Health Digest ဂျာနယ်သို့ ပေးပို့လာသည့် စာအုပ်များထဲမှ ယခုတစ်ပတ်မှာတော့ ကလေးများနှင့် သက်ဆိုင်သော စာအုပ်တစ် အုပ်အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

ကလေးဆိုတာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ အများဆုံးဖြစ်ပေါ်နေသည့်အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ သနားကြင်နာစိတ်၊ ကိုယ်ချင်းစာ စိတ်၊ လောကကြီးကို ချစ်မြတ်နိုး တတ်တဲ့စိတ် အစရှိတဲ့ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာစေရန် အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ကလေး၏စိတ် ပြုစုပျိုးထောင်ပေးခြင်းဟု ခေါ်နိုင်ပါတယ်။ အဲဒီလိုပြုစုပျိုးထောင်ရာမှာ ကလေးများအား ပန်းချီရုပ်ပုံများ ကြည့်ရှု ခံစားနှစ်သက်စေခြင်း၊ ပန်းချီရုပ်ပုံများ ရေးဆွဲဖန်တီးခြင်း စတဲ့ ဝါသနာများ ဖြစ်ထွန်းလာအောင် လုပ်ပေးခြင်းကလည်း စိတ်ပြုစုပျိုးထောင်ခြင်းနည်းတစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် ကလေးများ၏ ပန်းချီအနုပညာကို ချစ်မြတ်နိုးတတ်သော စိတ်များ ထွန်းကားလာစေရန် မိဘအုပ်ထိန်းသူများက ထိန်းကျောင်းဦးဆောင်လမ်းညွှန်ပေးနိုင်စေရန်အတွက် ကိုးကားနိုင်သော စာအုပ်တစ်အုပ် ဖြစ်သောကြောင့် “ကလေးနှင့် ပန်းချီ”ဟု အမည်ပေးထားသော စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ရေးသားပြုစုသူက ကိုမင်းမင်း ဖြစ်ပြီး သူဟာ ၁၉၇၇ ခုနှစ်ဖွား ဖြစ်ပါတယ်။ ၁၉၉၆ တွင် ယဉ်ကျေးမှုတက္ကသိုလ် (အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်)မှ ဝိဇ္ဇာဘွဲ့ ပန်းချီရရှိခဲ့သူ ဖြစ်ပါတယ်။ စာနယ်ဇင်းများတွင် ပန်းချီဒီဇိုင်းရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ယခုတွင် ကွန်ပျူတာသင်တန်းနှင့်ကလေး ပန်းချီသင်တန်း ပြသလျက်ရှိသူ ဖြစ်ပါတယ်။

စာအုပ်အမှာစာတွင် ကလေးတွေဟာ မသင်ဘဲနဲ့ ပန်းချီဆွဲ တတ်ကြကြောင်း၊ ၎င်းမှာ လူသားတိုင်း၏ မွေးရာပါ ဗီဇတစ်ခုဖြစ် ကြောင်း၊ ပန်းချီကို ကျောက်ခေတ်ကတည်းက လူသားတွေ ရေးဆွဲခဲ့ကြတာဖြစ်ကြောင်း၊ ကလေးများ လှုပ်ရှားပြုမူတတ်သည့်အရွယ်မှာကတည်းက နံရံ၏ ရေးခြစ်လို့ရ သောနေရာများတွင် မျဉ်းကြောင်းများ ရေးခြစ်တတ်ကြကြောင်း၊ တဖြည်းဖြည်းနှင့် ပုံသဏ္ဌာန်ပေါ်လာသည်အထိ အဆင့်ဆင့်တိုးတက်လာကြောင်း ကလေးကို လူကြီးများအား သင်ကြားပေးရသည့် ပန်းချီသီအိုရီများနှင့် သင်မိလျှင် ကလေးအတွေးကို ဘောင်ခတ်မိလျက်သားဖြစ်စေနိုင်ကြောင်း၊ ငယ်ရွယ်သည့်အချိန်တွင် ကလေးများ၏ အသိဉာဏ်နှင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် ပန်းချီတွေ၊ ဂီတတွေနှင့် ပုံဖော်ပေးကြတာ ဖွံ့ဖြိုးရေးနိုင်ငံများတွင် စတင်ခဲ့ သည်မှာ ကြာပြီဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက ပျော်ရွှင်ဖို့၊ အလှ အပကို တန်ဖိုးထားတတ်ဖို့၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့၊ စိတ်ကူးဉာဏ် ပိုကောင်းလာစေဖို့ ဦးတည်ပြီး ကလေးများအား ပန်းချီသင်ရတာဖြစ်ကြောင်း၊ ကလေးတွေကို လမ်းညွှန်သင်ကြားသည့်အခါ ကလေးဆွဲတဲ့ ကလေးပန်းချီကို နားလည်သဘောပေါက်စေဖို့ စာတွေ့၊ လက်တွေ့ လေ့လာထားသမျှထဲက ကလေးပန်းချီ အကြောင်းစုစည်းပြီး စာအုပ်တစ်အုပ် ရေးသားလိုက်ခြင်းဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

စာအုပ်တွင် (၁) ကလေးတွေကို သင်ပေးလို့ရနိုင်တဲ့ ပန်းချီအမျိုးအစားများ- သဲပန်းချီ၊ သစ်ရွက်ပန်းချီ၊ အရောင်လေးတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ၊ လေမှုတ် ပန်းချီ၊ ဒလိမ့်တုံးပန်းချီ၊ (၂)ကလေးပန်းချီ သင်ကြားနည်းပုံစံများ- ရေသူမနှင့် ပျောက်ကွယ်သွားတဲ့ ငါး၊ ကလေးပန်းချီ ပင်ကိုသဘာဝနှင့် ချိန်ညှိရမယ့် နည်းစနစ်တွေ မသုသု (မူကြို)၊ (၃) ကလေးပန်းချီ သူ့အတွေး သူ့လက်များ-မောင်နေလင်းအောင် (KG)၊ မောင်ကောင်းခန့်ဖြိုး (ပထမတန်း)၊ မနော်ကြယ်စင်လှထူး (ဒုတိယတန်း)၊ ကလေးတိုင်းက ထူးချွန်သူတွေပါ မယွန်းမြတ်အိမ် (ပထမတန်း)၊ သမီးရဲ့ မိသားစု (ဘာသာ ပြန်)၊ (၄) ကလေးပန်းချီ ဆောင်းပါးများ- ကလေးပန်းချီ၊ ဘီးနှစ်ဘီး သီအိုရီနှင့် ကြေကွဲနေတဲ့ည၊ ပျောက်ဆုံးသွားတဲ့လ၊ အလယ်တန်းအဆင့် ပန်းချီ ကျိုးကြောင်း တွေးခေါ်မှု အနုပညာနှင့် အာဒံ ဧဝ ကိုက်ခဲ့တဲ့ ပန်းသီး (အလယ် တန်းအဆင့်)၊ ကလေးတွေရဲ့ စိတ်ကူးကို ဘာတွေက ထိန်းချုပ် ထားတာလဲ၊ စနစ်သစ်ပညာရေး၊ ကလေးပန်းချီနှင့် အမှန်ခြစ်သင်္ကေတ၊ ပျောက်ဆုံးနေသော လက်တစ်ဖက်နှင့် မိသားစုကို ဘယ်နေရာမှာ ထားမလဲ ဟူ၍ ခေါင်းစဉ်များ ပါရှိ ပါတယ်။

ကလေးအတွက် ပန်းချီအနုပညာချစ်မြတ်နိုးတတ်စေရန် ပြုစုပျိုးထောင်ပေးလိုသော မိဘ အုပ်ထိန်းသူတိုင်း ဝယ်ယူဖတ်ရှုသင့်သော စာအုပ်တစ်အုပ် ဖြစ်ပါ တယ်။

စာအုပ်ကို ထုတ်ဝေသူ ဒေါ်မြင့်ကေခိုင် (ဧပြီဦးစာပေတိုက်) ဝ၂၂၆၂ မှ ထုတ်ဝေပြီး သားနုယဉ် ရောင်စုံပုံနှိပ်တိုက် (ဝဝ၆၆၇) မှ ၂၀၁၈ ခုနှစ်၊ မေလ တွင် ပထမအကြိမ် ရိုက်နှိပ်ထားပါသည်။ စာအုပ်တန်ဖိုး – ၂ဝဝဝ ကျပ်။

10387 COMMENTS

  1. High-priced Mr. Henry and ivermectinhum.com. This is to instal a pardon you understand that I’m in actuality impressed by the effectiveness of your products. My horses are in preparation in spite of the opening race to conclude and I develop every signal you said more the products is correct and the horses are enjoying fair well-being and detailed of liveliness so far. Will place the more recent ready in a woman month time. Beneficial data. Thanks a lot.