ယခုတစ်ပတ်တွင် Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်ဖြစ်သော ဦးလှမြင့် (ဂန္ဓမာ) ဘာသာပြန်ဆိုရေးသားပြုစုသည့် ရောဂါနှင့်အစားအစာ (Disease and Food) အမည်ရှိ စာအုပ် အကြောင်း မိတ်ဆက်ပေးလိုပါသည်။
ဦးလှမြင့် (ဂန္ဓမာ) သည် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) အောက်မြန်မာပြည်စာစောင် ထုတ်ပြန်ရေးဌာနခွဲ တာဝန်ခံဌာနမှူးအဖြစ် ၁၅နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ယခုအချိန်ထိ စာနယ်ဇင်းမျိုးစုံတွင် ဆေးနှင့် ကျန်းမာရေးပညာပေးဆောင်းပါး ပေါင်းအပုဒ် ၂၅ဝဝ ကျော် ရေး သားခဲ့ပြီး လုံးချင်းစာအုပ် ၃၅ အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ မူရင်းစာအုပ်ရေးသူမှာ Jean Carper ဖြစ်ပြီး သူမသည် ကျန်းမာရေးနှင့် အာဟာရဓာတ်ပညာ အကြောင်းရေးရာတွင် ထိပ်တန်းပိုင်နိုင်ကျွမ်းကျင်သူဖြစ်ကြောင်း သိရသည်။ သူမ၏ စာအုပ်များအပေါ် နိုင်ငံတကာ ဝါရင့်ဆရာများ၏ ဝေဖန်ရေးသားမှုများရှိခဲ့ကြောင်း သိရပါတယ်။
ဘာသာပြန်ဆိုရေးသားသူ၏ အမှာစကားတွင် လွန်ခဲ့သည့် နှစ် ၃၀ လောက်အထိ အစားအစာများတွင် သဘာဝကျသည့် သိပ္ပံနည်းကျခိုင်လုံသော အထောက်အထားပြသနိုင်ခဲ့သောဆေးဖက်ဝင် အာနိသင်များရှိသည်ကို အသိအမှတ်မပြုသလောက်ဖြစ်ကြောင်း၊ ယခု သုတေသနအသစ်များက အစားအစာက ကျန်းမာရေးနှင့် တက်ကြွမှုအားမာန်ကို ပေးစွမ်းနိုင်ကြောင်း၊ အသေးအဖွဲ မအီမသာ ဖြစ်ခြင်းမှ ကင်းဝေးစေကြောင်း၊ အိုမင်းရင့်ရော်ခြင်း သဘာဝနည်းစဉ်ကို ဝင်ရောက်စွက်ဖက်နိုင်ကြောင်း၊ ခန္ဓာကိုယ်၏ ယိုယွင်းခြင်းကို တားဆီးပေးနိုင်ကြောင်း၊ ယခုစာအုပ်သည် နယူးယောက်တိုင်း အရောင်းရဆုံး စာအုပ်စာရင်းတွင် ကြာရှည်စွာ ရပ်တည်ခဲ့သည့် “Food Your Miracle Medicine” စာအုပ်တွင် ပါဝင်သော အခန်းတချို့ပါအကြောင်းအရာများကို ဖတ်ရှုရအဆင်ပြေအောင် ပြန်ဆိုရေးသားတင်ပြထားကြောင်း၊ သိပ္ပံ နည်းကျလေ့လာမှုတစ်သောင်းကျော်ကို အခြေခံရေးသားထားခြင်းဖြစ် ကြောင်း၊ အကျိုးဆောင်ဂျာနယ်တွင် အပတ်စဉ်ဖော်ပြခဲ့သည့် ဆောင်းပါးများကို စုစည်းပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေထားခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။
စာအုပ်တွင် သွေးတိုးရောဂါ၊ ကိုလက်စထရောလ်၊ နှလုံးရောဂါ၊ အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရိုးပွအရိုးပါးရောဂါ၊ သည်းခြေကျောက်၊ အဆစ်နာ အဆစ်ရောင်ရောဂါ၊ သွေးလေးဖက်နာ စသဖြင့် ခေါင်းစဉ်ကြီးများ ပိုင်းခြားပြီး ရေးသားထားပါတယ်။ ခေါင်းစဉ်ကြီးတစ်ခုစီအောက်တွင် ထပ်ဆင့်ခေါင်းစဉ်ငယ်လေးများလည်း ပါဝင်ပါတယ်။
စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်ငယ်အချို့ကို ကောက်နုတ်ဖော်ပြ ရလျှင် သွေးတိုးရောဂါအတွက် အရေးကြီးတဲ့ ပိုတက်စီယမ်နှင့် ဆိုဒီယမ်၊ အိမ်သုံးဆားနှင့် သွေးတိုး၊ သွေးကြောများ ပိတ်ဆို့ခြင်း ဘယ်လိုဖြစ်လာသလဲ၊ ကိုလက် စထရောလ်ကျစေတဲ့ အစားအစာအချို့၊ ကိုလက်စထရောလ်ချဖို့ ဘယ်လိုအစားအစာတွေကို စားသင့်သလဲ၊ ရှောင်သင့်သလဲ၊ ကိုလက်စထရောလ် “ဆိုး” LDL ချ ပေးမဲ့အစားအစာများ၊ မပြည့်ဝအဆီများရဲ့ အကျိုးကျေးဇူး၊ နှလုံးရောဂါလူနာအတွက် အသီးအရွက်များက အကျိုးပြု၊ အခွံမာသီး (nuts) များများစားသူ နှလုံးရောဂါ အဖြစ်နည်း၊ နှလုံးရောဂါအဖြစ် နည်းတဲ့ ပြင်သစ်သားတွေ၊ ကော်ဖီက နှလုံးရောဂါဖြစ်ခြင်းကို အား ပေးပါသလား၊ ဗိုက်မကောင်းဖြစ်စေတဲ့ အစားအစာများ၊ ရှောင်သင့်တဲ့ အဖျော်ယမကာများ၊ မေ့ဆေး ပေးခွဲစိတ်ပြီးနောက်၊ ဂက်စ်ပါတဲ့ သို့မဟုတ် အမြှုပ်ပလုံစီထတဲ့ အချိုရည်များ၊ အမွှေးအကြိုင်ကဲသော အစားအစာများ၊ အစားအစာက “လေ” (gas) ဘယ်လို ထုတ်ပေးသလဲ၊ ဝမ်းချုပ်ခြင်းကို တိုက်ဖျက်ပေးတဲ့ အစားအစာများ၊ ဝမ်းချုပ်ခြင်းကုစားဖို့ အကောင်းဆုံး သဘာဝ အစားအစာတစ်ခု၊ တစ်နေ့တာဘယ်လောက်စားဖို့ လိုမလဲ၊ ခရီးသွားစဉ် ဝမ်းလျှောခြင်း (Traveller’s diarrhea) ၊ ကာဗွန် ဒိုင်အောက်ဆိုဒ်ပါ ပုလင်းအချို ရည်များကိုသာ ရွေးချယ်သောက်ပါ၊ ဝမ်းလျှောခြင်းရပ်စေဖို့ ဓာတ်စာကုထုံး၊ ဒိန်ချဉ် (Yogurt)၊ အိမ်သုံးဆား (သို့) ကယ်လ်စီယမ်သူခိုး၊ အရက် (Alcohol)၊ သည်းခြေကျောက် ဘာကြောင့်တည်သလဲ၊ ကိုယ်အလေးချိန်အမြန်မချနှင့်၊ အချိန်ကြာကြာ အစာမစားဘဲနေခြင်းက သည်းခြေကျောက်တည် အန္တရာယ်ပိုများစေ၊အရက်အနည်း ငယ်သောက်ခြင်းက သည်းခြေကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သတဲ့လား၊ ဆီရီယဲလ် (cereals)၊ အရိုးကျီးပေါင်းရောဂါ အတွက်၊ ရှောင်ရမဲ့ဆီတချို့၊ အစားအစာက သွေးလေးဖက်နာအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ၊ ဆေးဝါးထက်ပိုထိရောက်တဲ့ ဟင်းသီးဟင်းရွက်ဓာတ်စာ၊ အဆီများသည့် ငါးများ (Fatty Fish)၊ ဟင်းခတ်အမွှေးအကြိုင်တချို့ (Some Spices) ဟူ၍ ဆောင်းပါးများ ပါရှိပါတယ်။
အစားအစာများကြောင့် လူတစ်ယောက်၏ကျန်းမာရေးအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ရှင်းလင်းဆွေးနွေး ထားသော ကျန်းမာရေးပညာပေး စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာအုပ်ကို ထုတ်ဝေသူ ဦးစန်း ဦး စိတ်ကူးချိုချိုစာပေ (ဝဝ၅၃၈) မှ ထုတ်ဝေပြီး ဒေါ်ဝင်းမာ စိတ်ကူးချိုချိုပုံနှိပ်တိုက် (ဝဝ၄၁၂) မှ ၂၀၁၈ ခုနှစ်၊ မေလတွင် ပထမအကြိမ် ရိုက်နှိပ်ထားပါသည်။ စာအုပ်တန်ဖိုး = ၂၂ဝဝ ကျပ်။

93 COMMENTS

  1. community bank bath ny followers roblox , community bridges detox phoenix az. positive feedback negative feedback order lyrica lyrica medication , followers not following back community definition vocabulary community bible church brighton , community action agencies virginia friends kabob? community bible church olathe ks community aid ephrata pa, community bank indian lake ny community action council richmond ky.
    positive statement , community bridges staff planning process ppt slideshare community options.

  2. radeon software 2020 download drawing program website to buy Autocad office king software free download. 2020 design software for sale ms office software free download with key engeeeneringu#$sssaunnplus , office software protection platform service 1003. 2020 design software free trial, software adrenalin 2020 edition 20.2.2 free office software compatible with windows 10 software pro world office for mac. best office suite software for mac epson stylus office bx300f software for mac, 2020 design software book.

LEAVE A REPLY

Please enter your comment!
Please enter your name here