ယခင်တစ်ပါတ်မှ အဆက်
၅။ အာဖရိကဆင်
အကြီးဆုံးကုန်းနေသတ္တဝါဖြစ်တဲ့ အာဖရိကဆင်ဟာ ပျမ်းမျှသက်တမ်း အနှစ် ၇၀ ရှိပြီး လက်ရှိ ဇင်ဘာဘွေမှာ ပြုလုပ်တဲ့ လေ့လာမှုအရ အာဖရိက ဆင်မတွေဟာ သက်တမ်းကုန်လို့သေဆုံးတဲ့အရွယ် အထိ သန္ဓေဆောင်နိုင်တယ်လို့ ဆိုပါတယ်။

၆။ Galapagos ကမ္ဘာ့လိပ်ကြီး
Galapagos လိပ်ဟာ လိပ်ထဲမှာ ခန္ဓာကိုယ်အရွယ်အစားအကြီးဆုံး လိပ်မျိုးဖြစ်ပြီး သက်တမ်းအနှစ် ၁၀ဝ ခန့်ထိနေနိုင်ပါတယ်။
မှတ်တမ်းတင်ထားတဲ့ အသက်အကြီးဆုံး Galapagos လိပ်ဟာ အသက် ၁၅၂ နှစ် ရှည်ခဲ့ပါတယ်။ နာမည်အကြီးဆုံး Galapagos လိပ်ကတော့ Lonesome George လို့ အမည်ရပြီး အသက် ၁၀ဝ ရှိပါပြီ။ ၎င်းအား အီကွေဒေါ ကမ်းခြေရှိကျွန်းများ၏ ambassador အဖြစ် ဂုဏ်ပြုခန့် အပ်ထားပါတယ်။

 


၇။ Long Finned Eel ငါး
နယူးဇီလန်နဲ့ ဩစတြေးလျ ဒေသမျိုးရင်းဖြစ်တဲ့ Eel ငါးဟာ ပျမ်းမျှ အသက် ၆၀ နှစ်အထိရှည်ပြီး မှတ်တမ်းတင်ထားတဲ့ အသက်ရှင်နေဆဲ Eel ငါးတစ်ကောင်ဟာ အသက် ၁၀၆နှစ်ရှိပြီ ဖြစ်ပါတယ်။

၈။ Macaws ကြက်တူရွေး
Macaws ကြက်တူရွေးတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၀ မှ ၈၀ နှစ်အ တွင်းရှိပြီး အသက် ၃၀ မှ ၃၅ နှစ်အတွင်းမှာ သားပေါက်နိုင်ပါတယ်။ Macaws မျိုးစိတ်အများစုဟာ မျိုးသုဉ်းမဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရပြီး အချို့ကတော့ မျိုးသုဉ်းသွားပြီဖြစ်ပါတယ်။ မျိုးသုဉ်းရခြင်းအကြောင်းရင်း ကတော့ စားကျက်နေရာတွေ ပျက်သုဉ်းခြင်းနှင့် တရားမဝင်အိမ်မွေး တိရစ္ဆာန်မှောင်ခို ဈေးကွက်ကြောင့် ဖြစ်ပါတယ်။

၉။ Koi ငါး
Koi ငါးရဲ့ ပျမ်းမျှအသက် ဟာ၂၅-၃၀ နှစ် ဖြစ်ပါတယ်။ သက်တမ်း အများဆုံး Koi ငါးဟာ အသက် ၂၀ဝ အထိ ရှည်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ဂျပန်မှနာမည်ကျော် Koi ငါးကို Hanako လို့ အမည်ပေးထားပြီး သူမရဲ့ အကြေးခွံ အရစ် တွေအရ တွက်ချက် ကြည့်တဲ့အခါ အသက် ၂၂၆ နှစ် ရှိပြီ ဖြစ်ပါတယ်။

၁၀။ သံပခြုပ်အနီ Red Sea Urchin
Red Sea Urchin ကို မသေနိုင်တဲ့ သတ္တဝါ Immortal အဖြစ်
တင်စားကြပါတယ်။ ၎င်းကိုမြောက်အမေရိကတိုက်ရဲ့
အနောက်ဘက် ကမ်းခြေမှာတွေ့ရလေ့ရှိပြီးအသက် ၂၀ဝ
ကျော်အထိရှည်ကြောင်း တွေ့ရပါတယ်။

ခိုင်မွန်ကျော်