Pulau Ketam က ကျွန်း တစ်ကျွန်းဖြစ်ပြီး မလေးရှား နိုင်ငံ Selangor က Port Klang ရဲ့ ပင်လယ်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ဒီကျွန်းလေးကို ဒီရေတောတွေ ဝန်းရံနေတာကြောင့် ဒီသစ်ပင် တွေက လေထဲကနေ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ ကာဗွန်မိုနောက် ဆိုဒ်ဓာတ်ငွေ့တွေကို စုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန် ထုတ်ပေးပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားတွေ၊ မော်တော်ဆိုင် ကယ်တွေ လုံးဝမရှိတဲ့အတွက် သွားလိုရာကို လမ်းလျှောက်၍ ဖြစ်စေ၊ စက်ဘီးစီး၍ဖြစ်စေ e bike တွေကိုသာ အသုံးပြုသွားလာရတာကြောင့် အဲဒီကျွန်းလေးကို လေထုညစ်ညမ်းမှု ကင်းမဲ့ဇုန်လို့ ပြောလို့ရပါတယ်။

၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံက ပန်းချီဆရာ ၁၁ ဦးနဲ့ အခြား နိုင်ငံပေါင်း ၁၄ နိုင်ငံက အနုပညာရှင် ၁၀ဝ ခန့်ကို ဖိတ်ကြားပြီး Pulau Ketam International Art Festival 2016 ကို တက်ရောက်စေ ခဲ့ပါတယ်။ အဲဒီခရီးစဉ်ကို အမှတ်တရအနေနဲ့ ၁၃-၆-၂၀၁၉ ရက်နေ့ မှ ၁၆-၆-၂၀၁၉ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အချိန်အတွင်း အမှတ် ၁၀ဝ၊ ဘိုကလေးဈေးလမ်း၊ ရန်ကုန်မြို့ရှိ ပန်သူရိယပန်းချီပြခန်းမှာ ပန်းချီ ပြပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ပါဝင်ပြသတဲ့ အနုပညာရှင်တွေက မျိုးမြင့် (ခ) လွန်းဖေ၊ မောင်သီဟ၊ တင်မောင်ဦး၊ ကျော်စိုး၊ သန်းထိုက် (မြန်မာစာ)၊ မြင့်အောင်၊ မျိုးကျော်၊ မင်းယဉ်သန့်၊ ရွှေသိမ်း၊ အေးမင်းနဲ့ ခင်သန်းဖြူတို့ဖြစ်ကြပါတယ်။အဲဒီ ကျွန်းကလေးရဲ့ ရှုခင်းရှုကွက်တွေ ကို ရေဆေး၊ ဆီဆေး၊ အခရီလစ် ဆေးတွေနဲ့ရေးဖွဲ့တဲ့ ပန်းချီကား ၆၃ ကားကို ပြသထားပါတယ်။

TWA