အုန်းဆီထဲမှာmedium- chain fatty acids (MCFAs) တွေ ဖြစ်သော
(၁) Lauric acid
(၂) Caprylic acid
(၃) Capric acid
ပါဝင်တာကြောင့် ကောင်းမွန်တဲ့ HDL cholesterol ကို မြင့်တက်စေပြီး မကောင်းတဲ့ LDL cholesterol ကနေ HDL ကိုပါပြောင်းစေနိုင်ပါတယ်။
MCFA တွေက ချေဖျက်လွယ်ပြီး သဘာဝပိုးသတ်နိုင်သော ဂုဏ် သတ္တိရှိပါတယ်။ အဆီအဖြစ် မသိုလှောင်ဘဲ စွမ်းအင်အဖြစ် ချက်ချင်း ပြောင်းနိုင်ပါတယ်။
စမ်းသပ်ပြီး အသိအမှတ်ပြုထားသော ကျန်းမာရေးကောင်းကျိုး များမှာ-
(၁) အယ်လ်ဇိုင်းမားရောဂါကို သက်သာစေခြင်း
အုန်းဆီကိုချေဖျက်လျှင် ထွက်လာသော ကီတုန်း (ketones) က ဦးနှောက်အတွက် လိုအပ်သော စွမ်းအင်ကို အင်ဆူလင် (insulin)မလိုဘဲ ပြောင်းနိုင်ပါတယ်။
မကြာသေးမီက စမ်းသပ်ချက် များအရ ဦးနှောက်က ကိုယ်ပိုင် insulin ထုတ်ပြီး glucose ကနေ စွမ်းအင်အဖြစ် ပြောင်းလဲပါ တယ်။
Alzheimer’s ရောဂါသည် တွေမှာ ဦးနှောက်က ကိုယ်ပိုင် insulin မထုတ်နိုင်ပါဘူး။

(၂) နှလုံးရောဂါနှင့် သွေးတိုးခြင်းကို ကာကွယ်ပေးခြင်း
အုန်းဆီမှာ ကောင်းမွန်တဲ့ HDL cholesterol များစွာ ပါဝင်ပြီး မကောင်းတဲ့ အဆီကနေ ကောင်းမွန်တဲ့ အဆီအဖြစ် ပြောင်းလဲနိုင်သော
ကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ကျောက်ကပ်ရောဂါများကို ကုသပေးခြင်း
အုန်းဆီက သဘာဝ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ဗက်တီးရီးယား တွေမှာရှိသော အဆီနံရံကို ချေဖျက်နိုင်ပါတယ်။ ဒါ့အပြင် အုန်းရည်က healing (ပြန်လည်ကောင်းမွန်စေသော) process ကို အားပေးပြီး
တချို့သော ဆရာဝန်တွေက ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ရန် အုန်းရည်ကို တိုက်ရိုက် ထိုးသွင်းကြပါတယ်တဲ့။

(၄) ရောင်ရမ်းမှုကို သက်သာစေခြင်း
အိန္ဒိယနိုင်ငံမှာ ပြုလုပ်ထားသော စမ်းသပ်ချက်များအရ သန့်စင်တဲ့ အုန်းရည်က ရောင်ရမ်းမှုနှင့် အရိုးအဆစ်ရောင်ရမ်းနာကျင်မှုကို အစွမ်း ထက်တဲ့ဆေးတွေထက် ပိုပြီး သက်သာစေပါတယ်။
မကြာသေးမီက စမ်းသပ်ချက်တစ်ခုမှာတော့ အပူချိန်အလယ် အလတ်နဲ့ ထုတ်ထားတဲ့အုန်းဆီက ရောင်ရမ်းနေတဲ့ဆဲလ်တွေကို ဟန့်တားပေးတဲ့အပြင် အနာသက်သာခြင်းနဲ့ ရောင်ရမ်းမှုလျော့စေခြင်း အာနိသင် ပါရှိပါတယ်။

(၅) ကင်ဆာကို ကာကွယ်ပေးခြင်း
ကင်ဆာဆဲလ်တွေက ketone မှရသော စွမ်းအင်ကို မသုံးနိုင်ပါ။
အုန်းဆီက ဗက်တီးရီးယားနှင့် candida ပိုးကို ချေဖျက်နိုင်တာ ကြောင့် H.pylori ပိုးကြောင့်ဖြစ်နိုင်သော အစာအိမ်ကင်ဆာနှင့် candida မညီမျှမှုကြောင့်ဖြစ်သော အစာအိမ်အက်စစ်နည်းပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် အစာအိမ်အနာဖြစ်ခြင်းနှင့် အစာမကြေခြင်းကို သက်သာစေပါတယ်။

(၆) ပန်ကရိယ (pancreas) နှင့် သည်းခြေအိတ် (gallbladder) ရောဂါတွေကို သက်သာစေခြင်း
MCFAs တွေကို ချေဖျက်ရန် Pancreatic Enzymes တွေ မလို အပ်တာကြောင့် ပန်ကရိယ ရောင်ရမ်းမှုသက်သာစေပြီး စုပ်ယူနိုင်မှု လွယ်ကူတာကြောင့် သည်းခြေအိတ်ကို ဝန်မပိစေဘဲ ရောဂါလက္ခဏာ တွေကိုပါ သက်သာစေပါတယ်။

(၇) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
ရောဂါအများစုက မကောင်းတဲ့ ဗက်တီးရီးယား ဗိုင်းရပ်စ် မှိုပိုး စတာတွေကြောင့် ဖြစ်တာပါ။ အုန်းဆီက သဘာဝ ပိုးသတ်ဆေး တစ်မျိုးဖြစ်တာကြောင့် ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် အဆီမှာပျော်ဝင်သော vitamins calcium magnesium စုပ်ယူမှုကို အားပေးပါတယ်။

ဆူး