🐈 သင့်ရဲ့အချစ်တော် ကြောင်ကလေးရဲ့ မျက်နှာနဲ့ ခြေထောက်မှာရှိတဲ့ အမွေးမာတောင့်တောင့်တွေဟာ ကြောင်ကလေးရဲ့ ချစ်စရာသွင်ပြင်ကို ဖြစ်စေတဲ့အပြင် သူတို့မှာ တကယ်လုပ်ရတဲ့ တာဝန်တွေ ရှိပါတယ်။

🐈 ကြောင်နှုတ်ခမ်းမွေးဟာ GPS၊ ရေဒါစနစ်အဖြစ် ကြောင်တွေကို ပံ့ပိုးပေးပါတယ်။ ကြောင်နှုတ်ခမ်းမွေးကို Whisker လို့ခေါ်ပြီး ကြောင်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ မာတောင့်တောင့် ရှည်ရှည်အမွေးအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

🐈 နှုတ်ခမ်း တစ်ဝိုက်မှာ အဓိကပေါက်လေ့ရှိပါတယ်။

🐈 နှုတ်ခမ်းမွေးတွေဟာ ကြောင်တစ်ကောင်ရဲ့ ကမ္ဘာကြီးအပေါ် အာရုံခံမှု အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ကြောင်ရဲ့ နှုတ်ခမ်းမွေးတွေက ဘယ်လိုအလုပ်လုပ်

🐱 ထူထဲတဲ့ ကြောင်နှုတ်ခမ်းမွေး တစ်ချောင်းစီမှာ သေးငယ်ပြီး ခံစားမှု အလွန်ကောင်းတဲ့ အာရုံကြောတွေ ပြည့်နှက်နေပါတယ်။

🐱 ကြောင်တစ်ကောင်အနေနဲ့ အကွာအဝေး၊ အကျယ်အဝန်းကို သိရှိဆုံးဖြတ်ရာမှာ ကူညီပေးပါတယ်။

🐭 ဥပမာ – ဒီဘူးထဲကို ဝင်လို့ ဆံ့နိုင်မလား၊ စားပွဲခုံပေါ်ရောက်ဖို့ ဘယ်လောက်ထိ မြင့်မြင့်ခုန်ဖို့ လိုသလဲ စတဲ့ ဆုံးဖြတ်ချက်တွေကို နှုတ်ခမ်းမွေးရဲ့ အကူအညီနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ချောင်တစ်ခုထဲဝင်တဲ့အခါ ကိုယ်နဲ့ဆံ၊ မဆံ့ကို နှုတ်ခမ်းမွေးနဲ့ တိုင်းတာနိုင်ပါတယ်။

🐱 နှုတ်ခမ်းမွေးဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်အရာဝတ္ထု ရှိသလဲဆိုတာကို ထောက်လှမ်းနိုင်တဲ့ လက်နက်လည်း ဖြစ်ပါတယ်။

🐱 မျက်စိမမြင်ရတဲ့ ကြောင်တွေဟာ နှုတ်ခမ်းမွေးကို အသုံးပြုပြီး အာရုံခံကာ အခန်းတစ်ခန်းထဲမှာ လှည့်လည် သွားလာနိုင်ပါတယ်။

🐱 ကြောင်နှုတ်ခမ်းမွေးရဲ့ ထိပ်ဆုံးပိုင်းမှာ အာရုံခံအင်္ဂါတစ်ခုစီ ရှိပါတယ်။ ထိုအာရုံခံအင်္ဂါက ပတ်ဝန်းကျင်မှာရှိတဲ့ တုန်ခါမှုတွေကို သိရှိပြီး ကြောင်တွေကို သူတို့ ဘယ်နေရာ ရောက်နေသလဲဆိုတာ အာရုံခံနိုင်စေဖို့ ကူညီပေးပါတယ်။ သူ့ရဲ့ ဘေးမှာ ဘယ်သတ္တဝါရှိနေသလဲဆိုတာလည်း သိရှိစေပါတယ်။