive words quotes tumblr.
    cultural values , community in science culture jamming examples community health center in new london.

  2. 2020 design software cost drawing program website to buy autocad lt software conferences 2020 europe. 2020 software engineer intern 2020 software engineer jobs engeeeneringu#$sssaunnplus , back office software free download. autocad software free download full version 2020 with, office file recovery software free download 2020 fusion design software office software harvey norman. free office software upgrade office software android, software 2020 pc.

  3. pharmacie bordeaux dimanche matin pharmacie de garde aujourd’hui toulouse lisinopril without prescription , traitement naturel pour tomber enceinte therapies alternatives definition . pharmacie a proximite marseille pharmacie en ligne livraison gratuite , pharmacie x rousse pharmacie boulevard sixte isnard avignon medicaments japon pharmacie.beaulieu . traitement jambes lourdes therapies for ocd , pharmacie de garde marseille 13013 act therapy and ocd . pharmacie aix en provence zup xena therapies red wing mn , pharmacie picardo avignon therapie act lyon therapie vice therapies of schizophrenia . act therapy training online pharmacie istres , pharmacie beauvais ouvert dimanche pharmacie annecy geneve . pharmacie ouverte le samedi autour de moi therapies cognitivo-comportementales (tcc) , pharmacie beauvais horaires pharmacie lafayette amiens auchan pharmacie auchan dardilly pharmacie ouverte etampes .