နှစ်စဉ် ဇွန်လ ၅ ရက်နေ့ ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ Beat Air Pollution “သန့် စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်ရှိ လူတိုင်းကို လေထုညစ်ညမ်းမှုလျှော့ချဖို့ အသိပညာပေးအားပေးဖို့ ဖြစ်ပါတယ်။

လူတိုင်းဟာ လေထုညစ်ညမ်းမှုက မကောင်းဘူးဆိုတာ သိကြပေမဲ့ လေထုညစ်ညမ်းမှုကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖြစ်စေခြင်းတို့ကို မသိရှိကြပါဘူး။
UN ရဲ့ စာရင်းဇယားတွေအရ လူ ၁၀ ဦးလျှင် ၉ ဦးဟာ WHO က ထုတ်ပြန်ထားတဲ့ လေထုညစ်ညမ်းမှုအဆင့်ထက် ကျော်လွန်တဲ့ ညစ်ညမ်းလေထုနဲ့ ထိတွေ့နေရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၇ သန်းဟာ အချိန်မတိုင်ဘဲ သေဆုံးရပါတယ်။
လေထုအရည်အသွေး ညံ့ ဖျင်းမှုကြောင့် ဉာဏ်ရည်နိမ့်ပါးခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပွား ခံစားရနိုင်ပါ တယ်။

လေထုညစ်ညမ်းမှုဟာ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေထဲက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သမုဒ္ဒရာများအပေါ်မှာ ထိခိုက်စေတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ လှုပ်ရှားမှုတွေဟာ ကျွနု်ပ်တို့ဟာ ကျွနု်ပ်တို့ရဲ့ နေ့စဉ်ဘဝမှာ မိမိကြောင့် လေထုညစ် ညမ်းမှုလျော့ကျအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို ပြောပြပြီး လူတွေရဲ့ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ ရရှိစေကြောင်း ပြောပြနေခြင်း ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု လျော့ကျစေရန် နေထိုင်နည်းများ
၁။ အိမ်တွင်း လေထုညစ်ညမ်းမှုဟာ ဇီဝရုပ်ြွကင်းလောင်စာတွေ သုံးစွဲခြင်းနှင့် ထင်းမီးသုံးစွဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပိုမိုခေတ်မီတဲ့ မီးဖိုသုံးစွဲပါ။
၂။ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းက သယ်ယူပို့ဆောင်ရေး ဖြစ်ပါတယ်။ အဓိက ကမြို့ပြဧရိယာမှ ကားနဲ့ လေ ယာဉ်ပျံတို့ ဖြစ်ပါတယ်။ စုပေါင်း ကားစီးခြင်း၊ အများသုံးသယ်ယူပို့ ဆောင်မှုအသုံးပြုခြင်း၊ လေထုညစ်ညမ်းမှုလျော့နည်းအောင် တီထွင် ထားသော ကားကို ရွေးချယ်ဝယ်ယူခြင်းတို့ ပြုလုပ်သင့်ပါတယ်။
၃။ လုပ်ငန်းအနေနဲ့ လေထုညစ်ညမ်းမှုအများဆုံးလုပ်ငန်းကတော့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်တဲ့ မွေးမြူရေးတိရစ္ဆာန်အညစ်အကြေးတွေ ဖြစ်ပါတယ်။ အပင်အခြေခံတဲ့ အစားအစာတွေ ပိုမိုရွေးချယ်စားသုံးပါ။
၄။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်) တွေကို အသုံးပြုခြင်းဟာ ကျောက်မီးသွေးနဲ့ ရိုးရိုး မီးသွေးတွေ သုံးတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းအား အစားထိုး သုံးစွဲ နိုင်ပါတယ်။ အိမ်တွေမှာလည်း ဆိုလာစွမ်းအင် ပိုမိုအသုံးပြုပါ။

ခိုင်မွန်ကျော်