အနုပညာရှင်တွေထဲမှာ အားကစားထူးချွန်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာတစ်ယောက်ဖြစ်တဲ့ ကျွမ်းဘားအားကစားမယ် ထားထက်ထက်ကို ယခုတစ်ပတ်ရဲ့မျက်နှာဖုံးရှင်အဖြစ် တင်ဆက်လိုက်ပါတယ်။ ထားထက်ထက်ဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် Miss ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာMiss. Rakhine (2012), Miss.Grand Myanmar (2013), People Choice Award(2013), T.Pageant Award (2013) ဆုတွေရရှိထားသူလေးပါ။ Miss ပိုင်ရှင်တစ်ယောက် ဖြစ်သလို ပရဟိတအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်တာကို မြင်တွေ့ရပါတယ်။ ထားထက်ထက်ကို မေးဖြစ်ခဲ့တာတွေကတော့…

ထားထက်ထက် အခုလောလောဆယ် အနုပညာလှုပ်ရှားမှု ဘာတွေလုပ်နေလဲ

အခုလောလောဆယ် ပရိုဂရမ်လေးတွေ ရိုက်ဖြစ်နေပါတယ်။ ဇာတ်ကားရိုက်တာတော့ မရှိပါဘူး။

ထားထက်ထက်က ပရဟိတအလုပ်တွေလုပ်တာလည်း တွေ့ရတယ်နော်

ပရဟိတအလုပ်တွေကတော့ ထားထက်ထက် အားရင် အား သလို လုပ်ပေးဖြစ်တာပါ။

ထားထက်ထက် ခန္ဓာကိုယ်အချိုးအစားက ဘယ်အချိန် ကြည့်ကြည့် ဒီအတိုင်းလေးပဲဆိုတော့ ဘယ်လိုထိန်းသိမ်း နေထိုင်လဲဆိုတာပြောပြပါဦး

ထားထက်ထက်က ကိုယ်တိုင်လည်း အားကစားသမားတစ် ယောက်ဖြစ်တယ်။ ပြီးတော့ ထားထက်ထက် ခုဆို အားကစားသင် တန်းခန်းမလည်းဖွင့်ထားတော့ ကျွမ်းဘားသင်တန်းမှာ ကလေး တွေကို ကိုယ်လုပ်ပြရင်း ကိုယ်ကိုယ်တိုင်လည်း ဆော့ဖြစ်နေပါတယ်။ အဲဒီတော့ ကိုယ်အလေးချိန်လည်းမတက်တော့ဘူး။

ထားထက်ထက်ရဲ့ အားကစားသင်တန်းခန်းမမှာ တခြား အားကစားတွေရော သင်ပေးလား

သင်ပေးပါတယ်။ လူကြီးတွေအတွက်ဆိုရင် ယောဂ (Yoga) ရှိတယ်။ ဇွန်းဘား (Zumba) ရှိတယ်။ ကာဒီယို (Kardio) ရှိတယ်။ အေပေါ့ဒန့် (A-Pop dance) ရှိတယ်။

ထားထက်ထက်အနေနဲ့ ဘယ်အားကစားနည်းတွေကို ဝါသနာပါလဲ

ထားထက်ထက်ရဲ့ Profession က ကျွမ်းဘားပါ။ ကျွမ်းဘားမှာ နိုင်ငံလက်ရွေးစင်အထိ ဖြစ်ခဲ့တာပါ။ တခြားအားကစားနည်း တော်တော်များများကို ကစားတတ်ပါတယ်။

ကျွမ်းဘားကို ဘယ်အရွယ်ကတည်းက စကစားခဲ့တာလဲ

ထားထက်ထက် အသက် ၅ နှစ်လောက်ကတည်းက ကစားခဲ့တာပါ။ ၄ နှစ်လောက်ကစားပြီး အသက် ၉ နှစ်လောက်မှာ နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

နိုင်ငံ့လက်ရွေးစင်ဖြစ်ပြီတော့ ဘယ်နှနိုင်ငံလောက်သွား ပြိုင်ခဲ့ရလဲ

၅ နိုင်ငံလောက်သွားပြိုင်ခဲ့ရပါတယ်။ Training ကတော့ ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကိုသွားရတယ်။ ၅လ – ၆လ လောက် သင်တန်းသွားတက်ခဲ့ရတယ်။

ဆုတွေရောရခဲ့လား

ပြည်တွင်းမှာတော့ ရွှေရော၊ ငွေရော၊ ကြေးရော အမျိုးမျိုး ရခဲ့ပါတယ်။ ပြည်ပအနေနဲ့တော့ SEA Games မှာ Top 10 ဝင်ခဲ့ပါတယ်။

ပရိသတ်ကြီးကိုပေးချင်တဲ့ အကြံပြုစကားက

ကျန်းမာရေးက လူတိုင်းလိုက်စားဖို့လိုပါတယ်။ ကိုယ်က GYM တွေကို သီးသန့်အချိန်ပေးပြီး မသွားနိုင်ဘူးဆိုရင်တောင် ကိုယ်အိမ်မှာတင် Free Hand လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်လုပ်ပါ။ အချိန်ရရင်တော့ ရသလိုလုပ်ပါ။ နေ့စဉ်လုပ်ပါ။ တချို့တွေက လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူးလို့ပြောကြပါတယ်။ တကယ် တမ်းက အားကစားလုပ်ရမှာပျင်းကြတာပါ။ အားကစားက လုပ် ရင်စွဲပါတယ်။ အားကစားလုပ်ရင် စိတ်ကိုလန်းဆန်းစေပါတယ်။ အသားအရေလည်းလှစေပါတယ်။ အဓိကက စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ အခုခေတ်မှာဆိုရင် အလုပ်တွေ အရမ်းများ ပြီး စိတ်ဖိစီးမှုတွေလည်း အနည်းနဲ့ အများရှိတတ်ကြပါတယ်။ ဒါကြောင့် အားကစားကို လိုက်စားကြပါလို့ပြောချင်ပါတယ် … လို့ ဖြေကြားသွားခဲ့ပါတယ်။

ကျွမ်းဘားအားကစားသည် အဆင့်အတန်းမြင့်ပြီး တော်ရုံတန်ရုံလူတွေ မလေ့ကျင့်နိုင်သော အားကစားတစ်ခု ဖြစ်ပါတယ်။ ကျွမ်းဘားအားကစားမှာ ဟန်ချက်မျှခြေထိန်းတတ်ခြင်း၊ ခွန်အားစိုက်ထုတ်ခြင်း၊ ပျော့ပျောင်းခြင်း၊ ပေါ့ပါးဖျတ်လတ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တတ် ခြင်းစတဲ့ စွမ်းရည်တွေ ရှိဖို့လိုပါတယ်။

မြန်မာနိုင်ငံရဲ့ဂုဏ်ကို နိုင်ငံတကာမှာ ပြသနိုင်ခဲ့သော ကျွမ်းဘားအားကစားမယ် ထားထက်ထက်ကို ဂုဏ်ပြုချီးကျူးလိုက်ပါတယ်။

2146 COMMENTS

  1. Hi, of course this piece of writing is actually pleasant and I have learned lot of things from it on the topic of blogging. thanks.
    click here=Here is my web site – 안마