၁။ ရေခူ (Immortal Jellyfish)
ရေခူမျိုးစိတ်တွေထဲမှာ ဘယ်တော့မှ မသေနိုင်တဲ့ ထာဝရ အသက်ပိုင်ရှင် ရေခူလို့ တင်စားတဲ့ Immortal Jellyfish ဆိုတာ ရှိပါတယ်။ အဆိုပါ ရေခူအမျိုးအစားဟာ ဖိစီးမှု (ပြင်း ထန်တဲ့ အပူချိန်၊ လေဖိအား စသဖြင့်) ကြုံတွေ့ရတဲ့အခါ သူ့ရဲ့ မူလမျိုးစေ့အခြေအနေကို ပြောင်းလဲသွားပြီး အခြေ အနေပေးတာနဲ့ ရေခူတစ်ကောင်အဖြစ် ထပ်မံဖြစ်ပေါ်လာ တဲ့အတွက် မသေနိုင်ဘူးလို့ ဆိုလိုတာပါ။ ဇီဝဗေဒ သဘော အရ သူ့ကို အပူချိန်နဲ့ဖြစ်စေ၊ ဖိအားနဲ့ဖြစ်စေ၊ အခြောက်ခံ ၍ဖြစ်စေ သေအောင်လုပ်လို့ မရပါဘူး။ လူနဲ့အခြား သတ္တဝါ တွေရဲ့ ဖမ်းဆီးစားသောက်ခြင်းခံရတဲ့အခါမှသာ သေဆုံး သွားတာ ဖြစ်ပါတယ်။


၂။ ခရုကမာ (Ocean Quahog)
ခရုကမာ (Ocean Quahog) ဟာ သူ့ရဲ့သက်တမ်း ကို သိပ္ပံနည်းကျ စမ်းသပ်တွက်ချက်တဲ့အခါ အနှစ် ၄၀ဝ ကျော် သက်တမ်းရှိတဲ့၊ အသက်ရှင်နေဆဲ ခရုကမာကောင်များ (Ocean Quahog) ကို တွေ့ရှိ ရပါတယ်။
အသက်အကြီးဆုံး ခရုကမာ (Ocean Quahog) ကို အသက် ၅၀၇ နှစ်
ရှိပြီဖြစ်ကြောင်းတွေ့ရှိရပါတယ်။

၃။ ငါးမန်း (Greenland Shark)
Greenland Shark အမျိုးအစား ငါးမန်းဟာ အသက် ၂၀ဝ အထိ ရှည် နိုင်ပြီး၊ အသက်အရှည်ဆုံးငါးမန်း (Greenland Shark) တစ်ကောင်ကိုတော့ အသက် ၄၀ဝ နှစ်အထိ ရှည်တာ တွေ့ခဲ့ရပါတယ်။ ၎င်းဟာ ကမ္ဘာ ပေါ်မှာ အသက်အရှည်ဆုံး ကျောရိုးရှိသတ္တဝါအဖြစ် စာရင်းဝင်ပါတယ်။

၄။ ဝေလငါး (Bowhead Whale)
Bowhead Whale ဝေလငါးအမျိုးအစားဟာ အသက် ၂၀ဝ လောက်ရှည်ပြီး ခန္ဓာကိုယ်အရွယ်အစားအားဖြင့် Blue Whale ဝေလငါးပြီးလျှင် ဒုတိယအကြီးဆုံး နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။
ဆက်ရန်

ခိုင်မွန်ကျော်