အားရှိလန်းဆန်းအောင် အိပ်ရန်မှာ အိပ်ချိန်သည် တစ်ဆက်တည်းဖြစ်ရန် လိုပါတယ်။ ပြတ် တောင်းပြတ်တောင်း မဖြစ်ရပါ။ ပြတ်တောင်း ပြတ်တောင်း (၈) နာရီကြာအိပ်ခြင်းထက် တောက်လျှောက် (၆)နာရီကြာ အိပ်ရခြင်းက ခန္ဓာကိုယ်အား ပိုမိုလန်းဆန်း အားပြည့်စေပါတယ်။ ထိုသို့ တောက်လျှောက်အိပ်ရေးဝဝ အိပ်စက်နိုင်ရန်မှာ အိပ်ခန်းက စံပြ အိပ်ခန်းမျိုးဖြစ်ရမှာပါ။ စံပြ အိပ်ခန်းဆိုတာကတော့………….

အသံ

အိပ်ခန်းအတွင် အသံတိတ်ဆိတ်ရေပါမည်။ မိမိကကြောက်တတ်၍ အသံကို လုံးဝမဖျောက်နိုင်လျှင်တောင် အိပ်ခန်းတွင်း အသံသည် တိုးညင်းပြီး အတက်အကျ အပြောင်းအလဲမရှိသင့်ပေ။

အလင်းရောင်


အိပ်ခန်းအတွင်း အလင်းရောင်မရှိစေရပါ။ မှန်ပြူတင်းပေါက်များဖြစ်ပါက ပြင်ပမှအလင်းရောင်ကိုကာရန် အရောင်ရင့်သည့် လိုက်ကာစကို သုံးပါ။ မျက်စိအကာများမှာလည်း အထောက်အကူပေးနိုင်ပါတယ်။

အပူချိန်


ပူအိုက်တဲ့ အိပ်ခန်းက အိပ်ရေးပျက်စေနိုင်ပါတယ်။ အိပ်မက်ဆိုးများကိုပင် မက်စေတတ်ပါတယ်။ အိပ်ခန်းတွင်း အကောင်းဆုံးအပူချိန်မှာ ၁၈ မှ ၂၀ ဒီဂရီဆဲစီးယပ်စ် ဖြစ်ပါတယ်။
ပြင်ဆင်ထားမှု
အိပ်ခန်းအတွင်းမှာ ရှုပ်ပွ မနေစေရပါ။ စက္ကူပုံများရှိနေလျှင်ပင် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အိပ်စက်ပုံ


မှောက်၍အိပ်ခြင်းက ကျောနာစေပါတယ်။ ဒါကြောင့် ပက်လက် (သို့) ဘေးစောင်းအိပ်ပါ။

ခေါင်းအုံး


ခေါင်းအုံးမှာ သဘာဝထွက်ပစ္စည်းများဖြစ်တဲ့မှို့၊ ဘဲမွေးနု၊ ငှက်မွေးစသည်တို့ကိုသုံးစွဲသင့်ပါတယ်။ အဲဒါတွေက ပုံစံပြောင်းမှု အလွယ်ဆုံးဖြစ်လို့ပါ။

မွေ့ရာ


ခုတင်နှင့် မွေ့ရာသည် ကျယ်ကျယ်ဝန်းဝန်းချောင်ချောင်ချိချိ ရှိရပါမယ်။ လူတစ်ယောက်ဟာ ညတစ်ညမှာ အကြိမ် (၄၀)မှ (၇၀)အထိ လှည့်စောင်း အိပ်တတ်တဲ့အတွက် လှည့်စောင်းအိပ်ရန် နေရာရှိဖို့လိုပါတယ်။