ကျန်းမာရေးဟူသည် ခရီးရှည် ကြီး တစ်ခုဖြစ်၏။ ဤခရီးလမ်းတွင် ဦးတည်ရာရှိ၏။ ထိုဦးတည်ရာသို့ ရည်စူး၍ သက်ရှည်ကျန်းမာ၊ ချမ်းသာစေကြောင်း ဆုတောင်းကြ ၏။ ခရီးလမ်းသည် မရေရာမှုတို့ ြွပမ်းတီးနေ၏။ မရေရာမှုကို မမေ့ တတ်ရန် မရဏနုသတိဘာဝနာကို ပွားစေ၏။ ခရီးလမ်းတစ်လျှောက် သက်လုံကောင်းဖို့ လေ့ကျင့်ကြရ ၏။ ထိုအလေ့အကျင့်တို့၌ ကံ၊ ဉာဏ်၊ ဝီရိယကို သက်စောင့်ထား ကြ၏။
ကျန်းမာရေးသက်လုံ မကောင်း သူတို့သည် ဦးတည်ရာသို့ မရောက် တတ်။ လမ်းခုလတ်၌ အသက်ရှုံး တတ်၏။ ခန္ဓာတွင်းပ ပျက်စီးကြ၍ ဘဝရှုံးရသည်လည်းရှိ၏။ ကျန်းမာ ရေးသက်လုံ ပြည့်သူတို့ကတော့ သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာ စွာ ခရီးဆုံးထိ ပန်းဝင်ကြ၏။ ခရီး ပန်းသော်လည်း အဆုံးသတ် ညင်သာ၏။ သူတို့၏ အဓိက ခြားနားမှုက ကျန်းမာရေးအလေ့ အထကောင်းများကို တစိုက်မတ် မတ်ဆောင်ရွက်ခြင်း၊ မဆောင်ရွက် ခြင်း၌ တည်၏။

အမြင့်ပျံငှက်တို့ထုံး နှလုံးမူသူ
ကျန်းမာရေးသက်လုံ ပြည့်သူ တို့သည် အမြင့်ပျံငှက်တို့၏ ထုံးကို နှလုံးမူကြ၏။ အမြင့်ပျံငှက်တို့သည် တိမ်တောင် တိမ်တိုက်တို့ကို ကျော် လွန်ပြီး အထက်ပျံတက် သောအခါ အကန့်အသတ်မဲ့ ကျယ်ပြောသည့် မိုးကုတ်စက်ဝိုင်းကို မျက်မှောက်ပြု ကြ၏။ ထိုအခါ အလုံးစုံပြည့်ဝ သော ရှုထောင့်ဆီမှ လောကကို ပြန်ကြည့်ရ၏။သူတို့၏ ကျန်းမာရေး အလေ့ အထတို့သည် ဟိုရောဂါ၊ ဒီရောဂါ မဖြစ်ရုံသက်သက် ကာကွယ်နေ ခြင်းမဟုတ်ပေ။ ခန္ဓာကိုယ်သန်စွမ်းရုံ၊ အမောခံနိုင်ရုံသက်သက် လေ့ကျင့် ခြင်းလည်းမဟုတ်။ သူတို့သည် ဘက်ပေါင်းစုံ မျှခြေရှိနေသော ဘဝတစ်ခုကိုတည်ဆောက်ရှင်သန် နေကြခြင်းပင်ဖြစ်သည်။ ဘက်ပေါင်း စုံဆိုရာတွင် ကိုယ်ကာယ၊ စိတ် ဝိဉာဏ်၊ ခံစားမှု၊ လူမှုရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် ဗြဟ္မစိုရ် တရားတို့ ပါဝင်၏။ ထိုထိုရှုထောင့် တို့ မျှခြေရှိနေသောဘဝတစ်ခု ရှင်သန်ရခြင်းသည် အကန့်အသတ် မဲ့ မိုးကုတ်စက်ဝိုင်း၌ စိတ်လက် ပေါ့ပါးစွာပျံသန်းသည့် အမြင့်ပျံ ငှက်ကဲ့သို့ ဖြစ်၏။
ပုစဉ်းရင်ကွဲနှင့် ခိုငှက်တို့ သည် တိမ်တောင်တိမ်တိုက်တို့ကို ကျော်လွန်၍ မပျံနိုင်ကြ၊ မပျံချင် ကြ၊ လုံ့လမစိုက်ထုတ်ကြ။ သို့သော် သူတို့သည် အမြင့်ပျံငှက်တို့အား ကဲ့ရဲ့သြင်္ဂိုဟ် အတင်းဆိုကြ၏။ လိုတာထက် လွန်ကဲနေသူတွေ၊ အစိုးရိမ်ကြီးသူတွေ၊ စာအုပ်ကြီး သမားတွေဟု နှုတ်လှံနှုတ်ထိုး ပြု ကြ၏။ သို့သော် ကျန်းမာရေး သက်လုံပြည့်သူသည် အလေ့အကျင့် တို့ မြင့်သထက်မြင့်လာသည်နှင့် အမျှ အနိမ့်ပျံငှက်တို့၏ စကားပေါ့ စကားပျက်တို့ကသူ၏ စိတ်နှလုံး ထိခိုက်အောင် မစွမ်းဆောင်နိုင် တော့ပေ။ မိမိ၏ ဦးတည်ရာဆီ မမှိတ်မသုန် ပျံသန်းကုန်၏။

ဖားသူငယ်ကို ကရုဏာသက် သော ပင်လယ်လိပ်ကြီး
ကြုံတုန်းဆုံတုန်း တစ်ခွက် တစ်ဖလားဆွဲကြစို့ရဲ့။ စိတ်တင်း ကြပ်တာတွေ လျော့သွားအောင် တစ်ဖွာနှစ်ဖွာ ရှိုက်ကြစို့နော်။ ရေခြားမြေခြားရောက်တုန်း အမှန် အကန်လေးတွေနဲ့ ပျော်ပါးကြည့် စို့လား။
တစ်ခါတလေပဲဟာ လေ့ကျင့် ခန်းလုပ်မနေပါနဲ့။ လာ-ပင်ပန်းခဲ့ တာတွေ အတိုးချပြီး စားကြ သောက်ကြရအောင်။ တစ်ညလုံး အဝကဲပြီး မနက်ကျမှ ဖြည့်အိပ် ကြတာပေါ့။
အပြိုင်အဆိုင်ခေတ်ကြီးမှာ အားလျော့တာနဲ့ ပြတ်ကျန်ခဲ့မယ်။ သတိထား။ ရှေ့ကကားတွေ အကုန် ကျော်တက် မိုင်ကုန်ဖွင့်မောင်း။ စိတ်နောက်တယ်။ သီးမခံနိုင်တော့ဘူး။ ကိုင်လိုက်တော့။ ချလိုက်တော့။
ရေတွင်းပျက်ထဲက ဖားသူငယ် များသည် ပင်လယ်လိပ်ကြီးကို ဖြားယောင်းတိုက်တွန်းသည်။ ပင်လယ်ကို မမြင်ဘူးသော ဖား သူငယ်အတွက် သူ့အမြင်၊ သူ့ အတွေးတို့ကို ရေတွင်းပျက်နံရံက ဘောင်ခတ်ထားသည်။ ရေစွတ် စွတ်၊ စေးထန်းထန်း၊ အောက်သိုး သိုးပတ်ဝန်းကျင်တွင် နေသာသလို နေကြရင်း ကျန်းမာရေးကို အပေါ် ယံ ရှပ်မြင်ကြသည်။ စိတ်သွား တိုင်းကိုယ်ပါသည်ကို ကိုယ်ကျန်း မာရေး၊ စိတ်အလိုလိုက် သာယာ နိုင်သည်ကို စိတ်ကျန်းမာရေး၊ ထွက်ပေါက်ရှာ ပေါက်ကွဲသည်ကို ခံစားမှုကျန်းမာရေး၊ စိတ်တူကိုယ် တူ အပျော်အပါးလိုက်စားသည်ကို လူမှုကျန်းမာရေး စသော မှတ်ထင် မှုတို့နှင့် ကျန်းမာရေးကို ခပ်ကျဉ်း ကျဉ်း နားလည်ကြသည်။
ပင်လယ်လိပ်သည် ပင်လယ် ၏ ကျယ်ဝန်းနက်နဲမှု အတိုင်း အဆကို သိထားပြီးဖြစ်သော ကြောင့် ရေတွင်းကျဉ်းထဲ၌ ဝါြွကား ပလွှားနေသည့် ဖားသူငယ်ကို ကရုဏာသက်မိသည်။ ရှုထောင့်စုံ မျှခြေရှိသော ဘဝကို ပိုင်ဆိုင်ထား မှုသည် အလုံးစုံကျန်းမာရေးနှင့် ပြည့်ဝနေခြင်းဖြစ်သည်ကို ကျန်းမာ ရေးသက်လုံကောင်းသူက ရှင်းရှင်း လင်းလင်းနားလည်ထားသည်။ အလုံးစုံကျန်းမာရေး၏ အဆင့်ဆင့် မြင့်တက်သော အကျိုးရလဒ်တို့ကို လည်း သိမြင်သည်။
မိမိ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေရမည်။ စိတ်နှလုံးဖြူစင် တည်ကြည်စေရမည်။ ဗြဟ္မစိုရ်တရား ပွားများနိုင်ရမည်။ မိမိခန္ဓာကို စောင့်ရှောက်ရင်း မိသားစု အကျိုး၊ လူ့အဖွဲ့အစည်းအကျိုး၊ လူသား အကျိုး ထမ်းဆောင်နိုင်ရန် ကိုယ် ကာယကျန်းမာရေးကို ဂရုစိုက်၏။ ချမ်းသာသော စိတ်မှ တစ်ဆင့် အကြံသစ်၊ Óဏ်သစ်၊ စွန့်ဦး တီထွင်မှုများ၊ ဆုံးဖြတ်ချက် ကောင်းများ၊ ဖြေရှင်းနည်းမှန်များ ပေါ်ထွက်လာစေရန် စိတ်ကျန်း မာရေးကို လေ့ကျင့်၏။ ထိန်းသိမ်း စောင့်ရှောက်ထားသဖြင့် ယဉ်ပါး နေသော ခံစားမှုများကြောင့် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်စေ ရန် လူမှုရေးရာကျန်းမာမှုကို ပျိုးထောင်၏။ ဗြဟ္မစိုရ်တရား စိတ်ဓာတ်ကောင်းများနှင့် လူ အချင်းချင်း၊ လူနှင့် သတ္တလောက၊ လူနှင့် သဘာဝပတ်ဝန်းကျင် သဟ ဇာတဖွံ့ဖြိုးစေရန် စိတ်သန့်ရှင်း ကျန်းမာရေးကို ပွားများနေ၏။

ရိုးစင်းသော ပုလွေတေးသွား၏ ညီညွတ်ဖွဲ့သံစဉ်
အလုံးစုံကျန်းမာရေးအတွက် သက်လုံကောင်းသူတို့သည် ရိုးစင်း သော အလေ့အကျင့်တို့ကို လိုက်နာ ကြသည်။ ကျန်းမာရေးအလေ့ အကျင့်ကို သီးသန့် အချိန်ပေး၍ သော်လည်းကောင်း၊ နိစ္စဓူဝ ကိစ္စ ရပ်များနှင့် ပေါင်းစပ်၍သော် လည်းကောင်း ဆောင်ရွက်တတ် သည်။ ရှေးဟောင်းနှင့် ခေတ်ပေါ် ကိုလည်းညီညွတ်မျှတစေသည်။ ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောကသုံးပါးနှင့် အညမည ဖြစ်စေသည်။

 

ကျန်းမာရေးသက်လုံ မကောင်းသူတို့သည် ဦးတည်ရာသို့ မရောက်တတ်။ လမ်းခုလတ်၌ အသက်ရှုံး တတ်၏။ ခန္ဓာတွင်းပပျက်စီးကြ၍ ဘဝရှုံးရသည်လည်းရှိ၏။ ကျန်းမာရေးသက်လုံ ပြည့်သူတို့ကတော့ သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာစွာ ခရီးဆုံးထိ ပန်းဝင်ကြ၏။ ခရီးပန်းသော်လည်း အဆုံးသတ် ညင်သာ၏။ သူတို့၏ အဓိကခြားနားမှုက ကျန်းမာရေးအလေ့အထကောင်းများကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်း၌ တည်၏။

ကိုယ်ကာယကျန်းမာရေး အတွက် လက်လှမ်းမီလျှင် ခေတ်မီ အားကစားရုံသို့ သွားကစားမည်။ လက်လှမ်းမမီလျှင် အိမ်တွင် ပြေး စက် ထားကစားမည်။ နေ့စဉ် ၄၅ မိနစ် လမ်းသွက်သွက်လျှောက် မည်။ ခပ်ဖွဖွ ပြေးမည်။ စက်ဘီးစီး၊ ရေကူးမည်။ ကြမ်းတိုက်၊ တံမြက်စည်း လှဲ၊ ကားရေဆေးစသည့် အိမ်မှုကိစ္စ များကို ချွေးထွက်သည်အထိ အား စိုက်လုပ်မည်။
စိတ်ကျန်းမာရေးအတွက် နေ့စဉ် ၁၅ မိနစ်၊ နာရီဝက် ထွက်လေ ဝင်လေ တရားမှတ်မည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား သတိကပ်မည်။ စိတ်ထဲဖြစ်ပေါ်သမျှ သိသိနေ အောင် စူးစိုက်ကြည့်မည်။ ကျယ်ပြန့် စိမ်းစိုရှုခင်းများ၊ ကောင်းကင်ပြာ ပြာမြင်ကွင်းများ၊ မြင့်မားခန့်ညား ဗိသုကာလက်ရာများကို အာရုံပြု မည်။ လတ်ဆတ်လေနုအေး၊ ပန်း ရနံ့၊ မိုးရနံ့၊ မြေသင်းနံ့ ကြိုင်ကြိုင် မွှေးကို သတိထားနမ်းရှိုက်မည်။
ခံစားမှုနှင့် လူမှုရေးရာ ကျန်းမာ ရေးအတွက် မိသားစု၊ ချစ်သူ ရည်းစား၊ သူငယ်ချင်းများနှင့် အတူ တကွ အချိန်ပေးမည်။ လွတ်လပ် ပေါ့ပါး အပျော်ခရီးသွားကြမည်။ ထမင်းလက်ဆုံစား စကားစမြည် ပြော ရယ်မောကြမည်။ ရုပ်ရှင်ကား တွေ အတူကြည့်ကြ၊ ရိုလာကိုစတာ စီးကြ၊ သီချင်းတွေဆိုကြ၊ ကကြ ခုန်ကြ ပျော်မြူးကြမည်။ ဇနီး ခင်ပွန်း၊ ချစ်သူရည်းစားများက တော့ ကြင်နာယုယ ပွေ့ဖက်ကြ၊ မြတ်မြတ်နိုးနိုး နမ်းရှုတ်ကြမည်။
စိတ်သန့်ရှင်းကျန်းမာရေး အတွက် တစ်ကိုယ်ရေရူးသွပ်သော အာရုံတစ်ခုခုတွင် ဈာန်ဝင် စူးစိုက် ထားမည်။ ဂီတ၊ ပန်းချီ၊ စာပေ အနုပညာအာရုံ ဖြစ်ကောင်းဖြစ် မည်။ ဂေါက်သီး၊ အိုက်ကီဒို၊ ဘောလုံး၊ စစ်တုရင်ကစားနည်း ဖြစ်ကောင်းဖြစ်မည်။ ဘုရားဝတ်ပြု၊ ဆုတောင်းအမျှဝေ၊ ဘာဝနာရှုမှတ်၊ ဓမ္မတေးအထပ်ထပ် ရွတ်ဖတ်တာ ဖြစ်ကောင်းဖြစ်မည်။ ဥယျာဉ်ပန်း ပျိုး၊ ရေလောင်းပေါင်းသင်၊ အပင် လေးတွေရှင်သန်ပေးတာဖြစ်ကောင်း ဖြစ်မည်။
ဂေဟစနစ် ကျန်းမာရေး အတွက် အစားအသောက်အပေါ် နှလုံးသွင်းကောင်းကြမည်။ အာဟာရ ဓာတ် ပါဝင်မှု၊ အဆိပ်အတောက် ကင်းမှု၊ အတိုင်းအဆမျှတမှုကို စိစစ်သုံးသပ်သည်ထက် ပိုပါသည်။ ပန်းကန်ပြားထဲက စားဖွယ်ရာကို ဆင်ခြင်သည်။ စားပွဲပေါ် အသင့် ရောက်လာသည်အထိ ထည့်ဝင်ခဲ့ သော လူတို့၏ ကာယ၊ Óဏ စွမ်းအားများ၊ တိရစ္ဆာန်တို့၏ အသက်သွေးသားများ၊ သီးနှံအပင် တို့၏ ဇီဝသံသရာလည်မှုများ၊ ရေ၊ မြေ၊ လောင်စာသဘာဝ အရင်း အမြစ် အသုံးချမှုများစသည့် အထောက်အပံ့ပစ္စည်းများကို ချိတ် ဆက်တွေးတောသည်။ အလားတူ နှလုံးသွင်းမှုကို အခြားလူ့အသုံး အဆောင်များအတွက်လည်း ဆင့်ပွားချဲ့ထွင် စဉ်းစားသည်။

မမေ့မလျော့မပေါ့ဆသော ကျန်းမာရေးသက်လုံ
ရှုထောင့်စုံသည်။ အလုံးစုံ ြွကယ်ဝသည်။ ကျယ်ပြောနက်နဲ သည်။ ရိုးစင်းသည်။ ချိတ်ဆက် ပေါင်းစည်းသည်။ ထို့ကြောင့် သူတို့သည် ကျန်းမာရေးသက်လုံ ပြည့်ကြသည်။ သက်လုံပြည့်သည် နှင့်အမျှ အလေ့အကျင့်ကောင်း များကို မမေ့မလျော့ မပေါ့မဆ လုပ်ဆောင်နေကြသည်။ အဇ္ဈတ္တ စေ့ဆော်တိုက်တွန်းမှုနှင့်တကွ အလို အလျောက်ပြုမူကြသည်။ နေ့စဉ် ကာယလေ့ကျင့်ခန်းပျက်ကွက်ဖို့ ခဲယဉ်းသွားသည်။ အစားအသောက် ကို အာဟာရဖြည့်ဆည်းမှုအတွက် သာ မှီဝဲစားသုံးဖြစ်သည်။ ကြိုက်၍ မပို၊ မုန်း၍လည်း မလိုတော့။ စိတ် အလိုလိုက် နမော်နမဲ့ဆန်သော အမူအကျင့်တို့ကို သတိÓဏ်နှင့် ထိန်းကျောင်းနိုင်သည်။ စိတ်ဖြူစင် ရေးသည် နေ့စဉ်အသက်ရှူမှုနှင့် တစ်သားတည်းဖြစ်နေသည်။ ဗြဟ္မစိုရ် တရားနှင့် ပတ်ဝန်းကျင် စောင့်ရှောက်ထိန်းသိမ်းမှုသည် သူတို့၏ ဘဝနေနည်းတစ်ခု ဖြစ် လာသည်။
အလုံးစုံကျန်းမာရေး ရှုထောင့် အားဖြင့် သက်လုံကောင်းနေသူ သည် ကျန်းမာရေးပညာပေးမှုများ ကို သေချာစွာနားထောင်သည်။ ရရှိလာသောသတင်းအချက်အလက် များကို အသေအချာစိစစ်နိုင်ကြ သည်။ နားလည်သဘောပေါက် သွားသောအခါ ကျန်းမာသော အမူအကျင့်များကို တိတိကျကျ လိုက်နာကြသည်။ လိုအပ်လျှင် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေး နွေးသည်။ လိုအပ်သော ကျန်းမာ ရေး သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုကို ဆုံးဖြတ်ရွေးချယ် နိုင်သည်။ ရှာဖွေရယူနိုင်သည်။ မိမိမိသားစုအပါအဝင် သူတစ်ပါး ကို ကူညီနိုင်သည်။ ကိုယ့်အတွက် လိုသောအကူအညီကိုလည်း သူတစ်ပါးထံမှ တောင်းယူနိုင်သည်။ ကြုံဆုံလာရသော ကျန်းမာရေး အကြပ်အတည်းများကို တည်ငြိမ် စွာ ဖြေရှင်းနိုင်သည်။ အချုပ်အား ဖြင့်ဆိုသော် အလုံးစုံကျန်းမာရေး ရှုထောင့်နှင့် အကျွမ်းဝင်သောသူ သည် ကျန်းမာရေးစာတတ်မြောက် ခြင်း၊ ကျန်းမာရေးအသိနားလည် သဘောပေါက်ခြင်းတို့အတွက်ပါ သက်လုံပြည့်ပြီး ဖြစ်ပါလိမ့်မည်။

ကိုဘုန်း (Family)