ကမ္ဘာတစ်ဝန်းတွင် ကင်ဆာ ရောဂါဖြစ်ပွားပြီး အသက်ရှင်ကျန် ရစ်သူ ၃၂ သန်းရှိကြောင်း ရန် ကုန်ပြည်သူ့ဆေးရုံကြီး (ကုသရေး) ဒေါက်တာဒေါ်ရီရီမြင့်က ၆-၆-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သူနာပြုဆောင်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သော Cancer Survivor Day (2019) “ကင်ဆာကုသအောင် မြင်သူများနေ့” အခမ်းအနား၌ ပြောကြားသွားမှုမှ သိရှိရပါတယ်။
ပါမောက္ခ ဒေါက်တာ ဒေါ်ရီရီ မြင့်က “ဒီနေ့ခေတ်မှာ ကင်ဆာ ရောဂါကုတဲ့ ဆေးကောင်းဝါး ကောင်းတွေ၊ ဓာတ်ကင်တဲ့ စက် ပစ္စည်းကိရိယာတွေ အများကြီး ပေါ်ထွန်းလာပါပြီ။ ဒါ့ကြောင့် ကင် ဆာရောဂါဖြစ်လာရင် ဘေးပတ်ဝန်းကျင်က အမျိုးမျိုးအကြံပေး တာတွေ၊ တတ်ယောင်ကားပြောဆိုတာတွေကို နားမထောင်ဘဲ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးများနဲ့သာ တိုင်ပင်ပြီး ကုသမှုခံယူမယ်ဆိုလို့ရှိရင် ရောဂါ နုစဉ်မှာ ကုသမှုပေးနိုင်ရင် လုံးဝ ပျောက်ကင်းသွားပါတယ်” ဟုလည်း ပြောကြားသွားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင်ရန် ကုန်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ် ကြီး ဒေါက်တာဒေါ်မြင့်မြင့်အေးကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ကင်ဆာရောဂါဆေးပညာအဖွဲ့ဥက္ကဋ္ဌ ကင်ဆာရောဂါဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်ကလည်း အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် ကင်ဆာရောဂါဖြစ်ပွားပြီး ကုသအောင်မြင်ထားသူများက ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခဲ့ပါတယ်။ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆေးပညာဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာမျိုးမြင့်မော်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။
ကင်ဆာရောဂါကို ကြံ့ကြံ့ခံ ရင်ဆိုင်အံတုပြီး အသက်ရှင်နေ ထိုင်ကြသူများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဇွန်လ ပထမ တနင်္ဂနွေနေ့ကို ကင်ဆာရောဂါ ကုသအောင်မြင်သူများနေ့ဟု သတ်မှတ်၍ ကမ္ဘာတစ်ဝန်းလုံးတွင် အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ကင်ဆာကုသ အောင်မြင်သူများနေ့ကို ၁၉၈၇ ခုနှစ်မှ စတင်ကြေညာခဲ့ပြီး ၁၉၈၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။

 

အိ